fbpx

သီးနှံအာဟာရ ဖြေရှင်းနည်းများ

စတော်ဘယ်ရီ

စတော်ဘယ်ရီ အထွက်နှုန်း တိုးမြှင့်နိုင်မည့်နည်းလမ်းများ

အထွက်နှုန်း နှင့်အရည်အသွေးကောင်းသော သီးနှံစိုက်ပျိုးခြင်းသည် အမြတ်အများဆုံးရရှိရန် အရေးကြီးပါသည်။ သီးနှံစိုက်ပျိုးသူတစ်ဦးသည် သီးနှံအထွက်အများဆုံးနှင့် သင့်တင့်မျှတသော သီးနှံအာဟာရဖြစ်စေရန် ပြုလုပ်နိုင်သည့် အကြောင်းအရာများစွာရှိပါသည်။

သီးနှံအထွက်တိုးစေရန်အတွက် သင့်‌‌လျှော်မျှတသော အာဟာရဓာတ် လိုအပ်သည်။ နိုက်ထရိုဂျင်သည် အရေးကြီးသော အာဟာရဖြစ်သော်လည်း ပိုတက်ဆီယမ်၊ ကယ်လ်စီယမ်၊ ဘိုရွန်နှင့် ဇင့်တို့သည်လည်း မြင့်မားသောအထွက်နှုန်းရရှိရေးတွင် အရေးပါသောအခန်းကဏ္ဍများ ရှိကြသည်။

စတော်ဘယ်ရီထွက်တိုရန်အတွက် နိုက်ထရိုဂျင်မရှိမဖြစ်လိုအပ်

နိုက်ထရိုဂျင်သည် ပရိုတင်းများတည်ဆောက်မှုတွင် အဓိကပါဝင်သည့် အာဟာရတစ်မျိုးဖြစ်သလို အပင်ကြီးထွားမှုအတွက်လည်း မရှိမဖြစ်လိုအပ်ပါသည်။ နိုက်ထရိုဂျင်သည် စတော်ဘယ်ရီအထွက်တိုးရန်နှင့် အပင်ကြီးထွားမှုအတွက် အရေးကြီးသလို သစ်သီးထုတ်လုပ်မှုနှင့် အစာချက်လုပ်မှု ဖြစ်စဥ်များအတွက်လည်း အရေးကြီးပါတယ်။

Effect of nitrogen rate on strawberry fruit yield

အပင်ကြီးထွားမှု မြန်သည့်ချိန်အတွင်းတွင် နိုက်ထရိုဂျင်နည်းသော အရွက်များသည် သေးငယ်ပြီး အစိမ်းဖျော့ရောင် သို့မဟုတ် အဝါရောင်ဖြစ်နေပါသည်။ သို့သော် နိုက်ထရိုဂျင်များလွန်းခြင်းသည်လည်း အရွက်အလွန်ကြီးပြီး အပင်၏ကျန်အပိုင်းများ နှင့်ဟန်ချက်ညီမှုမရှိသည့်အပြင် မြေလျှောက်ပင်စည်အများအပြားထွက်ခြင်းနှင့် ပန်းပွင့်များလုံလုံလောက်လောက် ရရှိနိုင်မည်မဟုတ်ပါ။ စတော်ဘယ်ရီပင်များသည် နိုက်ထရိုဂျင်အလွန်အကျွံကျွေးသည့်အခါ ထိခိုက်လွယ်သောကြောင့် နိုက်ထရိုဂျင်ထောက်ပံ့သည့်အခါ အခြားအာဟာရဓာတ်များနှင့် မျှတစွာကျွေးရန်လိုအပ်ပါတသည်။ လိုအပ်သောနိုက်ထရိုဂျင်စုစုပေါင်း နှုန်းထားသည် မျိုး နှင့် စိုက်စနစ် တို့အပေါ်တွင်မူတည်ပါသည်။

လုံလောက်သည့်အရွက်ကြီးထွားမှု၊အသီးကြီးထွားမှုတို့အတွက်နိုက်ထရိုဂျင်ထောက်ပံ့သည့်အချိန်နှင့် ပမာဏသည်လည်းအရေးကြီးသည်။ ကွင်းပြင်တွင်စတော်ဘယ်ရီစိုက်ပျိုးရာ၌ အပင်ကြံ့ခိုင်စေရန် နှင့် သစ်သီးအထွက်တိုးစေရန် ဆောင်းဦးရာသီ နှင့် နွေဦး အစောပိုင်း တွင်လည်း နိုက်ထရိုဂျင်ထောက်ပံ့မှုများကို အာရုံစိုက်သင့်ပါသည်။

စတော်ဘယ်ရီစိုက်ခင်းတွင် နိုက်ထရိုဂျင်ထည့်သွင်းရာ၌ မြေဆီလွှာသို့ ထည့်သွင်းထားသော အော်ဂဲနစ်ပစ္စည်းများ၏ နိုက်ထရိုဂျင်ထုတ်လွှတ်မှုပမာဏ နှင့် ချိန်ညှိပြီးထည့်သွင်းသင့်သည် ။

စတော်ဘယ်ရီသီးတစ်တန်လျှင် နိုက်ထရိုဂျင် ၃-၃.၅ ကီလိုဂရမ်ခန့် လိုအပ်ပါသည်။

Macronutrient uptake by strawberries

 

ပင်ပိုင်းကြီးထွားချိန်အတွင်းတွင် နိုက်ထရိုဂျင်စုပ်ယူမှုတိုးများလာပြီး အသီးမရင့်မီအချိန်လေးတွင်စုပ်ယူမှု အမြင့်ဆုံးသို့ ရောက်ရှိလာပါသည်။

Macronutrient uptake by strawberries

၂-၃ နှစ်အသီးထုတ်သည့် နှစ်ရှည်စိုက်ပျိုးသည့်စနစ်တွင် နွေဦးရာသီ၌ အမြစ်များနှင့်အမြစ်ဆုံတို့တွင် သိမ်းထားသောနိုက်ထရိုဂျင်ကိုပြန်လည်အသုံးပြုသောကြောင့် နိုက်ထရိုဂျင်လိုအပ်သည့်ပမာဏသည် နှစ်စဥ်စိုက်ပျိုးသည့်စနစ်တွင်နှစ်ရှည်စိုက်ပျိုးသည့်စနစ်ထက်ပိုလိုအပ်ပါသည်။

Effect of autumn vs spring nitrogen on strawberry yield

ဆောင်းဦးရာသီ၌နိုက်ထရိုဂျင်ထည့်သွင်းခြင်းသည် နွေဦးရာသီတွင်အသီးထုတ်လုပ်မှုကို မြင့်မားစေမည်မဟုတ်ပါ။ နွေဦးရာသီ၌နိုက်ထရိုဂျင်ထည့်သွင်းခြင်းသည် အထွက်နှုန်းတိုးမြှင့်ရန် မရှိမဖြစ်လိုအပ်သော်လည်း ဆောင်းဦးတွင် နိုက်ထရိုဂျင်ထည့်သွင်းမှု အလွန်နည်းပါးခဲ့ပါက အထွက်တိုးရန်အတွက် ပြန်လည်အစားထိုးထည့်သွင်း၍မရပေ။

Effect of nitrogen on strawberry yield

စတော်ဘယ်ရီကို မြေဆီလွှာစိုက်ပျိုးရေးစနစ်များတွင်စိုက်ပျိုးသည့်အခါ နိုက်ထရိုဂျင်ကို အကြိမ်ကြိမ်ခွဲ၍ အထည့်သွင်းသင့်သည်။ နိုက်ထရိုဂျင်ကိုသွင်းရေနှင့်အတူထည့်သည့်စနစ်သည် ကြဲပက်သည့်စနစ်နှင့် နှိုင်းယှဉ်လိုက်လျှင် နိုက်ထရိုဂျင်ကို ပိုမိုကောင်းမွန်စွာအသုံးပြုနိုင်သည်။   

Effect of nitrogen application on yield and quality

နိုက်ထရိုဂျင်ကိုသွင်းရေနှင့်အတူ ပုံသေနည်းနည်းခြင်းထည့်သည့်စနစ်သည် တစ်ကြိမ်ထဲ ပမာဏများများထည့်သွင်းခြင်းထက် ပိုမိုထိ‌ရောက်ပါသည်။

ဖော့စဖိတ်ချို့တဲ့မှုကြောင့် စတော်ဘယ်ရီအထွက်ကို ကန့်သတ်ထားမှု

ဖော့စ‌‌ဖောရပ်စ်သည် အတော်အသင့်အနည်းငယ်သော ပမာဏသာလိုအပ်သော်လည်း ပန်းအဖူးထွက်ချိန်တွင် ချို့တဲ့မှုဖြစ်ပါက အသီးအထွက်လျော့နည်းစေသည်။

Effect of phosphate on strawberry yield

ကွင်းပြင်တွင်စိုက်ပျိုးသည့်စနစ်များတွင် ဖော့စဖိတ်ကို မစိုက်ပျိုးခင် အမြစ်ဇုန်တွင် ထည့်ပေးသင့်သည်။ သို့သော် အပင်စိုက်ပြီးမှဘေးကထည့်သွင်းပါက အစောပိုင်းဖွံ့ဖြိုးချိန် နှင့် အသီးစတင်ချိန်တွင် အဓိကထားထည့်သွင်းသင့်သည် ။

ပိုတက်ဆီယမ်နှင့် မဂ္ဂနီဆီယမ် အရေးပါမှု

ပိုတက်ဆီယမ်နှင့် မဂ္ဂနီဆီယမ်နှစ်မျိုးစလုံးသည် အပင်ဖြစ်စဉ်များစွာအတွက်လိုအပ်သောကြောင့် နှစ်မျိုးစလုံး ထည့်သွင်းမှုလိုအပ်ပါက အထွက်နှုန်းထိခိုက်မည်ဖြစ်ပါသည်။

 

Effect of potassium and magnesium on yield

ဆီလီကွန်သည် စတော်ဘယ်ရီ အထွက်နှုန်းတိုးစေခြင်း

ဆီလီကွန်ထည့်ပေးခြင်းသည် အထွက်နှုန်းကို တိုးစေပါသည်။ မြေလျှောက်ကိုင်းဖြစ်ပေါ်သည့်အချိန်မှ စ၍ ရိတ်သိမ်းချိန်တွင်း ထည့်ပေးခြင်းသည် ပန်းပွင့်ချိန်မှာ ထည့်ပေးခြင်းထက်ပို၍ တွက်ခြေကိုက်ပါသည်။

Effect of silicon on strawberry yield

 

သင့်ရဲ့ စတော်ဘယ်ရီသီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား

သင့်ရဲ့ သီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား။ အောက်ပါ ဇယားတွင် သီးနှံအဟာရချို့တဲ့ခြင်းများကို အလွယ်တကူ ရှာဖွေပါ။

N နိုက်ထရိုဂျင်
B ဘိုရွန်
Cu ကော့ပါး
Mn မဂ္ဂနီး
Zn ဇင့်
P ဖော့စဖောရပ်
Mg မဂ္ဂနီစီယမ်
Ca ကယ်လစီယမ်
K ပိုတက်ဆီယမ်
S ဆာလဖာ
Fe အိုင်းရွန်း (သံဓာတ်)

အားလုံးကို ကြည့်ရန်

မှန်ကန်သောအာဟာရစီမံခန့်ခွဲမှုက သင့် စတော်ဘယ်ရီသီးနှံများကို မည်သို့ အကျိုးသက်ရောက်နိုင်သလဲ

စတော်ဘယ်ရီ သီးနှံအာဟာရဆောင်းပါး အားလုံးကို ကြည့်ရန်


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅