fbpx

သီးနှံအာဟာရ ဖြေရှင်းနည်းများ

ဖရဲ ၊ သခွား

သခွားမွှေးစိုက်ပျိုးထုတ်လုပ်ရာတွင် မဂ္ဂနီးစ်၏အခန်းကဏ္ဍ

မဂ္ဂနီးစ်သည် အစာချက်လုပ်ခြင်း၏ ဇီဝဓာတုဖြစ်စဉ်တွင် အဓိကအခန်းကဏ္ဍတခုအနေဖြင့်ပါဝင်သည်။

သို့ဖြစ်၍ ၎င်းသည် သန်မာကြီးထွားမှုနှင့်ဖွံ့ဖြိုးမှုတို့ကိုထိန်းသိမ်းရန်အရေးကြီးသည်။ မဂ္ဂနီးစ်သည် အပင်မှ နိုက်ထရိုဂျင်စားသုံးခြင်းကိုလည်း တိုးတက်ကောင်းမွန်စေသည်။

 

ကြီးထွားမှုအဆင့်များတွင် မဂ္ဂနီးစ်၏အကျိုးသက်ရောက်မှု

အဆင့် မဂ္ဂနီးစ်၏အကျိုးသက်ရောက်မှု

အပင်မစိုက်ပျိုးမီ           - အညွန့်ကောင်းကောင်းကြီးထွားရန်သေချာစေခြင်း

အပင်ပိုင်းကြီးထွားခြင်း   -  အရွက်အရည်အသွေးကောင်းစေရန်သေချာခြင်းနှင့် ကြီးထွားမှုကိုအကန့်အသတ်မဖြစ်စေခြင်း

ပန်းပွင့်ခြင်း                 - ကြီးထွာမှုကောင်းစေရန်ထောက်ပံ့ပေးခြင်း

အသီးကြီးထွားခြင်း        - ကျန်းမာသန်စွမ်းသောအသီးကြီးထွားရေးကိုအားပေးခြင်း

 

သခွားမွှေးကြီးထွားမှုအဆင့်များကိုပိုမိုရှာဖွေပါ။

 

သခွားမွှေးမြေသြဇာအစီအစဉ်

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များကြိုးစားအားထုတ်မှုကြောင့် သခွားမွှေးများအတွက် ယာရာ၏ သီးနှံအာဟာရအစီအစဉ်သည် အကောင်းဆုံးသီးနှံဖြစ်ထွန်းမှုကိုရရှိစေရန် ကူညီပေးနိုင်သည်။

 

မဂ္ဂနီးစ်အသုံးပြုရန်အထွေထွေလမ်းညွှန်ချက်များ

တစ်ခဏအတွင်းသိသာထင်ရှားရန် ကြုံတောင့်ကြုံခဲဖြစ်သည့်ကာလတို ချို့တဲ့မှုများသည် သဲဆန်သော သို့မဟုတ် ပီအိပ်ချ်မြင့်မားပြီးမြေဆွေးများများပါဝင်သော မြေများတွင် တွေ့ရှိနိုင်ပြီး အနည်းလိုအာဟာရဖျန်းရည်များ(မဂ္ဂနီးစ်သည် အပင်ထဲတွင် ရွေ့လျားသွားလာရန် မလွယ်ကူချေ) အသုံးပြုခြင်းဖြင့် ကျော်လွှားနိုင်သည်။

 

သခွားမွှေးတွင် မဂ္ဂနီးစ်ချို့တဲ့မှုများ

မကြာမီကရင့်နေသောအရွက်များသည် ရွက်ကြောကြားအားနည်းခြင်းကို ပါးလွှာပြီးအစိမ်းဖျော့ရောင်မှ ဝါညိုရောင်အစက်အပြောက်များအနေဖြင့် ပြသကြသည်။ မဂ္ဂနီးစ်ချို့တဲ့မှုပြင်းထန်သော ဖြစ်စဉ်များမှာဤ အစက်အပြောက်များသည် အရွက်မျက်နှာပြင်ပေါ်တွင် အညိုရောင်ပုပ်သွားသော အစက်များအဖြစ်သို့ပြောင်းလဲသွားသည်။ များပြားသော ခရမ်းညိုရောင်အစက်များသည် အရွက်ရိုးတံ သို့မဟုတ် ပင်စည်ပေါ်တွင် ဖြစ်ပေါ်လာနိုင်သည်။

မဂ္ဂနီးစ်အဆိပ်သင့်ခြင်းသည် မြေချဉ်များ(pH ၅.၈ အောက်) ပေါ်တွင် ပြဿနာတခုဖြစ်နိုင်သည်။ အပင်ပေါက်များသည် ပုသွားပြီးအဝါရောင် တွန့်လိပ်နေသောအရွက်များရှိလိမ့်မည်။ သက်တမ်းရင့်အပင်များတွင် အရွက်များသည် အစိမ်းဖျော့ရောင်သို့ပြောင်းလဲသွားပြီး ရွက်ကြောအများအပြား ဖြစ်ပေါ်လာကာ အညိုရောင်ပင်အပ်အရွယ် ဒါဏ်ရာများအဖြစ်သို့ပြောင်းလဲသွားသည်။

အဆိပ်သင့်လက္ခဏာများကို စေးကပ်သော ပင်စည်လောင်မီးရောဂါကဲ့သို့သော အရွက်ရောဂါများနှင့် ရောထွေးနိုင်သည်။ မဂ္ဂနီးစ်အဆိပ်သင့်မှုကိုရှောင်ရှားရန် မြေကြီး၏ pHကို ၆.၀ ထက်ပိုများအောင် ပြင်ထားသင့်ပါတယ်။

သင့်ရဲ့ ဖရဲ၊သခွားသီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား

သင့်ရဲ့ သီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား။ အောက်ပါ ဇယားတွင် သီးနှံအဟာရချို့တဲ့ခြင်းများကို အလွယ်တကူ ရှာဖွေပါ။

N နိုက်ထရိုဂျင်
B ဘိုရွန်
Mn မဂ္ဂနီး
Mo မော်လီဒီနမ်
P ဖော့စဖောရပ်
Mg မဂ္ဂနီစီယမ်
Ca ကယ်လစီယမ်
K ပိုတက်ဆီယမ်
S ဆာလဖာ

အားလုံးကို ကြည့်ရန်

မှန်ကန်သောအာဟာရစီမံခန့်ခွဲမှုက သင့် ဖရဲ၊သခွား သီးနှံများကို မည်သို့ အကျိုးသက်ရောက်နိုင်သလဲ

ဖရဲ ၊ သခွား သီးနှံအာဟာရဆောင်းပါး အားလုံးကို ကြည့်ရန်


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅