fbpx

သီးနှံအာဟာရ ဖြေရှင်းနည်းများ

စတော်ဘယ်ရီ

ကယ်လ်စီယမ်၊ ရွန်နှင့်အတူ စတော်ဘယ်ရီသီးနှံတွင် ဆားငန်မှုလျှော့ချခြင်း

စတော်ဘယ်ရီသီးနှံသည် ဆားငန်ဒဏ်ကို အလွန်ခံနိုင်ရည်မရှိပါ။ သွင်းရေအားလုံးတွင် ပျော်ဝင်နိုင်သောဆားများ ပါဝင်ပါသည်။ ကယ်လ်စီယမ်သည် ဆားငန်အကျိုးသက်ရောက်မှုကို လျှေ့ာနည်းအောင် ကူညီပေးနိုင်ပါသည်။

ဘိုရွန်သည် တစ်သျှူးအသစ်များတွင်း ကယ်လ်စီယမ်ရွှေ့လျားမှုကို ကောင်းမွန်စေပါသည်။

ကယ်လ်စီယမ်နှင့် ဆားငန်ခြင်း

ဆားငန်သည့် ပြဿနာဖြစ်ပေါ်သည့်နေရာတွင် ကယ်လ်စီယ်အသုံးပြုခြင်းသည် ထိုအကျိုးသက်ရောက်မှုကို လျှော့နည်းအောင် ကူညီပေးနိုင်ပါသည်။ စမ်းသပ်ချက်များတွင် ဆားငန်သည့်အခြေနေတွင် ကယ်လ်စီယမ်ပို၍ ထည့်ပေးခြင်းသည် ဆဲလ်နံရံများ ပျက်စီးပြီး အသီးမှအရည်များ စိမ့်ထွက်မှုကို လျှော့နည်းအောင် ကူညီပေးနိုင်ပြီး ကြီးထွားမှုနှင့် အထွက်နှုန်းကို တိုးတက်စေပါသည်။ ကယ်လ်စီယမ် နိုက်ထရိတ်နှင့် ကယ်လ်စီယမ် ဆာလ်ဖိတ်ပုံစံသည် အကျိုးရှိပါသည်။ စမ်းသပ်ချက်များအရ မြေသြဇာကိုရေနှင့်အတူရော၍အသုံးပြုသည့်စနစ် (ဖာတီဂေးရှင်း) သို့မဟုတ် ရွက်ဖျန်းအနေဖြင့် အသုံးပြုခြင်းသည် ဆားငန်သည့်ဒဏ်ကို လျှော့နည်းအောင် ကူညီပေးနိုင်ပါသည်။

ဘိုရွန်

ကယ်လ်စီယမ်နှင့်အတူ ဘိုရွန်အသုံးပြုခြင်းသည် အထွက်နှုန်းနှင့် အရည်သွေးကို တိုးတက်စေပါသည်။ တခြားသီးနှံများ ဥပမာ ခရမ်းချဉ်တွင် ကယ်လ်စီယမ်ကျွေးသည့်အချိန် ဘိုရွန်ထည့်ပေးခြင်းသည် အပင်တွင်း တစ်သျှူးအသစ်များအတွင်း ကယ်လ်စီယမ် ပျံ့နှံ့မှုကို တိုးတက်စေပါသည်။

 

သင့်ရဲ့ စတော်ဘယ်ရီသီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား

သင့်ရဲ့ သီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား။ အောက်ပါ ဇယားတွင် သီးနှံအဟာရချို့တဲ့ခြင်းများကို အလွယ်တကူ ရှာဖွေပါ။

N နိုက်ထရိုဂျင်
B ဘိုရွန်
Cu ကော့ပါး
Mn မဂ္ဂနီး
Zn ဇင့်
P ဖော့စဖောရပ်
Mg မဂ္ဂနီစီယမ်
Ca ကယ်လစီယမ်
K ပိုတက်ဆီယမ်
S ဆာလဖာ
Fe အိုင်းရွန်း (သံဓာတ်)

အားလုံးကို ကြည့်ရန်

မှန်ကန်သောအာဟာရစီမံခန့်ခွဲမှုက သင့် စတော်ဘယ်ရီသီးနှံများကို မည်သို့ အကျိုးသက်ရောက်နိုင်သလဲ

စတော်ဘယ်ရီ သီးနှံအာဟာရဆောင်းပါး အားလုံးကို ကြည့်ရန်


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅