fbpx

သီးနှံအာဟာရ ဖြေရှင်းနည်းများ

ဖရဲ ၊ သခွား

ဖရဲ၊ သခွားမွှေးစိုက်ပျိုးထုတ်လုပ်ရာတွင် နိုက်ထရိုဂျင်၏ အခန်းကဏ္ဍ

ဓာတ်ပြုပစ္စည်းများ၊ ဗီတာမင်များ၊ အစိမ်းရောင်ခြယ်ပစ္စည်းနှင့် အခြားကလာပ်စည်းပါဝင်မှုများ၏ အဓိကအစိတ်အပိုင်းတခုဖြစ်သည်။

အဆိုပါဓါတ် အားလုံးသည် ကြီးထွားမှုနှင့်ဖွံ့ဖြိုးတိုးတက်မှုအတွက် မရှိမဖြစ်လိုအပ်သည်။ သို့ဖြစ်၍ ၎င်းသည် အထွက်နှုန်းများတိုးတက်မြင့်မားရေးအတွက် အရေးကြီးဆုံးသောအာဟာရများထဲမှတစ်ခုဖြစ်သည်။

 

နိုက်ထရိုဂျင်ပုံစံ-ဆိုဒီယမ်နှင့် ပိုတက်စီယမ်စားသုံးမှု


နိုက်ထရိုဂျင်ပုံစံနှင့် သခွားမွှေးများတွင် ဆိုဒီယမ်နှင့် ပိုတက်စီယမ်စားသုံးမှု

မြေငံများတွင် နိုက်ထရိတ်-နိုက်ထရိုဂျင်သည် ဆိုဒီယမ်စားသုံးမှုကိုကန့်သတ်ပေးပြီးအမိုးနီးယန်း-နိုက်ထရိုဂျင်သည် ဆိုဒီယမ်ပမာဏများများစားသုံးခြင်းကိုဖြစ်စေသည်။ ပြောင်းပြန်အားဖြင့်ပိုတက်စီယမ်ကဲ့သို့သောဓါတ်များ(အိုင်းယွန်း-ion)စားသုံးမှုကိုလျှော့ချပေးသည်။(cv Summet-Muskmelon, USA)

 

နိုက်ထရိုဂျင်နှင့်အထွက်နှုန်း


နိုက်ထရိုဂျင်နှင့်သခွားမွှေးသီးနှံအထွက်နှုန်း

သီးနှံများသည် အသီးထုတ်လုပ်မှုအလေးချိန်တတန်တိုင်းတွင် နိုက်ထရိုဂျင် 3.4 ကီလိုဂရမ် ဝန်းကျင်ခန့်စွန့်ထုတ်ပေးသည်။ တဧကလျင် သီးနှံအထွက်နှုန်း၂၂ တန်အတွက် 72ကီလိုဂရမ် နှုန်းဖြင့် အသုံးပြုနိုင်သည်။(cv. Eldorado 300-Melon, Brazil)

 

နိုက်ထရိုဂျင်နှင့်သကြားပါဝင်မှု


သခွားမွှေးများတွင် နိုက်ထရိုဂျင်နှင့်သကြားပါဝင်မှု

နိုက်ထရိုဂျင်နှုန်းထားများများကျွေးခြင်းသည် အရွက်ကြီးထွားမှုနှင့် သကြားစုဖွဲ့ခြင်းတို့ကိုတွန်းအားပေးပြီးအသီးအရည်အသွေးကိုတိုးတက်ကောင်းမွန်စေသည်။ (cv. Eldorado 300-Melon, Brazil)

 

နိုက်ထရိုဂျင်နှင့် တာရှည်ခံမှု


နိုက်ထရိုဂျင်နှင့် ကမ်တာလော့ပ်၏ တာရှည်ခံမှု

ကြီးထွားမှုနောက်ဆုံးအဆင့်များတွင် နိုက်ထရိုဂျင်ပမာဏအလွန်အကျွံ ကျွေးခြင်းသည် အသီးခွံပေါ်တွင် အနာအဆာများဖြစ်ပေါ်ခြင်းနှင့် အသီးပုပ် သွားခြင်းတို့ကိုပိုမိုမြင့်မားစေခြင်းဖြင့် အသီးအရည်အသွေးကိုဖျက်စီးနိုင်သည်။ သို့ဖြစ်၍ အထွက်နှုန်းမြင့်မားရေးအပြင် အရည်အသွေးကောင်းမွန်သောအသီးရရှိရေးကိုတာဝန်ယူဆောင်ရွက်နေသောနောက်ဆက်တွဲဒေသဆိုင်ရာစမ်းသပ်ကွက်များအနေဖြင့် နှုန်းထားနှင့်ကြိမ်ရေတို့ကိုအတည်ပြုရန်အရေးကြီးသည်။(Charentais cv. Phoenix-Cantaloupe, France)

 

နိုက်ထရိုဂျင်အရင်းအမြစ်နှင့်အထွက်နှုန်း

 

နိုက်ထရိုဂျင်အရင်းအမြစ်နှင့်သခွားမွှေးသီးနှံများအထွက်နှုန်း

နိုက်ထရိုဂျင်ပုံစံသည်အလျင်အမြန်ကြီးထွားခြင်းနှင့် အရည်အသွေးကောင်းမွန်သောအသီးအထွက်တိုးခြင်းတို့ကိုထိန်းသိမ်းပေးရန်အတွက်အမိုးနီးယန်းနှင့် နိုက်ထရိတ်ပုံစံများအကြားမျှခြေကောင်းတစ်ခုကိုဆက်လက်တည်ရှိစေရန် အလွန်အရေးပါသည်။ အရွက်များမှ နိုက်ထရိုဂျင်စားသုံးမှုနှင့် နိုက်ထရိတ်ပါဝင်သောမြေသြဇာအသုံးပြုခြင်းထက်အမိုးနီးယန်းအချိုးအစားများများပါဝင်သောမြေသြဇာများကိုအသုံးပြုခြင်းကြောင့် အထွက်ဆုံးရှုံးမှုစသည်တို့ကိုသိသိသာသာလျော့နည်းသွားကြောင်းစမ်းသပ်ကွက်များကအတည်ပြုသည်။(cv. Sugar Baby-Watermelon, USA)

 

နိုက်ထရိုဂျင်ပုံစံနှင့် ဓါတ်ဖိုစားသုံးမှု

 

နိုက်ထရိုဂျင်ပုံစံနှင့် ဖရဲသီးနှံများတွင် ဓါတ်ဖိုစားသုံးမှု

မှီခိုမှုကင်းသောပုံစံတူစမ်းသပ်ကွက်နှစ်ခုတွင် အမိုးနီးယန်း-နိုက်ထရိုဂျင်သည် အဓိကနိုက်ထရိုဂျင်အရင်းအမြစ်ဖြစ်သည်။ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်တို့နှင့် နှိုင်းယှဉ်ပါကအမိုးနီးယန်းကိုပိုမိုနှစ်သက်စွာစားသုံးပြီးကယ်လစီယမ်၊ မဂ္ဂနီဆီယမ်တို့နှင့် နှိုင်းယှဉ်ပါကပိုမိုသိသာထင်ရှားကာသီးနှံတွင် အရေးကြီးသည့် အာဟာရပမာဏများလျော့ကျသွားသည်။အကောင်းဆုံးသီးနှံဖြစ်ထွန်းမှုအတွက် သင့်လျော်သောနိုက်ထရိတ်-အမိုးနီးယန်းအချိုးများမှာသိပ္ပံပညာဆိုင်ရာစာပေများတွင် ၅ အချိုး ၁ မှ ၃ အချိုး ၁ ဟုစီစဉ် ထားရှိသည်။

 

နိုက်ထရိုဂျင်နှင့် သခွားမွှေးသီးနှံအထွက်နှုန်း

သခွားမွှေးများတွင် နိုက်ထရိုဂျင်နှင့်သကြားပါဝင်မှု
နိုက်ထရိုဂျင်နှင့်သခွား‌မွှေးတာရှည်ခံမှု
နိုက်ထရိုဂျင်အရင်းအမြစ်နှင့် သခွားမွှေးသီးနှံများအထွက်နှုန်း
ဖရဲသီးနှံများတွင် နိုက်ထရိုဂျင်ပုံစံနှင့် ဓါတ်ဖိုစားသုံးမှု
နိုက်ထရိုဂျင်ပုံစံနှင့် သခွားမွှေးများတွင် ဆိုဒီယမ်နှင့်ပိုတက်စီယမ်စားသုံးမှု

 

ကြီးထွားသည့်အဆင့်များတွင် နိုက်ထရိုဂျင်၏အကျိုးသက်ရောက်မှု

အဆင့်   - နိုက်ထရိုဂျင်၏အကျိုးသက်ရောက်မှု
အပင်မစိုက်ပျိုးမီ  - စောစောသန်သန်မာမာကြီးထွားမှုကိုအားပေးသည်။
အပင်ပိုင်းကြီးထွားမှု  - ဆက်လက်ကြီးထွားမှုကိုအားပေးသည်။
အသီးတည်ခြင်း    - အသီးကြီးထွားမှုကိုထိန်းသိမ်းရန် ပမာဏလျှော့ကျွေးပါ။
အသီးကြီးထွားခြင်း - အသီးကြီးထွားခြင်းနှင့် သကြားပါဝင် မှုမြင့်မားစေရန် ပမာဏလျှော့သုံးပါ။ ပမာဏလွန်ကဲခြင်းသည် ပုပ်သွား ခြင်းနှင့် အသီးခွံအနာအဆာဖြစ်ခြင်းတို့ကို ဖြစ်ပေါ်စေသည်။


သခွားမွှေးကြီးထွားမှုအဆင့်များကိုပိုမိုရှာဖွေပါ။

 

 သခွားမွှေးမြေသြဇာအစီအစဉ်

ကျွနိုပ်တို့၏ ကျွမ်းကျင်ပညာရှင်များကြိုးစားအားထုတ်မှုကြောင့် သခွားမွှေးများအတွက် ယာရာ၏ အာဟာရအစီအစဉ်သည် အကောင်းဆုံးသီးနှံဖြစ်ထွန်းမှုကိုရရှိစေရန် ကူညီပေးနိုင်ပါတယ်။

 

နိုက်ထရိုဂျင်အသုံးပြုမှုအတွက် အထွေထွေလမ်းညွှန်ချက်များ

အထွက်နှုန်းမြင့်မားရေးအတွက် နိုက်ထရိုဂျင်သည် မရှိမဖြစ်လိုအပ်သဖြင့် ပန်းပွင့်ချိန်တွင် နိုက်ထရိုဂျင် ပမာဏလွန်ကဲခြင်းသည် ပန်းပွင့်အရေအတွက် ကိုလျော့နည်းစေနိုင်ပြီးအသီးတည်ခြင်းကိုလျော့နည်းသွားစေသောကြောင့် အချိန်ကိုက်ကျွေးခြင်းသည်လည်းအရေးကြီးသည်။


ထို့ပြင် ဤအာဟာရကိုကြီးထွားမှုနောက်ပိုင်းအဆင့်များတွင် အလွန်အကျွံကျွေးခြင်းသည် အသီးခွံပေါ်တွင် အနာအဆာဖြစ်လာခြင်းနှင့် အသီးပုပ်သွားခြင်းတို့အားဖြင့် အသီးအရည်အသွေးကိုပျက်စီးစေနိုင်သည်။နိုက်ထရိုဂျင် ပုံစံသည် ကြီးထွားမှုမြန်ဆန်ရန်နှင့် သီးနှံအထွက်တိုးရန်အတွက်လည်းအရေးပါသည်။ နိုက်ထရိုဂျင်မြေသြဇာများကိုအမိုးနီးယန်းပမာဏများများနှင့် တွဲကျွေးခြင်းသည် နိုက်ထရိတ်နှင့် နှိုင်းယှဉ်ပါကအထွက်နှုန်းဆုံးရှုံးခြင်း ဖြစ်ပေါ်ပြီးအရည်အသွေးပျက်စီးသွားသည်။

 

သခွားမွှေးတွင် နိုက်ထရိုဂျင်ချို့တဲ့မှုများ

 အရွက်များသည် အရင့်ဆုံးအရွက်မှစ၍ အစိမ်းဖျော့ရောင်သို့ပြောင်းလဲသွားသည်။ ပင်စည်များသည် သေးသွယ်ပြီးမာကျောကာအမျှင်များသည်။ ပန်းပွင့်များသည် အချိန်မတန်မီအလွယ်တကူပျက်စီးသွားပြီးအသီးတည်ရန်မအောင်မြင်တော့ပေ။ အသီးများသည် သေးငယ်ပြီးအစိမ်းဖျော့ရောင်ဖြစ်ကာအထူးသဖြင့် အသီးဖင်အောက်ခြေတွင် ပုံပျက်သွားသည်။ သို့ဖြစ်၍ နိုက်ထရိုဂျင်ပေးသွင်းခြင်းကိုပန်းပွင့်ချိန်မတိုင်မီသို့မဟုတ် ကြီးထွားချိန် မတိုင်မီကန့်သတ်မထားရန်အရေးကြီးသည်။ အထွက်နှုန်းကိုဆိုးရွားစွာထိခိုက်လိမ့်မည်ဖြစ်သည်။

သင့်ရဲ့ ဖရဲ၊သခွားသီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား

သင့်ရဲ့ သီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား။ အောက်ပါ ဇယားတွင် သီးနှံအဟာရချို့တဲ့ခြင်းများကို အလွယ်တကူ ရှာဖွေပါ။

N နိုက်ထရိုဂျင်
B ဘိုရွန်
Mn မဂ္ဂနီး
Mo မော်လီဒီနမ်
P ဖော့စဖောရပ်
Mg မဂ္ဂနီစီယမ်
Ca ကယ်လစီယမ်
K ပိုတက်ဆီယမ်
S ဆာလဖာ

အားလုံးကို ကြည့်ရန်

မှန်ကန်သောအာဟာရစီမံခန့်ခွဲမှုက သင့် ဖရဲ၊သခွား သီးနှံများကို မည်သို့ အကျိုးသက်ရောက်နိုင်သလဲ

ဖရဲ ၊ သခွား သီးနှံအာဟာရဆောင်းပါး အားလုံးကို ကြည့်ရန်


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅