fbpx

ဖရဲ ၊ သခွား

ဖရဲ၊ သခွားမွှေသီးနှံ တွေ အတွက် အာဟာရာချို့တဲ့ တဲ့ လက္ခဏာတွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေရှာဖွေနေပါသလား (သို့မဟုတ်) သင့်ရဲ့ ဖရဲ၊ သခွားမွှေးစိုက်ခင်းတွေအတွက် အရည်အသွေးပြည့်မီတဲ့ ဖရဲသီးတွေ၊ သခွားမွှေးသီးတွေ အထွက်တိုးဖို့အတွက် မြေသြဇာကျွေးအစီအစဉ်တွေ ရှာဖွေနေပါသလား။ အဲဒီအတွက် အဖြေတွေနဲ့အတူ ဖရဲ၊ သခွာမွှေးအတွက် သီးနှံအာဟာရအကြံပြုချက်များကို ရှာဖွေလိုက်ပါ။

သခွားမွှေးအသီး ညှာပုပ်ရောဂါကိုလျှော့ချခြင်း

ရေရလွယ်ပြီး ရေသွင်းရေထုတ်ကောင်းသောမြေများတွင် စိုက်ပျိုးခြင်းသည် အထွက်နှုန်းကောင်းကောင်းရရှိသည်။

အပင်များမှ နေရောင်ခြည်၊မြေသြဇာ၊လေဝင်လေထွက် ပတ်ဝန်းကျင်ဆိုင်ရာ အခြေအနေများကို အကောင်းဆုံးအသုံးပြုစေခြင်းဖြင့်  အထွက်နှုန်း ကောင်းစေရေးအတွက် အပင် သိပ်သည်းမှုနှင့် ပင်ကြားတန်ကြားအကွာအဝေးတို့မှာ သေချာချိန်ညှိရန် လိုအပ်ပါတယ်။

သခွားမွှေးအသီးကောင်းမွန်စေခြင်း

ပုံမှန် ‌မြေချဥ်ငံညွန်းကိန်း (pH) ကို ထိန်းသိမ်းခြင်းသည် အာဟာရများကို အပင်မှာ အလွယ်တကူရယူစားသုံးနိုင်ရန် သေချာစေသည်။ ပေါင်းသတ်ဆေးများ အသုံးပြုခြင်း (သို့မဟုတ်) ပေါင်းလိုက်ခြင်းသည် ပေါင်းပင်များမှ အဟာရယှဥ် ပြိုင် ရရယူမှုကို ဖယ်ရှားပေးလိမ့်မည်။

အညွန့်အတက်များကို ဖြတ်တောက်ပေးခြင်းဖြင့် အပင်ပိုင်းကြီးထွားသန်မာမှုကို လျှော့ချပေးနိုင်သည်။သို့သော်အရိပ်မရှိသော သီးလုံးများသည် နေရောင်ခြည်လောင်ကျွမ်းမှုကိုခံရနိုင်သဖြင့် အညွန့်အတက်များအလွန်အကျွံဖြတ်တောက်ခြင်းကို ရှောင်ရှားသင့်ပါတယ်။

အမြစ်ပတ်ပတ်လည်တွင် မြေငံခြင်းကိုထိန်းချုပ်ခြင်းနှင့် ရေပေးသွင်းမှုကို စီမံခန့်ခွဲခြင်းတို့အားဖြင့် အပင်ကြီးထွားမှုကို မြန်ဆန်စေပြီး အာဟာရကောင်းကောင်းရရှိစေပါတယ်။

မှိုသတ်ဆေးနှင့် ပိုးသတ်ဆေးတို့ကိုအသုံးပြုခြင်းသည် ရောဂါများနှင့်ပိုးမွှားများကျရောက်ခြင်းကိုကာကွယ်နိုင်သောကြောင့် သီးနှံအထွက်နှုန်းနှင့်အရည်အသွေးများကျဆင်းခြင်းကို လျှော့ချပေးလိမ့်မည်။

 

သခွားမွှေးအတွက်အဟာရတို၏လုပ်ဆောင်ချက်

နိုက်ထရိုဂျင်နှင့်ပိုတက်စီယမ်တို့သည် အရွက်ကြီးထွားခြင်းနှင့် အထွက်နှုန်းနှင့်အရည်အသွေးတို့ကို မြှင့်တင်ရာတွင်အဓိကအာဟာရဓါတ်များဖြစ်ကြသည်။ သို့စေကာမူ ပန်းပွင့်ချိန်တွင် နိုက်ထရိုဂျင်အလွန် အကျွံကျွေးပါက ပန်းပွင့်ခြင်းကို ကန့်သတ်ပေးနိုင်သည်။ ထို့ကြောင့် အသီးတည်ခြင်းနှင့်အထွက်နှုန်းတို့ကိုလည်း ကန့်သတ်ပေးလိမ့်မည်။ နိုက်ထရိုဂျင်ပုံစံမှန်ကန်ခြင်းသည်အရေးကြီးသည်။ အမိုးနီးယန်း-နိုက်ထရိုဂျင်ပမာဏပိုမိုသုံးစွဲခြင်းသည် ကြီးထွားမှုကိုဟန့်တားပေးပြီး အရည်အသွေးကိုလည်းဆိုးရွားစွာထိခိုက်နိုင်သည်။

ဖော့စဖရပ်စ်သည် ကြီးထွားမှုအစောပိုင်းနှင့်အမြစ်ထွက်ချိန်တွင် အရေးပါသည်။ ထို့နောက် အသီးကြီးထွားပြီး အထွက်နှုန်းကောင်းကောင်း ရရှိရန်အတွက် ကြီးထွားမှုကာလတလျှောက်လုံးတွင်လည်း အရေးကြီး သည်။

ကယ်လစီယမ်သည် အပင်ကြီးထွားမှုအစောပိုင်းကာလအတွက် လိုအပ် ပြီး သန်မာထွားကျိုင်းသော အရွက်ကြီးထွားမှုနှင့် အရွက်မျက်နှာပြင်ကျယ် ပြန့်မှုတို့ကို ဖြစ်ပေါ်စေခြင်းဖြင့် အထွက်နှုန်းကောင်းစေသည်။

မဂ္ဂနီဆီယမ်သည်လည်း အရွက်ကြီးထွားမှုကို ဖြစ်ပေါ်စေသည်။ မည်သည့်အနည်းလိုအာဟာရ ချို့တဲ့မှုမဆို အထွက်နှုန်းကို ကန့်သတ်ပေးလိမ့်မည်။ ဘိုရွန်သည် အသီးတည်ခြင်းကို အမြင့်ဆုံးဖြစ်စေရန်အတွက် ပန်းပွင့်ချိန်တွင် လိုအပ်ပါတယ်။

သခွားမွှေးအာဟာရဆိုင်ရာ ကိစ္စရပ်တိုင်းအတွက် ယာရာအကြံပြုချက်များကိုရှာဖွေရန်။

 

သခွားမွှေးသီးနှံအာဟာရ

ယာရာသည် ကမ္ဘာတဝန်းလုံးရှိစိုက်ပျိုးသူများအားအဓိကမြေသြဇာကိုထောက်ပံ့ပေးရုံမကသီးနှံအာဟာရနှင့်စပ်လျဉ်း၍ နှစ်ပေါင်းများစွာအတွေ့ အကြုံနှင့်ဗဟုသုတရှိပြီးဖြစ်သည်။

သခွားမွှေး သီးနှံအာဟာရ အစီအစဉ်များကို ကြည့်ပါ

သင့်ရဲ့ ဖရဲ၊သခွားသီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား

သင့်ရဲ့ သီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား။ အောက်ပါ ဇယားတွင် သီးနှံအဟာရချို့တဲ့ခြင်းများကို အလွယ်တကူ ရှာဖွေပါ။

N နိုက်ထရိုဂျင်
B ဘိုရွန်
Mn မဂ္ဂနီး
Mo မော်လီဒီနမ်
P ဖော့စဖောရပ်
Mg မဂ္ဂနီစီယမ်
Ca ကယ်လစီယမ်
K ပိုတက်ဆီယမ်
S ဆာလဖာ

အားလုံးကို ကြည့်ရန်

မှန်ကန်သောအာဟာရစီမံခန့်ခွဲမှုက သင့် ဖရဲ၊သခွား သီးနှံများကို မည်သို့ အကျိုးသက်ရောက်နိုင်သလဲ

ဖရဲ ၊ သခွား သီးနှံအာဟာရဆောင်းပါး အားလုံးကို ကြည့်ရန်


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅