fbpx

သီးနှံအာဟာရ ဖြေရှင်းနည်းများ

ဖရဲ ၊ သခွား

ဖရဲ၊ သခွားမွှေးစိုက်ပျိုးထုတ်လုပ်ရာတွင် ပိုတက်စီယမ်၏ အခန်းကဏ္ဍ

ပိုတက်စီယမ်သည် အပင်ဆဲများအတွင်း(ionic) မျှခြေနှင့် အပင်ထဲရှိရေအခြေအနေတို့ကိုထိန်းသိမ်းပေးပါတယ်။

၎င်းသည် အပင်အတွင်းရှိသကြားများထုတ်လုပ်ခြင်းနှင့် သယ်ယူပို့ဆောင်ခြင်းတို့တွင် ပါဝင်ပြီးဓာတ်ကူပစ္စည်းကိုလှုံ့ဆော်ပေးခြင်းနှင့် အသားဓာတ်များဖွဲ့စည်းခြင်းတို့တွင်လည်းပါဝင်ပါတယ်။

 

ပိုတက်စီယမ်နှင့် အက်ကွဲခြင်း

 

ဖရဲ၊ သခွားမွှေးများတွင် ပိုတက်စီယမ်နှင့် အက်ကွဲခြင်း

ပိုတက်စီယမ်သည်ဖရဲ၊ သခွားမွှေးအသီးခွံကိုလည်းတောင့်တင်းသန်မာစေသောကြောင့် အက်ကွဲမှုဘေးအန္တရာယ်နှင့် သယ်ယူပို့ဆောင်စဉ်အတွင်းထိခိုက်
ပျက်စီးမှုတို့ကိုအနည်းဆုံးဖြစ်စေပါတယ်။(cv. Calhoun Gray-Watermelon, USA)

 

ပိုတက်စီယမ်နှင့်အထွက်နှုန်း


ပိုတက်စီယမ်နှင့်သခွားမွှေးအထွက်နှုန်း

သခွားမွှေးများတွင် ပိုတက်စီယမ်လိုအပ်မှုသည် နိုက်ထရိုဂျင်နှင့်နှိုင်းယှဉ်ပါက အနည်းငယ်ပိုမြင့်မားပြီး ပုံမှန်အားဖြင့် အထွက်တိုးသီးနှံများတွင် တဧကလျင်သီးနှံအထွက်နှုန်း ၂၂ တန်အတွက် ပိုတက်စီယမ်ပမာဏ ၆၈.၅ ကီလိုဂရမ် အထက်ကျွေးပေးရပါတယ်။ (cv. Calhoun Gray-Watermelon, USA)

 

ပိုတက်စီယမ်၊ သကြားနှင့် စုစုပေါင်းပျော်ဝင်အစိုင်အခဲများ(အချိုဓာတ်)

 

သခွားမွှေးများတွင် ပိုတက်စီယမ်၊ သကြားနှင့် စုစုပေါင်းပျော်ဝင်အစိုင်အခဲများ

ပိုတက်စီယမ်သည် အသီးခူးချိန်တွင် သကြားပါဝင်မှုကို အဆုံးအဖြတ်ပေးခြင်းဖြင့် ထိပ်တန်းအသီးအရည်အသွေး ရရှိရေးအတွက် အဓိကအရေးကြီးသောအခန်းကဏ္ဍတခုအနေဖြင့် ပါဝင်သည်။ ၎င်းသည် အသီးဆီသို့သကြားပို့ဆောင်ပေးရာတွင် အဓိကနေရာမှပါဝင်ပါတယ်။ (cv. Makdimon-Cantaloupe, USA)

 

ပိုတက်စီယမ်နှင့်သခွားမွှေးအထွက်နှုန်း

သခွားမွှေးများတွင် ပိုတက်စီယမ်၊ သကြားနှင့်စုစုပေါင်းပျော်ဝင်အစိုင်အခဲများ(အချိုဓာတ်)

သခွားမွှေးများတွင် ပိုတက်စီယမ်နှင့် အသီးအက်ကွဲခြင်း

 

 ကြီးထွားမှုအဆင့်များတွင် ပိုတက်စီယမ်၏အကျိုးသက်ရောက်မှု

 

အဆင့်-ပိုတက်စီယမ်၏အကျိုးသက်ရောက်မှု
အပင်မစိုက်ပျိုးမီ -

အစောပိုင်းကြီးထွားမှုသန်မာစေရန်အားပေးသည်။

အပင်ပိုင်းကြီးထွားခြင်း - ပန်းပွင့်ခြင်း အပင်ကြီးထွားမှုကိုထိန်းသိမ်းပေးပြီး ပန်းပွင့်များကိုအများဆုံးပွင့်စေသည်။
အသီးတည်ခြင်း - အသီးကမောက်ကမ ဖြစ်ခြင်းများကိုလျှော့ချပေးသည်။
အသီးကြီးထွားခြင်း  - အသီးတွင် ပိုတက်စီယမ်ပမာဏကို အမြင့်ဆုံးဖြစ်စေပြီး ကမောက်ကမဖြစ်ခြင်းကိုလျှော့ချပေးသည်။

 

သခွားမွှေးကြီးထွားမှုအဆင့်များကိုရှာဖွေပါ။

 

သခွားမွှေးမြေသြဇာအစီအစဉ်

ကျွနိုပ်တို့၏ ကျွမ်းကျင်ပညာရှင်များကြိုးစားအားထုတ်မှုကြောင့် သခွားမွှေးများအတွက် ယာရာ၏ သီးနှံအာဟာရအစီအစဉ်သည် အကောင်းဆုံးသီးနှံဖြစ်ထွန်းမှုကိုရရှိစေရန် ကူညီပေးနိုင်ပါတယ်။

 

ပိုတက်စီယမ်အသုံးပြုမှုအတွက် အထွေထွေလမ်းညွှန်ချက်များ

ပိုတက်စီယမ်ကိုသခွားမွှေးသီးနှံများမှ အများဆုံးစားသုံးသည်။ ပိုတက်စီယမ် လိုအပ်ချက်များသည် အသီးရင့်မှည့်မှုအစပိုင်းအထိ ဆက်လက်မြင့်မားနေသည်။ ပိုတက်စီယမ်ပမာဏများများကျွေးခြင်းသည် အသီးခွံထူထဲစေခြင်းဖြင့် အက်ကွဲခြင်းကိုလျှော့ချရန် ကူညီရာတွင် အဓိကအရေးကြီးပါတယ်။

၎င်းသည် အသီးထဲတွင် သကြားအများဆုံး ဖြစ်ပေါ်ရာတွင်လည်း အလွန်အရေးပါပါတယ်။

 

သခွားမွှေးတွင် ပိုတက်စီယမ်ချို့တဲ့မှုများ

အရွက်နုများသည် လှိုင်းတွန့်သဖွယ်ဖြစ်လာကြသည်။ အရွက်ရင့်များသည် ပုပ်သွားပြီးဝါညိုရောင်မှ အညိုရောင်သို့ပြောင်းလဲသွားပြီး သေသွားကြသည်။ အသီးများသည် ပိုမိုသေးငယ်လာကြပြီး သကြားပါဝင်မှုနည်းနည်းဖြင့် လျော့ရဲကာတာရှည်ခံမှုကိုလျော့ကျစေပါတယ်။

 

သင့်ရဲ့ ဖရဲ၊သခွားသီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား

သင့်ရဲ့ သီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား။ အောက်ပါ ဇယားတွင် သီးနှံအဟာရချို့တဲ့ခြင်းများကို အလွယ်တကူ ရှာဖွေပါ။

N နိုက်ထရိုဂျင်
B ဘိုရွန်
Mn မဂ္ဂနီး
Mo မော်လီဒီနမ်
P ဖော့စဖောရပ်
Mg မဂ္ဂနီစီယမ်
Ca ကယ်လစီယမ်
K ပိုတက်ဆီယမ်
S ဆာလဖာ

အားလုံးကို ကြည့်ရန်

မှန်ကန်သောအာဟာရစီမံခန့်ခွဲမှုက သင့် ဖရဲ၊သခွား သီးနှံများကို မည်သို့ အကျိုးသက်ရောက်နိုင်သလဲ

ဖရဲ ၊ သခွား သီးနှံအာဟာရဆောင်းပါး အားလုံးကို ကြည့်ရန်


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅