fbpx

သီးနှံအာဟာရ ဖြေရှင်းနည်းများ

ဖရဲ ၊ သခွား

သခွားမွှေးစိုက်ပျိုးထုတ်လုပ်ရာတွင် မဂ္ဂနီစီယမ်၏ အခန်းကဏ္ဍ

မဂ္ဂနီစီယမ်ကိုစွမ်းအင်ပြောင်းလဲပေးခြင်း၊ ဖော့စဖိတ် ဇီဝကမ္မပြောင်းလဲခြင်းနှင့် အသားဓာတ်စုပေါင်းဖွဲ့စည်းခြင်းတို့ပါဝင်သော ဖြစ်စဉ်အများအပြားအတွက်လိုအပ်သည်။

အပင်၏စုစုပေါင်းမဂ္ဂနီစီယမ်၂၀-၂၅ရာခိုင်နှုန်းကို အစာချက်အဖွဲ့အစည်း (chloroplast) များတွင် သီးခြားတွေ့ရှိရပြီးအစိမ်းရောင်ချယ် ပစ္စည်းထုတ်လုပ်မှုနှင့် အရွက်နှင့်အပင်တို့စောစောကြီးထွားမှုအတွက် အထူးအရေးပါသည်။

မဂ္ဂနီစီယမ်နှင့်အသီးအရည်အသွေး

မဂ္ဂနီစီယမ်နှင့် သခွားမွှေးအရည်အသွေး

မဂ္ဂနီစီယမ်နှင့် အသီးအရည်အသွေး

 

မဂ္ဂနီစီယမ်စားသုံးမှုသည် အခြားဓာတ်ဖိုများ(K+; NH4+; Ca2+) လွန်ကဲမှုကြောင့် လျော့ကျသွားနိုင်သဖြင့် လျှော့၍စားသုံးမှုကို ရှောင်ရှားရန်အတွက် မှန်ကန်သောမျှခြေ တခုကိုထိန်းသိမ်းထားရန် အရေးကြီးသည်။ ဓာတ်ဖိုများမညီမျှမှုသည် သကြားပါဝင်မှုကို လျော့နည်းစေပြီးအသားနှင့်အသီးခွံ ကျစ်လျစ်ခြင်းကိုလည်း လျော့ကျစေလိမ့်မည်။(သခွားမွှေး၊ ပြင်သစ်)

 

ကြီးထွားမှုအဆင့်များတွင် မဂ္ဂနီစီယမ်၏အကျိုးသက်ရောက်မှု

အဆင့်   - မဂ္ဂနီစီယမ်၏အကျိုးသက်ရောက်မှု
အပင်ပိုင်းကြီးထွားမှု - ပန်းမပွင့်မီအရွက်တစ်သျှူးတွင် စုဝေးခြင်းကိုအများဆုံးဖြစ်စေခြင်း
ပန်းပွင့်ခြင်း - ပန်းပွင့်ခြင်းနှင့်သီးနှံထုတ်လုပ်ခြင်းတို့ကိုအားပေးခြင်း
အသီးတည်ခြင်း    - ဤအဆင့်တွင် အရည်အသွေးကောင်းသောအသီးထုတ်လုပ်မှုအတွက် အမြင့်ဆုံးလိုအပ်ခြင်း
အသီးကြီးထွားခြင်း  - ကျန်းမာသန်စွမ်းသောအသီးကြီးထွားမှုကိုအားပေးခြင်း

 

သခွားမွှေးကြီးထွားမှုအဆင့်များကိုပိုမိုရှာဖွေပါ။

 

သခွားမွှေးမြေသြဇာအစီအစဉ်

ကျွနိုပ်တို့၏ ကျွမ်းကျင်ပညာရှင်များကြိုးစားအားထုတ်မှုကြောင့် သခွားမွှေးများအတွက် ယာရာ၏ သီးနှံအာဟာရအစီအစဉ်သည် အကောင်းဆုံးသီးနှံဖြစ်ထွန်းမှုကိုရရှိစေရန် ကူညီပေးနိုင်သည်။

 

မဂ္ဂနီစီယမ်ကျွေးရန် အထွေထွေလမ်းညွှန်ချက်များ

သခွားမွှေးအပင်တပင်သည် အသီးအထွက်တစ်တန်လျင် မဂ္ဂနီစီယမ် 1.45 ကီလိုဂရမ် အထက် စားသုံးသည်။ သီးနှံပင်သက်တမ်းတလျှောက်လုံးတွင် ပုံမှန်ကျွေးပေးရန်လိုအပ်သည်။ မဂ္ဂနီစီယမ်၊ ပိုတက်စီယမ်နှင့် ကယ်လ်စီယမ်ပေးသွင်းခြင်းများ ညီညွတ်မျှတရေးအတွက် အထူးဂရုစိုက်ရန်လိုအပ်သည်။

 

သခွားမွှေးတွင် မဂ္ဂနီစီယမ်ချို့တဲ့မှု

အရွက်များတွင် ရွက်ကြောကြားနေရာများရှိအစိမ်းရောင်ခြယ်ပစ္စည်းများအားနည်းခြင်း(chlorosis) ဖြစ်ပေါ်ပြီးနောက် အရွက်များပုပ်လာနိုင်ပြီး ‘ဂရီလာ(Grillure)’ လက္ခဏာဟုသိကြသည်။ ဤသို့ဖြစ်ခြင်းသည် အရွက်ရင့်များမှ စတင်ဖြစ်ပေါ်ပြီးအရွက်နုများသို့ ပျံ့နှံ့သွားသည်။ အရွက်အနားများမှာ အစိမ်းရောင်အတိုင်း ကျန်ရစ်သည်။ အသီးအထွက်နှုန်းများလျော့ကျသွားသည်။

သင့်ရဲ့ ဖရဲ၊သခွားသီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား

သင့်ရဲ့ သီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား။ အောက်ပါ ဇယားတွင် သီးနှံအဟာရချို့တဲ့ခြင်းများကို အလွယ်တကူ ရှာဖွေပါ။

N နိုက်ထရိုဂျင်
B ဘိုရွန်
Mn မဂ္ဂနီး
Mo မော်လီဒီနမ်
P ဖော့စဖောရပ်
Mg မဂ္ဂနီစီယမ်
Ca ကယ်လစီယမ်
K ပိုတက်ဆီယမ်
S ဆာလဖာ

အားလုံးကို ကြည့်ရန်

မှန်ကန်သောအာဟာရစီမံခန့်ခွဲမှုက သင့် ဖရဲ၊သခွား သီးနှံများကို မည်သို့ အကျိုးသက်ရောက်နိုင်သလဲ

ဖရဲ ၊ သခွား သီးနှံအာဟာရဆောင်းပါး အားလုံးကို ကြည့်ရန်


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅