fbpx

သီးနှံအာဟာရ ဖြေရှင်းနည်းများ

ဖရဲ ၊ သခွား

ဖရဲ၊ သခွားမွှေးစိုက်ပျိုးထုတ်လုပ်ရာတွင် ဖော့စဖရပ်စ်၏ အခန်းကဏ္ဍ

ဖော့စဖရပ်စ်သည် မျိုးရိုးဗီဇများ(nucleic acid-DNA & RNA) ၏ အစိတ် အပိုင်းတစ်ခုဖြစ်ပြီးအပင်အတွင်းရှိ စွမ်းအင်ပြောင်းလဲပေးရန်အတွက် မရှိမဖြစ်လိုအပ်ပါတယ်။

သို့ဖြစ်၍ အထွက်နှုန်းနှင့် အရည်အသွေးတို့အပေါ်တိုက်ရိုက်အကျိုးသက်ရောက်မှုရှိပါတယ်။

 

ဖော့စဖရပ်စ်နှင့် အူတိုင်ခေါင်းပွဖြစ်ခြင်း


ဖော့စဖရပ်စ်နှင့် ဖရဲသီးများတွင် အူတိုင်ခေါင်းပွဖြစ်ခြင်း

အသီးခူးချိန်မတိုင်မီ ၁၅ ရက်အလိုတွင် ရွက်ဖြန်းဖော့စဖိတ် အသုံးပြုခြင်းသည် ဖရဲသီးတွင် အူတိုင်ခေါင်းပွခြင်းဖြစ်ပေါ်မှုကို လျှော့ချပေးကြောင်း ပြသခဲ့ပြီး ဖြစ်သည်။ (ဖရဲသီး၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ)

 

ဖော့စဖရပ်စ်နှင့်အထွက်နှုန်း


ဖော့စဖရပ်စ်နှင့်သခွားမွှေးအထွက်နှုန်း

ဖော့စဖရပ်စ်ကိုကြီးထွားသည့် ကာလတလျှောက်လုံးအသုံးပြုခြင်းသည် အထွက်တိုးသီးနှံ၏ စမှတ်ကောင်းတခုနှင့် ဆက်လက်ကြီးထွားမှုတို့ကိုသေချာစေသည်။(cv.Galia, Israel)

 

ဖော့စဖရပ်စ်နှင့် အသီးအလေးချိန်

 

သခွားမွှေးသီးနှံများတွင် ဖော့စဖရပ်စ်နှင့် အသီးအလေးချိန်

တရုတ်နိုင်ငံရှိ ဖရဲသီးစမ်းသပ်ကွက်များမှ ဖော့စဖရပ်စ်သည် အသီးအလေးချိန်ကိုလည်းတိုးမြင့်စေကြောင်းသက်သေပြခဲ့ပြီး ဖြစ်သည်။


ဖော့စဖရပ်စ်နှင့် အသီးတည်ခြင်း၊ အထွက်နှုန်းနှင့်အရည်အသွေး


ဖော့စဖရပ်စ်နှင့် သခွားမွှေးသီးနှံများတွင် အသီးတည်ခြင်း၊ အထွက်နှုန်းနှင့် အရည်အသွေး

 ဖော့စဖရပ်စ်သည် အသီးတည်ခြင်းကို တိုးမြင့်စေပြီးအထွက်နှုန်းကိုအားပေးကာ ပိုမိုထူထဲသောအသီးခွံများကိုထုတ်လုပ်ပေးသောကြောင့် ပန်းမပွင့်မီ ဖော့စဖရပ်စ်လုံလုံလောက်လောက်ရရှိရန် အထူးအရေးကြီးသည်။ ချို့တဲ့မှုများသည် ပန်းပွင့်များအချိန်မတန်မီပျက်စီးသွားခြင်းကို ဖြစ်ပေါ်စေနိုင်သည်။

 

ဖော့စဖရပ်စ်နှင့် ရင့်မှည့်မှု

 

ဖော့စဖရပ်စ်နှင့် သခွားမွှေးရင့်မှည့်မှု

အသီးကြီးထွားစဉ်ကာလအတွင်း စောစောရင့်မှည့်စေရန် ဖော့စဖရပ်စ် ပမာဏလုံလုံလောက်လောက်ကျွေးရန် လိုအပ်သည်။(cv Galia, Israel)

 

ဖော့စဖရပ်စ်နှင့် စုစုပေါင်းပျော်ဝင်အစိုင်အခဲများ(အချိုဓာတ်)

သခွားမွှေးများတွင် ဖော့စဖရပ်စ်နှင့် စုစုပေါင်းပျော်ဝင်အစိုင်အခဲများ
ဖော့စဖရပ်စ်နှင့် စုစုပေါင်းပျော်ဝင်အစိုင်အခဲများ
ရာသီတလျှောက်လုံးကျွေးခြင်းသည် သကြားများများပါဝင်မှုနှင့်အတူ အရည်အသွေးကောင်းမွန်သောအသီးထုတ်လုပ်မှုကို သေချာစေရန် ကူညီထောက်ပံ့ပေးသည်။(cv. Galia, Israel)

 

ဖော့စဖရပ်စ်နှင့်သခွားမွှေးအထွက်နှုန်း

 

သခွားမွှေးသီးနှံများတွင် ဖော့စဖရပ်စ်နှင့် အသီးအလေးချိန်


ဖော့စဖရပ်စ်နှင့်သခွားမွှေးသီးနှံများတွင်အသီးတည်ခြင်း၊ အထွက်နှုန်းနှင့်အရည်အသွေး

 

ဖော့စဖရပ်စ်နှင့် သခွားမွှေးရင့်မှည့်မှု


သခွားမွှေးများတွင် ဖော့စဖရပ်စ်နှင့် စုစုပေါင်းပျော်ဝင်အစိုင်အခဲများ

 

ဖရဲသီးနှံများတွင် ဖော့စဖရပ်စ်နှင့် အူတိုင်ခေါင်းပွဖြစ်ခြင်း

 

ကြီးထွားမှုအဆင့်များတွင် ဖော့စဖရပ်စ်၏ အကျိုးသက်ရောက်မှု

အဆင့် -ဖော့စဖရပ်စ်၏ အကျိုးသက်ရောက်မှု
အပင်မစိုက်ပျိုးမီ - အမြစ်ဖွံ့ဖြိုးကြီးထွားမှုကိုအများဆုံး ဖြစ်စေသည်။
အပင်ပိုင်းကြီးထွားမှု - ဆက်လက်ကြီးထွားရန်အားပေးသည်။
ပန်းပွင့်ခြင်း  - အသီးဖွံ့ဖြိုးမှုကိုဖြစ်စေသည်။

 

 သခွားမွှေးကြီးထွားမှုအဆင့်များကိုပိုမိုရှာဖွေပါ။

 

သခွားမွှေးမြေသြဇာအစီအစဉ်

ကျွနိုပ်တို့၏ အထူးကျွမ်းကျင်ပညာရှင်များ ကြိုးစားအားထုတ်မှုကြောင့် သခွားမွှေးများအတွက် ယာရာ၏ အာဟာရအစီအစဉ်သည် အကောင်းဆုံးသီးနှံဖြစ်ထွန်းမှုကိုရရှိစေရန် ကူညီပေးနိုင်သည်။

 

ဖော့စဖရပ်စ်အသုံးပြုမှုအတွက် အထွေထွေလမ်းညွှန်ချက်များ

ဖော့စဖရပ်စ်ကို ပမာဏများများစားစားမလိုအပ်ပေ။ ကွင်းထဲတွင် စိုက်ပျိုးသောသီးနှံများအတွက် စိုက်ပျိုးရာသီအတောအတွင်းအသီးတစ်တန် အထွက်လျင် ၀.၅၄ ကီလိုဂရမ်ခန့်သည် လိုအပ်ချက်ပမာဏအားလုံးဖြစ်သည်။ ဖော့စဖရပ်စ်ကိုကြီးထွားသည့်ကာလတလျှောက်လုံး အသုံးပြုသည်။ ၎င်းကိုအစောပိုင်းမှ အသီးတည်သည်အထိအများအားဖြင့် အသုံးပြုပြီးပေးသွင်းခြင်းများကို ကန့်သတ်ထားခြင်းမရှိစေရ။ ဖော့စဖရပ်စ်သည် အပင်တပင်လုံးကိုအလွယ်တကူ ပြန်လည်ဝေငှပေးနိုင်သည်။

 

သခွားမွှေးတွင် ဖော့စဖရပ်စ်ချို့တဲ့မှု

ဖော့စဖရပ်စ်ချို့တဲ့မှုသည် အရွက်ငယ်များတွင် အရောင်မှိုင်းပြီးအစိမ်းရင့် ရောင်ဖြစ်ပေါ်လာသည်။ အရွက်များနှင့် ရိုးတံများ၏ ခရမ်းရောင်ပြောင်းလဲမှုကို အရွက်အောက်ဖက်တွင် တွေ့မြင်နိုင်သည်။ ပင်စည်သည် တိုတောင်းပြီးသေးသွယ်ကာ အသီးမှာသေးငယ်ပြီးအစီမ်းရောင်မှိုင်းမှိုင်းမှ ကြေးနီဖျော့ရောင်ဖြစ်သည်။ ပန်းပွင့်ချိန်တွင် ချို့တဲ့မှုသည် အမပွင့်များကိုအချိန်မတန်မီပျက်စီးသွားစေပါတယ်။

 

သင့်ရဲ့ ဖရဲ၊သခွားသီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား

သင့်ရဲ့ သီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား။ အောက်ပါ ဇယားတွင် သီးနှံအဟာရချို့တဲ့ခြင်းများကို အလွယ်တကူ ရှာဖွေပါ။

N နိုက်ထရိုဂျင်
B ဘိုရွန်
Mn မဂ္ဂနီး
Mo မော်လီဒီနမ်
P ဖော့စဖောရပ်
Mg မဂ္ဂနီစီယမ်
Ca ကယ်လစီယမ်
K ပိုတက်ဆီယမ်
S ဆာလဖာ

အားလုံးကို ကြည့်ရန်

မှန်ကန်သောအာဟာရစီမံခန့်ခွဲမှုက သင့် ဖရဲ၊သခွား သီးနှံများကို မည်သို့ အကျိုးသက်ရောက်နိုင်သလဲ

ဖရဲ ၊ သခွား သီးနှံအာဟာရဆောင်းပါး အားလုံးကို ကြည့်ရန်


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅