fbpx

သီးနှံအာဟာရ ဖြေရှင်းနည်းများ

ဖရဲ ၊ သခွား

ဖရဲ၊ သခွှားမွှေးစိုက်ပျိုးထုတ်လုပ်ရာတွင် ဇင့်၏အခန်းကဏ္ဍ

ဇင့်သည် စွမ်းအင်ထုတ်လုပ်မှုအတွက် ဓာတ်ပြုမှုအမျိုးမျိုးတွင် ပါဝင်ပတ်သက်နေပါတယ်။

၎င်းသည် ပင်စည်ရှည်ထွက်ခြင်းနှင့် အရွက်ပြန့်ကားခြင်းတို့ကိုလွှမ်းမိုးသောကြီးထွားမှုအဖွဲ့အစည်းများ(ဥပမာ-အပင်ဟော်မုန်း-အောက်ဇင်) ၏ ဖွံ့ဖြိုးကြီးထွားမှုနှင့် လုပ်ငန်းတာဝန်တို့အတွက် အရေးပါသည်။

 

ကြီးထွားမှုအဆင့်များတွင် ဇင့်၏အကျိုးသက်ရောက်မှု

 

အဆင့် -ဇင့်၏အကျိုးသက်ရောက်မှု
အပင်မစိုက်ပျိုးမီ  အညွန့်ကောင်းကောင်းကြီးထွားရန်သေချာစေခြင်း 
 အပင်ပိုင်းကြီးထွားမှု  အရွက်အရည်အသွေးကောင်းစေခြင်းနှင့် ကြီးထွားမှုကိုကန့်သတ်မထားခြင်း
ပန်းပွင့်ခြင်း   ပန်းပွင့်ဖြစ်ပေါ်ခြင်း၊ ဖွံ့ဖြိုးကြီးထွားခြင်းနှင့် အသီးသီးခြင်းတို့ကိုအများဆုံးဖြစ်စေခြင်း 
 အသီးကြီးထွားခြင်း  ကျန်းမာသန်စွမ်းသော အသီးကြီးထွားမှုကိုအားပေးခြင်း

 

သခွားမွှေးကြီးထွားသည့်အဆင့်များကိုပိုမိုရှာဖွေပါ။

 

သခွားမွှေးမြေသြဇာအစီအစဉ်

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များကြိုးစားအားထုတ်မှုကြောင့် သခွားမွှေးများအတွက် ယာရာ၏ အာဟာရအစီအစဉ်သည် အကောင်းဆုံးသီးနှံဖြစ်ထွန်းမှုကိုရရှိစေရန် ကူညီပေးနိုင်ပါတယ်။

 

သခွားမွှေးတွင် ဇင့်ချို့တဲ့ခြင်းများ

အသစ်ကြီးထွားမှုကိုဆစ်ကြားတိုခြင်းနှင့် အရွက်အရွယ်အစားသေးသွားခြင်းတို့အားဖြင့် ဆိုးရွားစွာထိခိုက်နိုင်သည်။ အရွက်သစ်များသည် လုံးဝန်းသော (rosette)ပုံသဏ္ဍာန်အဖြစ်သို့ ကျုံ့ဝင်သွားသည်။ အရွက်ဟောင်းများသည် ကနဦးအနေဖြင့် စိမ်းဝါရောင်ဖြစ်ပြီးရွက်ကြောကြားနေရာများတွင် အားနည်းသွားကာနောက်ပိုင်းတွင် အဝါရောင် သို့မဟုတ် အဝါရောင် သန်းသောအဖြူရောင်အဖြစ်သို့ပြောင်းလဲသွားသည်။ ရွက်ကြောများသည် ကနဦးအားဖြင့် ၎င်းတို့၏အစိမ်းရောင်နယ်နိမိတ်ကိုဆက်လက်ထိန်းသိမ်းထားသည်။ အားနည်းခြင်းသည် မဂ္ဂနီးစ်ချို့တဲ့မှု ကဲ့သို့တသမတ်တည် မဟုတ်ပေ။ ပန်းပွင့်အနည်းငယ်သာလျင်ဖြစ်ပေါ်ပြီး ၎င်းတို့သည်မကြာခဏမြုံနေကြသည်။ သီးနှံရင့်မှည့်မှုနောက်ကျသွားပါတယ်။

သင့်ရဲ့ ဖရဲ၊သခွားသီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား

သင့်ရဲ့ သီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား။ အောက်ပါ ဇယားတွင် သီးနှံအဟာရချို့တဲ့ခြင်းများကို အလွယ်တကူ ရှာဖွေပါ။

N နိုက်ထရိုဂျင်
B ဘိုရွန်
Mn မဂ္ဂနီး
Mo မော်လီဒီနမ်
P ဖော့စဖောရပ်
Mg မဂ္ဂနီစီယမ်
Ca ကယ်လစီယမ်
K ပိုတက်ဆီယမ်
S ဆာလဖာ

အားလုံးကို ကြည့်ရန်

မှန်ကန်သောအာဟာရစီမံခန့်ခွဲမှုက သင့် ဖရဲ၊သခွား သီးနှံများကို မည်သို့ အကျိုးသက်ရောက်နိုင်သလဲ

ဖရဲ ၊ သခွား သီးနှံအာဟာရဆောင်းပါး အားလုံးကို ကြည့်ရန်


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅