fbpx

သီးနှံအာဟာရ ဖြေရှင်းနည်းများ

ဖရဲ ၊ သခွား

ဖရဲ၊ သခွားမွှေးတွင် ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့ထုတ်လွှတ်မှုကို လျှော့ချခြင်း

တိုးပွားနေသောကမ္ဘာ့လူဦးရေကိုကျွေးမွေးနိုင်ရန် အစားအစာနှင့်စွမ်းအင် လိုအပ်ချက်များအတွက်

ရှေရှည်တည်တံ့သောစိုက်ပျိုးရေးလုပ်ငန်းတွင် ဓာတ်မြေသြဇာသွင်းအားစုများဆက်လက်လိုအပ်နေလိမ့်မည်ဖြစ်သော်လည်းထုတ်ကုန်များတွင် ပတ်ဝန်းကျင်ထိခိုက်မှုကိုလျှော့ချရန်အတွက် ကာဗွန်ဒိုင် အောက်ဆိုဒ်ဓါတ်ငွေ့ထုတ်လွှတ်မှုနည်းပါးရန်လိုအပ်သည်ဟုယာရာကယုံကြည်သည်။

 

အမိုးနီးယမ်နိုက်ထရိတ်ထုတ်လုပ်မှု

ယာရာ၏ကာဗွန်ဒိုင်အောက်ဆိုဒ်ဓါတ်ငွေ့ထုတ်လွှတ်မှုနည်းပါးသောနိုက်ထရိုဂျင်မြေသြဇာများကိုရွေးချယ်အသုံးပြုခြင်းဖြင့် ထုတ်လုပ်သူများသည် ၎င်းတို့၏ အပင်အာဟာရအစီအစဉ်မှ ကာဗွန်ထုတ်လွှတ်မှုများ၏ ထက်ဝက်ကိုထိထိရောက်ရောက်လျှော့ချနိုင်သည်။

ကာဗွန်ဒိုင်အောက်ဆိုဒ်ဓါတ်ငွေ့ထုတ်လွှတ်မှုကိုအနည်းဆုံးဖြစ်စေသော‘အကောင်းဆုံးရရှိနိုင်သောနည်းပညာ’အစီအစဉ်သစ်တွင် ရင်းနှီးမြှုပ်နှံခြင်း ဖြင့် ယာရာ၏ မြေသြဇာထုတ်လုပ်သည့်စက်ရုံများသည် ကမ္ဘာပေါ်တွင် စွမ်းအင်အထိရောက်ဆုံးစက်ရုံများအနက် အဆင့်တခုသတ်မှတ်ခြင်းခံခဲ့ရသည်။

အမှန်ဆိုသော် ဓာတ်ကူနည်းပညာကိုအသုံးပြုခြင်းနှင့် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းတို့အားဖြင့် ယာရာသည် ၎င်း၏နိုက်ထရိတ်အက်ဆစ်စက်ရုံများမှ နိုက်ထရိုဂျင်ထုတ်လွှတ်မှုများကိုများသထက်များအောင် ၉၀ %အထိလျှော့ချခဲ့ပြီးဖြစ်သည်။ ဤကဲ့သို့ပြုလုပ်ခြင်းသည် ကျွန်ုပ်တို့ထုတ်လုပ်သောနိုက်ထရိတ်ပါဝင်သည့်မြေသြဇာများ၏ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓါတ်ငွေ့ထုတ်လွှတ်မှုကို ၄၀ % လျှော့ချပေးသည်။


ထို့ပြင် နိုက်ထရိတ်အခြေခံမြေသြဇာများကိုကောင်းစွာရွေးချယ်အသုံးပြု၍ မြေသြဇာအသုံးပြုရာတွင် နိုက်ထရိုဂျင်ထိရောက်မှုကိုတိုးမြှင့်ခြင်းဖြင့် စိုက်ပျိုးသူများသည် ပျော်ဝင်ခြင်းသို့မဟုတ် အငွေ့ပျံခြင်းတို့ကြောင့် ဆုံးရှုံးမှုများကိုလျှော့ချနိုင်ပြီးအခြား ၁၀-၃၀ရာခိုင်နှုန်းကိုကာဗွန်စုဆောင်းခြင်းနည်းအားဖြင့် ပါဝင်ကူညီပေးနိုင်သည်။

သို့ဖြစ်၍ ယာရာ၏ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓါတ်ငွေ့ထုတ်လွှတ်မှုနည်းပါးသောနိုက်ထရိုဂျင်မြေသြဇာများကိုရွေးချယ်အသုံးပြုခြင်းဖြင့် ထုတ်လုပ်သူများသည် ရည်ရွယ်ထားသည့်အတိုင်း၎င်းတို့၏အပင်အာဟာရအစီအစဉ်မှ ကာဗွန်ထုတ်လွှတ်မှု၏ ထက်ဝက်ကိုထိထိရောက်ရောက်လျှော့ချနိုင်ပါတယ်။

သင့်ရဲ့ ဖရဲ၊သခွားသီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား

သင့်ရဲ့ သီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား။ အောက်ပါ ဇယားတွင် သီးနှံအဟာရချို့တဲ့ခြင်းများကို အလွယ်တကူ ရှာဖွေပါ။

N နိုက်ထရိုဂျင်
B ဘိုရွန်
Mn မဂ္ဂနီး
Mo မော်လီဒီနမ်
P ဖော့စဖောရပ်
Mg မဂ္ဂနီစီယမ်
Ca ကယ်လစီယမ်
K ပိုတက်ဆီယမ်
S ဆာလဖာ

အားလုံးကို ကြည့်ရန်

မှန်ကန်သောအာဟာရစီမံခန့်ခွဲမှုက သင့် ဖရဲ၊သခွား သီးနှံများကို မည်သို့ အကျိုးသက်ရောက်နိုင်သလဲ

ဖရဲ ၊ သခွား သီးနှံအာဟာရဆောင်းပါး အားလုံးကို ကြည့်ရန်


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅