fbpx

သီးနှံအာဟာရ ဖြေရှင်းနည်းများ

ဖရဲ ၊ သခွား

ဖရဲ၊ သခွားမွှေးစိုက်ပျိုးထုတ်လုပ်ရာတွင် သံဓာတ်၏အခန်းကဏ္ဍ

သံဓာတ်သည် အစာချက်လုပ်ခြင်း၏ ဇီဝဓာတုဖြစ်စဉ်တွင် အရေးကြီးသောအခန်းကဏ္ဍတခု၌ ပါဝင်သည်။

၎င်းသည် နိုက်ထရိတ်နှင့် ဆာလ်ဖိတ်တို့ကိုလျှော့ချရန်အတွက် လိုအပ်သည့် အစာချေပစ္စည်း(အင်ဇိုင်း)အချို့၏ အစိတ်အပိုင်းတခုဖြစ်သည်။ သံဓာတ်သည် ကလပ်စည်းနံရံ အထောက်အကူပြုစေးကပ်အမျှင်(လစ်ဂနင်)ဖြစ်ပေါ်ခြင်းတွင်လည်းအရေးပါသဖြင့် ကလာပ်စည်းနံရံဖွဲ့စည်းပုံတွင်လည်းပါဝင်သည်။

 

ကြီးထွားမှုအဆင့်များတွင် သံဓာတ်၏အကျိုးသက်ရောက်မှု

 

အဆင့် -သံဓာတ်၏အကျိုးသက်ရောက်မှု
အပင်ပိုင်းကြီးထွားမှု - အရွက်အရည်အသွေးကောင်းမွန်စေခြင်းနှင့် ကြီးထွားမှုကိုကန့်သတ်မထားခြင်း
အသီးကြီးထွားခြင်း - ကျန်းမာသန်စွမ်းသော အသီးကြီးထွားမှုကိုအားပေးခြင်း

 

 သခွားမွှေးကြီးထွားမှု အဆင့်များကို ပိုမိုရှာဖွေပါ။

 

သခွားမွှေးမြေသြဇာအစီအစဉ်

ကျွနိုပ်တို့၏ ကျွမ်းကျင်ပညာရှင်များကြိုးစားအားထုတ်မှုကြောင့် သခွားမွှေးများအတွက် ယာရာ၏ အာဟာရအစီအစဉ်သည် အကောင်းဆုံး သီးနှံဖြစ်ထွန်းမှုကိုရရှိစေရန် ကူညီပေးနိုင်သည်။

 

သံဓာတ်ကျွေးရန် အထွေထွေလမ်းညွှန်ချက်များ

သံဓာတ်ကျွေးခြင်း(ဥပမာ-ရွက်ဖြန်းသို့မဟုတ် မြေသြဇာအရည်ဖြင့်ရောကျွေးခြင်း)ကိုအရွက်စောစောဖြစ်ပေါ်ခြင်းနှင့် သီးနှံအထွက်တိုးခြင်းတို့မြင့်တက်လာစေရန် အသုံးပြုနိုင်သည်။

 

သခွားမွှေးတွင် သံဓာတ်ချို့တဲ့ခြင်း

အနုဆုံးအရွက်များသည် အဝါရောင်ဖြစ်သွားပြီး ရွက်ကြောကြားဧရိယာများတွင် ပြောက်တိပြောက်ကျားဖြစ်နေသည်။ သံဓာတ်ချို့တဲ့မှုပြင်းထန်ပါက အရွက်များသည် အဝါဖျော့ရောင်နှင့် အဖြူရောင်နီးပါးဖြစ်လာသည်။ ၎င်းတို့သည် အညိုရောင်သို့ပြောင်းသွားပြီးနောက် သေသွားနိုင်သည်။

သင့်ရဲ့ ဖရဲ၊သခွားသီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား

သင့်ရဲ့ သီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား။ အောက်ပါ ဇယားတွင် သီးနှံအဟာရချို့တဲ့ခြင်းများကို အလွယ်တကူ ရှာဖွေပါ။

N နိုက်ထရိုဂျင်
B ဘိုရွန်
Mn မဂ္ဂနီး
Mo မော်လီဒီနမ်
P ဖော့စဖောရပ်
Mg မဂ္ဂနီစီယမ်
Ca ကယ်လစီယမ်
K ပိုတက်ဆီယမ်
S ဆာလဖာ

အားလုံးကို ကြည့်ရန်

မှန်ကန်သောအာဟာရစီမံခန့်ခွဲမှုက သင့် ဖရဲ၊သခွား သီးနှံများကို မည်သို့ အကျိုးသက်ရောက်နိုင်သလဲ

ဖရဲ ၊ သခွား သီးနှံအာဟာရဆောင်းပါး အားလုံးကို ကြည့်ရန်


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅