fbpx

သီးနှံအာဟာရ ဖြေရှင်းနည်းများ

စတော်ဘယ်ရီ

စတော်ဘယ်ရီကြီးထွားသည့်အဆင့်အလိုက် အာဟာရများ၏ အခန်းကဏ္ဍ

စတော်ဘယ်ရီသီး အကောင်းဆုံးရလဒ်များရရှိရန် မှန်ကန်သောအာဟာရဓာတ်များ လိုအပ်ပါသည်။ ဤနေရာတွင် စတော်ဘယ်ရီကြီးထွားမှုအဆင့်အားဖြင့် အာဟာရများ၏အခန်းကဏ္ဍကို ဖော်ပြပေးလိုက်ပါသည်။

ရိတ်သိမ်းပြီးနောက်ပိုင်း အပင်ကြီးထွားမှု

  • နိုက်ထရိုဂျင်- ပြန်လည်အသုံးပြုရန် မြစ်ဇုံတွင် သိုလှောင်နိုင်ရန် နှင့် အရွက်သစ်ကြီးထွားမှု ဆက်လျက်ဖြစ်ပေါ်စေရန်။
  • ဖောစဖောရပ်၊ ကယ်လ်စီယမ်၊ ဘိုရွန်နှင့် ဇင့်- သန်မာသော အမြစ်ကြီးထွားမှု နှင့် အသစ်ကြီးထွားမှုကို အမြင့်မားဆုံးဖြစ်စေရန်။
  • ပိုတက်စီယမ်- အပင်ကြီးထွားမှု ကောင်းမွန်စေရန် 
 
establishment 

ပင်ပိုင်းကြီးထွားမှု

  • နိုက်ထရိုဂျင်- အရွက်နှင့် အပင်ကြီးထွားသည့်အဆင့် တွင် အဓိကလိုအပ်ပါသည်။
  • ဖော့စဖေရပ်- ပန်းပွင့်ရန်အတွက် အဓိကစုပ်ယူပါသည်။
  • ပိုတက်စီယမ်- သန်စွမ်းသောကြီးထွားမှုကို အားပေးပြီး အပင်ကြီးထွားဖွံ့ဖြိုးမှုကို သန်မာအောင် တည်ဆောက်ပေးနိုင်ခြင်း
  • ကယ်လ်စီယမ်- တစ်သျှူးများကြီးထွားစေရန် ဖြည်းဖြည်းခြင်း ပုံမှန်ထောက်ပံ့နိုင်ခြင်း နှင့် အပင်ကြီးထွားသည့်အဆင့် တည်ဆောက်နိုင်ရန်။
  • ဆာလ်ဖာ နှင့် မဂ္ဂနီစီယမ်- သန်မာထွားကြိုင်းသော ကြီးထွားမှုကို ထိန်းထားနိုင်ခြင်း၊ ကျန်းမားသည့်အရွက်ကြီးထွားမှု နှင့် အပင်ထောက်ပံ့နိုင်မှု ကောင်းမွန်ခြင်း။
  • အနည်းလို အာဟာရများ- အစာချက်လုပ်သည့်ဖြစ်စဉ်ကို ကန့်သတ်ချက်မရှိ သေချာစေပါတယ်

 

 

 vegetative growth
ပန်းပွင့်ချိန်မှ အသီးတင်ချိန်
  • ပိုတက်စီယမ်- အသီးကြီးထွားချိန်နှင့် အသီးအရည်သွေးတည်စောက်ချိန်တွင် အများဆုံး စုပ်ယူပါသည်။
  • နိုက်ထရိုဂျင်- အသီးရည်ရှည်တည်တံ့စေရန် ပမာဏအနည်းငယ် လိုအပ်ပါသည်။
  • ဖော့စဖောရပ်- ပန်းဖူး ဖြစ်ပေါ်ခြင်းကို သန်မာစေခြင်း
  • ကယ်လ်စီယမ် နှင့် မဂ္ဂနီစီယမ်- တစ်သျှူးအသစ်များ ဖြစ်ပေါ်မှုကို ထောက်ပံ့နိုင်ခြင်း၊ အသီးပါဝင်မှုများကို အားကောင်းစေခြင်း၊ ရောဂါဒဏ်နှင့် ကြာရှည်အထားခံမှုကို တိုးစေခြင်း။
 flowering
အသီးသီးခြင်း မှ ရင့်မှည့်ချိန်ထိ ပိုတက်စီယမ်- အသီးအရည်သွေးကို အမြင့်ဆုံးဖြစ်စေခြင်း၊ အထူးသဖြင့် အချိုဓာတ်၊ အချဉ်ဓာတ်နှင့် အရသာ
  • ဖော့စဖောရပ်- အသီးစီသို့ အမြင့်ဆုံးဖြစ်အောင် ပြန်လည်ဖျန့်ပေးခြင်း
  • နိုက်ထရိုဂျင်- အခြားအာဟာရများနှင့် မျှခြေဖြစ်စေရန် ပမာဏကို ကန့်သတ်ထားခြင်း (နိုက်ထရိုဂျင်ပမာဏများလျှင့် အသီးပျက်စီးနိုင်သလို နည်းသွားလျှင် အသီးအရွယ်စား သေးငယ်သွားပါသည်။
  • ဘိုရွန် နှင့် ကယ်လ်စီယမ်- အသီးသန်မာစေရန်
 fruiting

သင့်ရဲ့ စတော်ဘယ်ရီသီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား

သင့်ရဲ့ သီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား။ အောက်ပါ ဇယားတွင် သီးနှံအဟာရချို့တဲ့ခြင်းများကို အလွယ်တကူ ရှာဖွေပါ။

N နိုက်ထရိုဂျင်
B ဘိုရွန်
Cu ကော့ပါး
Mn မဂ္ဂနီး
Zn ဇင့်
P ဖော့စဖောရပ်
Mg မဂ္ဂနီစီယမ်
Ca ကယ်လစီယမ်
K ပိုတက်ဆီယမ်
S ဆာလဖာ
Fe အိုင်းရွန်း (သံဓာတ်)

အားလုံးကို ကြည့်ရန်

မှန်ကန်သောအာဟာရစီမံခန့်ခွဲမှုက သင့် စတော်ဘယ်ရီသီးနှံများကို မည်သို့ အကျိုးသက်ရောက်နိုင်သလဲ

စတော်ဘယ်ရီ သီးနှံအာဟာရဆောင်းပါး အားလုံးကို ကြည့်ရန်


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅