fbpx

သီးနှံအာဟာရ ဖြေရှင်းနည်းများ

ဖရဲ ၊ သခွား

ဖရဲ၊ သခွားမွှေးအသီးအက်ကွဲခြင်းကိုလျှော့ချခြင်း

သခွားမွှေးအသီးအက်ကွဲခြင်းကို ရှောင်ရှားရန်အတွက် စိုက်ပျိုးသူများသည် ပိုမိုခံနိုင်ရည်ရှိသော သခွားမွှေးမျိုးကွဲများကို ရွေးချယ်နိုင်ပြီး ၎င်းမျိုးများကို ရေသွင်းရေထုတ်ပြဿနာ မရှိသောမြေများတွင်စိုက်ပျိုးပြီး

၎င်းနေရာတွင် ရေပေးသွင်းမှုကိုလည်းကောင်းစွာစီမံခန့်ခွဲနိုင်ရမည်ဖြစ်သည်။

 

သီးနှံအာဟာရနှင့် သခွားမွှေးအသီးအက်ကွဲခြင်း

 ပိုတက်စီယမ်

 ပိုတက်စီယမ်နှင့်အက်ကွဲခြင်း

ပိုတက်စီယမ်များများကျွေးခြင်းသည် အသီးခွံကိုထူထဲစေခြင်းဖြင့် အသီးအက်ကွဲခြင်းကိုလျှော့ချရာတွင် ပဓာနကျသည်။ ၎င်းသည် အသီးအရည် အသွေးအတွက် အထူးအရေးပါပြီး သခွားမွှေးအသီးအက်ကွဲခြင်း ဘေးအန္တရာယ်များနှင့် သယ်ယူပို့ဆောင်စဉ်အတွင်းထိခိုက်ပျက်စီးမှုတို့ကို လျှော့ချပေးသည်။

 

ဘိုရွန်

ဘိုရွန်ပေးသွင်းခြင်းများကို ကန့်သတ်ထားခြင်းမရှိပါက အသီးခွံပိုမိုကျုံ့လွယ်ဆန့်လွယ်ဖြစ်ခြင်းကြောင့် သခွားမွှေးအသီးအက်ကွဲခြင်းကို အနည်းဆုံးဖြစ်စေပြီး ကြာရှည်သိုလှောင်ထားနိုင်သည်။ အသီးကြီးထွားချိန်တွင် ဘိုရွန်ချို့တဲ့ခြင်းသို့မဟုတ် ရေပမာဏများများကိုပုံမှန်မဟုတ်ပဲ လောင်းပေးခြင်းတို့မှာလည်းအသီးအတွင်းပိုင်းအက်ကွဲခြင်းကို ဖြစ်လေ့ဖြစ်ထရှိသော အကြောင်းရင်းဖြစ်သည်။ သခွားမွှေးများတွင် ပုံသဏ္ဍာန်ပိုပြားခြင်းနှင့် အလေးချိန်လျော့ကျခြင်းတို့ပိုမိုအဖြစ်များသည်။

 

ဘိုရွန်နှင့် အသီးအရည်အသွေး

 ဘိုရွန်၊ ပန်းပွင့်ခြင်းနှင့်အသီးတည်ခြင်း

 

ကယ်လ်စီယမ်

ကယ်လ်စီယမ်နှင့်အသီးအရည်အသွေး


အပင်ကြီးထွားမှုအစောပိုင်းတွင် ကယ်လ်စီယမ်ပမာဏများများစားသုံးသည်။ ဤပမာဏများအနက် ၁၅% မျှသောအချိုးအစားအနည်းငယ်သာလျင် အသီး၌တွေ့ရှိရသည်။ ဤကဲ့သို့ဒြပ်စင် ပမာဏလျော့နည်းခြင်းသည် သခွားမွှေးအက်ကွဲမှုအနည်းဆုံးနှင့် အတူအသီးကျစ်လျစ် ကောင်းမွန်စေခြင်းကိုထိန်းသိမ်းရာတွင် အဓိကအရေးကြီးသည်။ အသီးအက်ကွဲခြင်းကို ကာကွယ်တားဆီးရန် ကယ်လ်စီ၊ ဘိုရွန်ပမာဏလုံလုံလောက်လောက်နှင့် အတူညှိနှိုင်း၍ကျွေးပေးရန်လိုအပ်သည်။ ကယ်လ်စီယမ်ပမာဏမြင့်မားခြင်းသည် ကလာပ်စည်းနံရံများကိုထူထဲစေပြီးအသီးကို ကျစ်လျစ်သန်မာစေသည်။ သို့ရာတွင် အက်ကွဲခြင်းကိုကာကွယ်တားဆီးရန် ကယ်လ်စီယမ်၊ ဘိုရွန်ပမာဏလုံလုံလောက်လောက်နှင့် အတူညှိပေးရန်လိုအပ်ပါတယ်။

 

သခွားမွှေးအတွက် ယာရာမြေသြဇာ။

 

သင့်ရဲ့ ဖရဲ၊သခွားသီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား

သင့်ရဲ့ သီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား။ အောက်ပါ ဇယားတွင် သီးနှံအဟာရချို့တဲ့ခြင်းများကို အလွယ်တကူ ရှာဖွေပါ။

N နိုက်ထရိုဂျင်
B ဘိုရွန်
Mn မဂ္ဂနီး
Mo မော်လီဒီနမ်
P ဖော့စဖောရပ်
Mg မဂ္ဂနီစီယမ်
Ca ကယ်လစီယမ်
K ပိုတက်ဆီယမ်
S ဆာလဖာ

အားလုံးကို ကြည့်ရန်

မှန်ကန်သောအာဟာရစီမံခန့်ခွဲမှုက သင့် ဖရဲ၊သခွား သီးနှံများကို မည်သို့ အကျိုးသက်ရောက်နိုင်သလဲ

ဖရဲ ၊ သခွား သီးနှံအာဟာရဆောင်းပါး အားလုံးကို ကြည့်ရန်


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅