fbpx

သီးနှံအာဟာရ ဖြေရှင်းနည်းများ

စတော်ဘယ်ရီ

စတော်ဘယ်ရီတွင် အပူချိန် မြင့်မားမှုကို စီမံခန့်ခွဲခြင်း

စတော်ဘယ်ရီစိုက်ပျိုးတောင်သူများအတွက် အပူချိန်မြင့်မားခြင်းသည် ကောင်းသတင်း နှင့် ဆိုးသတင်းနှစ်ခုလုံးကို သယ်ဆောင်ပေးနိုင်ပါသည်။ ကောင်းသည့်အချက်မှာ စတော်ဘယ်ရီသီး အထွက်နှုန်းနှင့် အသုံးချမှုကို တိုးစေပါသည်။

သို့သော် တဖက်တွင် အပူချိန်မြင့်မားသည့်ဒဏ်နှင့် တခြားစိန်ခေါ်မှုများ ထိန်းချုပ်ရန် လိုအပ်ပါသည်။ ထိုခက်ခဲသည့်အချိန်ကို ထိန်းချုပ်နိုင်ရန် ရွက်ဖျန်းမြေသြဇာကိုအသုံးပြုခြင်းအားဖြင့် ပို၍လွယ်ကူစွာ ပြုလုပ်နိုင်ပါသည်။

စတော်ဘယ်ရီသည် အအေးပိုင်းဒေသတွင် စိုက်ပျိုးသော သီးနှံဖြစ်ပြီး အပူချိန် ၂၈̊C ထက်ကျော်လွန်၍စိုက်ပျိုးမည်ဆိုလျှင် အပူကြောင့် ငုတ်လျှိုးခြင်းကို ဖြစ်စေပါသည်။ အပူကြောင့်ငုတ်လျှိုးသည့် စတော်ဘယ်ရီသီးနှံသည် ပင်ပိုင်းကြီးထွားခြင်းကို ဆက်လက်ဖြစ်ပေါ်နေပြီး ပင်စည်တွင် ပန်းဖူးများဖြစ်ပေါ်လာသော်လည်း ပန်းပွင့်နိုင်သည့်စွမ်းရည် ဆုံးရှုံးသွားပါသည်။

စိုက်ပျိုးသူများသည် စတော်ဘယ်ရီပင်ကို တစ်နေ့တာအမြင့်ဆုံးအပူချိန်တွင် ၂၈̊C အောက် ရောက်ရှိစေရန် အမိုးကာဖြင့်စိုက်သည့် ပေါင်းမိုးစနစ်တွင် အပေါက်များကို သေချာကြည့်သင့်ပါသည်။ ရေပေးခြင်းသည် အမြစ်အေးအောင် ထိန်းထားနိုင်သောကြောင့် မြေသြဇာအတူပေးသည့်စနစ်ကို မကြာမကြာ ပေးရန် လိုအပ်ပါသည်။ ထိုသို့ပြုလုပ်ခြင်းကို ၁၂-၂၂ ရာခိုင်နှုန်းထိ တိုး၍ ပြုလုပ်ပေးခြင်းအားဖြင့် ပတ်ဝန်းကျင်အပူကို လျှော့နည်းပေးနိုင်သော်လည်း ရေအလွန်ကျွံပေးခြင်းကို သတိထားသင့်ပါသည်။ ရေဆုံးရှုံးမှုကိုပုံမှန် မှတ်သားခြင်း၊ အီးစီ (EC) တိုင်းတာခြင်း၊ ပါဝင်မှုကို နမူနာယူ၍ စမ်းသပ်ခြင်းဖြင့် ထိုနည်းလမ်းသည် အကျိုးသက်ရောက်မှု အကောင်းဆုံးနည်းလမ်းဖြစ်ပါသည်။

သီးနှံတွင် ထိုခက်ခဲသည့်အချိန်များကို ထိန်းချုပ်နိုင်ရန် ရွက်ဖျန်းမြေသြဇာကိုအသုံးပြုခြင်းအားဖြင့် ပို၍လွယ်ကူစွာ ပြုလုပ်နိုင်ပါသည်။

သီးနှံတွင် ထိုခက်ခဲသည့်အချိန်များကို ထိန်းချုပ်နိုင်ရန် ရွက်ဖျန်းမြေသြဇာကိုအသုံးပြုခြင်းအားဖြင့် ပို၍လွယ်ကူစွာ ပြုလုပ်နိုင်ပါသည်။ မျိုးကွဲများ ဥပမာ ဆိုနာတာသည် ပူပြင်းသည့်နွေရာသီ နေ့ရက်များအောက် ကြီးထွားလျှင် အသီးများ ပျော့သွားပါသည်။ ကယ်စီယမ်ရွက်ဖြန်းကိုအသုံးပြုခြင်းဖြင့် ထိုအသီးပျော့ခြင်းကို လျှော့ချနိုင်ပါသည်။ ထိုထုတ်ကုန်သည် အသီးဆဲလ်နံရံတည်ဆောက်မှု မာကြောလာစေရန်ကူညီပေးနိုင်ပြီး ဆီလီကွန်ပါရွက်ဖြန်း နှင့်တွဲ၍ အသုံးပြုလျှင် အသီးဆဲလ်နံရံ တောင့်တင်းခိုင်မာမှုကိုပါ တိုးစေပါသည်။ နှစ်ကြိမ်အသုံးပြုလျှင် အလည်လတ် ဘယ်ရီတောင့်တင်းခိုင်မာမှုရှိသည့်မျိုးများကို ပိုမိုကောင်းမွန်သော သိုလှောင်မှုနှင့် ကြာရှည်အထားခံနိုင်အောင် ကူညီပေးနိုင်ပါသည်။

နေ့တွင် အပူချိန်မြင့်ရာမှ ညအချိန် အပူချိန်ကျသွားခြင်း (အေးသွားခြင်း) စသည့် အပူချိန်ရုတ်တရက်ပြောင်းလည်းခြင်းသည် တချို့သိသာသောပြောင်းလည်းမှု ရှိနိုင်ပါသည်။ အသီးသီးချိန်တွင် စတော်ဘယ်ရီသည် ထိုအပူချိန်ပြောင်းလည်းခြင်းကို သိသိသာသာခံနိုင်ရည်မရှိပါ။ ဘိုရွန် ကို ဆဲလ်ကွဲပွားမှုကို ထောက်ပံ့ပေးနိုင်ရန် နှင့် ဘယ်ရီသီး အစိမ်းရောင်အဆင့်တွင် အသုံးပြုရန် ထုတ်လုပ်ထားပါသည်။ ဘိုရွန် သည် အပူနှင့်အအေးပြောင်းလည်းသည့်ဒဏ်ကို လျှော့ချနိုင်သော စွမ်းရည်ရှိပြီး  Ascophyllum nodosum မှ အရေကြီးအမ်ဆိုင်း နှစ်မျိုးကို ပိုင်ဆိုင်ပါသည်။ ဘိုရွန်သည် ပူခြင်းအေးခြင်းကြောင့် အသီးနုမှုကို ညွှန်ပြနေသည့်အချိန်တွင် အသုံးပြုဖို့အကောင်းဆုံး ရွက်ဖျန်းမြေသြဇာဖြစ်ပါတယ်။ ၎င်းသည် အပူချိန်အတက်ကျဖြစ်ခြင်းကို ထိန်းညှိပေးနိုင်သည်။

မေလကဲ့သို့ စိုစွတ်သည့်အချိန်ပြီးနောက် စိုထိုင်းစနှင့် အပူချိန်မြင့်သည့်အချိန်တွင် ဖားဥမှို နှင့် ဘိုထရိုက်တစ်ရောဂါ ကျရောက်မှုကို ဆိုးရွားစေပါသည်။ YaraVita SENIPHOS  သည် အရွက်ဧရိယာအတွင်း သေးငယ်သောရာသီဥတုကို မှိုရောဂါကြိုက်နှစ်သက်မှု နည်းသော အခြေနေအဖြစ် ပြောင်းလည်းရန် အရင်က ကြိုက်နှစ်သက် ပစ္စည်းတစ်မျိုးဖြစ်ပါသည်။ YaraVita SENIPHOS နှင့် YaraVita ACTISIL အတူတူဖျန်းပေးခြင်းသည် ဇူးစပိုး ထွက်ရှိမှုကို ဖိနှိထားနိုင်ပါသည်။ ထို ထုတ်ကုန်များကို လက်ရှိအသုံးပြုနေသော မှိုသတ်ဆေးအသုံးပြုသည့် အစီစဉ်၏ အစိတ်ပိုင်းတစ်ခုဖြစ်ပြီး သီးခြားခွဲ၍အသုံးမပြုသင့်ပါ။

 

သင့်ရဲ့ စတော်ဘယ်ရီသီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား

သင့်ရဲ့ သီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား။ အောက်ပါ ဇယားတွင် သီးနှံအဟာရချို့တဲ့ခြင်းများကို အလွယ်တကူ ရှာဖွေပါ။

N နိုက်ထရိုဂျင်
B ဘိုရွန်
Cu ကော့ပါး
Mn မဂ္ဂနီး
Zn ဇင့်
P ဖော့စဖောရပ်
Mg မဂ္ဂနီစီယမ်
Ca ကယ်လစီယမ်
K ပိုတက်ဆီယမ်
S ဆာလဖာ
Fe အိုင်းရွန်း (သံဓာတ်)

အားလုံးကို ကြည့်ရန်

မှန်ကန်သောအာဟာရစီမံခန့်ခွဲမှုက သင့် စတော်ဘယ်ရီသီးနှံများကို မည်သို့ အကျိုးသက်ရောက်နိုင်သလဲ

စတော်ဘယ်ရီ သီးနှံအာဟာရဆောင်းပါး အားလုံးကို ကြည့်ရန်


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅