fbpx

သီးနှံအာဟာရ ဖြေရှင်းနည်းများ

ဖရဲ ၊ သခွား

ဖရဲ၊ သခွှားမွှေးစိုက်ပျိုးထုတ်လုပ်ရာတွင် ဘိုရွန်၏အခန်းကဏ္ဍ

ကယ်လ်စီယမ်ရွေ့လျားမှုပိုမိုကောင်းမွန်စေရန်နှင့် သကြားများသယ်ယူပို့ဆောင်ပေးရန်နှင့် အပင်ကြီးထွားမှုအဖွဲ့အစည်းများအတွက် အရေးကြီးသည်။

ပန်းပွင့်ဝတ်မှုန်ကူးခြင်း၊ အသီးဖြစ်ပေါ်ခြင်းနှင့် အသီးခွံဖြစ်ပေါ်ရန် ပေါင်းစပ်ဖွဲ့စည်းမှုကိုထိန်းသိမ်းခြင်းတို့တွင် အဓိကအခန်းကဏ္ဍမှပါဝင်ပါတယ်။

 

ဘိုရွန်နှင့် ကယ်လ်စီယမ်ပြန့်နှံ့မှု

 

သခွားမွှေးသီးနှံတွင် ဘိုရွန်နှင့် ကယ်လ်စီယမ်ပြန့်နှံ့မှု

ဘိုရွန်သည် အသီးဆီသို့ကယ်လ်စီယမ်ရောက်ရှိမှုကို တိုးတက်ကောင်းမွန်လာအောင်ပြုလုပ်ပေးရာတွင် ကယ်လ်စီယမ်နှင့်အတူတကွ လုပ်ဆောင်ပေးသည်။ ၎င်းသည် အသီးဖင်အောက်ခြေသို့ ကယ်လ်စီယမ်ရောက်ရှိမှုကို တိုးမြှင့်ပေးပြီး အသီးဖင်မဲပုပ်ရောဂါနှင့် အသီးခွံပြောင်ချောခြင်းတို့ကိုလျှော့ချပေးပါတယ်။ (cv. Galia-Muskmelon, South Africa)

 

ပန်းပွင့်ခြင်းနှင့် အသီးတည်ခြင်းတို့အပေါ် ဘိုရွန်၏အကျိုးသက်ရောက်မှု

 

သခွားမွှေးပန်းပွင့်ခြင်းနှင့် အသီးတည်ခြင်းတို့အပေါ်ဘိုရွန်၏အကျိုးသက် ရောက်မှု

ဘိုရွန်သည် ပန်းပွင့်ဝတ်မှုန်ကူးခြင်းနှင့် အသီးဖြစ်ပေါ်ခြင်းတို့တွင် အဓိကအခန်းကဏ္ဍတခုမှပါဝင်သည်။(အီတလီရှိစမ်းသပ်ကွက်များမှ)

 

ဘိုရွန်နှင့်အသီးအရည်အသွေး

 

ဘိုရွန်နှင့်သခွားမွှေးသီးနှံအရည်အသွေး

ဘိုရွန်သည် အသီးခွံဖြစ်ပေါ်ရေးအတွက် ပေါင်းစပ်ဖွဲ့စည်းမှုကို ထိန်းသိမ်းရန်ကူညီဆောင်ရွက်ပေးသည်။ ဘိုရွန်ပမဏကိုကန့်သတ်ထားခြင်းမရှိပါက အသီးခွံသည်ပို၍ကျုံ့လွယ်ဆန့်လွယ်သောကြောင့် အသီးအက်ကွဲခြင်းကို လျော့နည်းစေပြီး ပိုက်ကွက်ဖြစ်ပေါ်မှုနှင့် သိုလှောင်နိုင်မှုတို့ကိုပိုမိုကောင်းမွန်စေပါတယ်။ (cv. Galia-Muskmelon, South Africa)

 

ကြီးထွားမှုအဆင့်များတွင် ဘိုရွန်၏အကျိုးသက်ရောက်မှု

အဆင့်-ဘိုရွန်၏အကျိုးသက်ရောက်မှု
အပင်မစိုက်ပျိုးမီ - အညွန့်ကောင်းကောင်းကြီးထွားမှုကို သေချာစေသည်။
အပင်ပိုင်းကြီးထွားမှု  - ပန်းပွင့်ခြင်းနှင့် အသီးတည်ခြင်းတို့ ကောင်းမွန်သေချာစေသည်။
ပန်းပွင့်ခြင်း - ပန်းပွင့်ဖြစ်ပေါ်မှု၊ ဖွံ့ဖြိုးကြီးထွားမှုနှင့် အသီးသီးခြင်းတို့ကို အများဆုံးဖြစ် စေသည်။
အသီးတည်ခြင်း   - အသီးခွံ ပြည့်စုံကောင်းမွန်စေရန်နှင့် ကယ်လ်စီယမ် ရွေ့လျားသွားလာမှုကို အထောက်အကူပေးရန် သေချာစေသည်။
အသီးကြီးထွားခြင်း - အသီးအမှည့်ညီခြင်းနှင့် အသီးဆီသို့ ကယ်လ်စီယမ် ကောင်းစွာထောက်ပံ့ ပေးခြင်းတို့ကို သေချာစေသည်။

 

သခွားမွှေးကြီးထွားမှုအဆင့်များကို ပိုမိုရှာဖွေပါ။

 

သခွားမွှေးမြေသြဇာအစီအစဉ်

ကျွန်ုပ်တို့၏ ကျွမ်းကျင်သူများမှ အားစိုက်ထုတ်ခဲ့ခြင်းကြောင့် သခွား မွှေးများအတွက် ယာရာ၏အာဟာရအစီအစဉ်သည် အကောင်းဆုံးသီးနှံ ဖြစ်ထွန်းမှုကို ရရှိရန်သင့်ကို ကူညီပေးနိုင်ပါတယ်။

 

ဘိုရွန်အသုံးပြုမှုအတွက် အထွေထွေလမ်းညွှန်ချက်များ

ဘိုရွန်သည် ပန်းပွင့်ဝတ်မှုန်ကူးခြင်းနှင့် အသီးဖြစ်ပေါ်ခြင်းတို့တွင် အဓိက အခန်းကဏ္ဍတခုအနေဖြင့် ပါဝင်သည်။ ထို့ပြင် သခွားမွှေးပန်းပွင့်များသည် ကာလတိုအတွင်းသာ ရှင်သန်နိုင်ကြသဖြင့် ဝတ်မှုကူးချိန်အတွင်း ဘိုရွန်ကိုအလေးထားထည့်သွင်းပေးရန် အရေးကြီးပါတယ်။

 

သခွားမွှေးတွင် ဘိုရွန်ချို့တဲ့မှုများ

အရွက်နုများသည် ပုံမှန်အရွယ်အစားထက် ပိုမိုသေးငယ်ပြီး နောက်ဘက်သို့ တွန့်လိပ်နေကြသည်။ အရွက်များသည် အညိုရောင်ဖျော့ဖျော့ ပြောက်ကျား များဖြစ်ပေါ်ပြီး အရောင်ပြောင်းလာသည်။ ပင်စည်များသည် ကလာပ်စည်း ခွန်အားလျော့နည်းသွားသဖြင့် အက်ကွဲလာနိုင်သည်။ အပင်များသည် အဆစ်ကြားများ တိုတောင်းလာသဖြင့် ပုတိုလာခြင်း သို့မဟုတ် ပုံသဏ္ဍာန် မမှန်ပဲပုတိုလာကြသည်။ ကြီးထွားနေသည့်အညွန့်များ သေသွားသည်။ ပန်းပွင့်ခြင်းနှင့် အသီးတည်ခြင်းတို့မှာ ယုတ်လျော့သွားသည်။ အသီးများမှာ အသီးခွံပြည့်ပြည့်ဝဝမဖြစ်တော့ပဲ ပုံပျက်သွားသည်။ အသီးအတွင်းပိုင်း ခေါင်းပွဖြစ်ခြင်းမှာ ပိုမိုအဖြစ်များသည်။ မြေကြီးထဲတွင် အစိုဓာတ်အလွန် များပြားချိန် သို့မဟုတ် pH မြင့်မားသော အခြေအနေများအောက်တွင် ချို့တဲ့မှုများကို အများအားဖြင့် တွေ့ရှိရပါတယ်။

 

သင့်ရဲ့ ဖရဲ၊သခွားသီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား

သင့်ရဲ့ သီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား။ အောက်ပါ ဇယားတွင် သီးနှံအဟာရချို့တဲ့ခြင်းများကို အလွယ်တကူ ရှာဖွေပါ။

N နိုက်ထရိုဂျင်
B ဘိုရွန်
Mn မဂ္ဂနီး
Mo မော်လီဒီနမ်
P ဖော့စဖောရပ်
Mg မဂ္ဂနီစီယမ်
Ca ကယ်လစီယမ်
K ပိုတက်ဆီယမ်
S ဆာလဖာ

အားလုံးကို ကြည့်ရန်

မှန်ကန်သောအာဟာရစီမံခန့်ခွဲမှုက သင့် ဖရဲ၊သခွား သီးနှံများကို မည်သို့ အကျိုးသက်ရောက်နိုင်သလဲ

ဖရဲ ၊ သခွား သီးနှံအာဟာရဆောင်းပါး အားလုံးကို ကြည့်ရန်


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅