fbpx

သီးနှံအာဟာရ ဖြေရှင်းနည်းများ

ဖရဲ ၊ သခွား

သခွားမွှေးသီးတွင် အူတိုင်ခေါင်းပွဖြစ်ခြင်း(Hollow heart) နှင့် အူတိုင်ဖြူခြင်း (White heart)တို့ကိုလျှော့ချခြင်း

အူတိုင်ခေါင်းပွဖြစ်ခြင်းနှင့် အူတိုင်ဖြူခြင်းတို့သည် ရုပ်ပိုင်းဆိုင်ရာအားဖြင့် အတွင်းသားကမောက်ကမဖြစ်ခြင်းနှင့်ဆက်စပ်နေသည်။

 

သခွားမွှေးအူတိုင်ခေါင်းပွဖြစ်ခြင်း

အူတိုင်ခေါင်းပွဖြစ်ခြင်းနှင့် အူတိုင်ဖြူခြင်းတို့သည် ရုပ်ပိုင်းဆိုင်ရာအားဖြင့် အတွင်းသားကမောက်ကမဖြစ်ခြင်းနှင့်ဆက်စပ်နေသည်။

၎င်းတို့သည် အာဟာရချို့တဲ့မှုများအပါအဝင် ပတ်ဝန်းကျင်ဆိုင်ရာနှင့် ကြီးထွားမှုရပ်တန့်ခြင်းတို့၏ ရလဒ်များကြောင့် ဖြစ်ပေါ်သည်။ ၎င်းကိုဖရဲသီးနှံတွင် အများဆုံးတွေ့ရှိရပြီးရာသီအစောပိုင်း၌ စိုထိုင်းခြင်းနှင့် ခြောက်သွေ့ခြင်းသို့မဟုတ် အေးမြခြင်းနှင့် ပူနွေးခြင်းတို့ တလှည့်စီအလျင်အမြန်ပြောင်းလဲနေသော အခြေအနေများတွင် ဖြစ်ပေါ်သည်။

အသီးတည်ချိန်အတောအတွင်း နိုက်ထရိုဂျင်ပမာဏများလွန်းခြင်းနှင့် အစိုဓာတ်လွန်ကဲခြင်းတို့သည် အူတိုင်ခေါင်းပွဖြစ်ခြင်းကိုအားပေး လှုံ့ဆော်နိုင်ပြီးအရသာ မရှိသောသခွားမွှေးသီးတလုံးကို ဖြစ်ပေါ်စေသည်။ အူတိုင်ခေါင်းပွ ဖြစ်ခြင်းနှင့် အူတိုင်ဖြူခြင်းတို့ကိုအာဟာရသင့်တင့်မျှတအောင်ကျွေး
ပေးခြင်းနှင့် မြေအစိုဓာတ်ထိန်းပေးခြင်းတို့ဖြင့် လျှော့ချနိုင်သည်။

 

သီးနှံအာဟာရနှင့်  အူတိုင်ခေါင်းပွဖြစ်ခြင်း သို့မဟုတ် အူတိုင်ဖြူခြင်း

 ဖော့စဖရပ်စ်

ဖော့စဖရပ်စ်နှင့် ဖရဲအူတိုင်ခေါင်းပွဖြစ်ခြင်း

 ဖော့စဖရပ်စ်သည် ပန်းပွင့်ဖြစ်ပေါ်သည့်အချိန်တွင် အသီးတည်ခြင်းကို မြင့်မားစေရန်အတွက်အရေးကြီးသည်။ ၎င်းသည် ပိုက်ကွက်ကောင်းစွာဖြစ်ပေါ်နေသောပိုမိုထူထဲသည့်အသီးခွံများကိုထုတ် လုပ်ရာတွင်လည်းကူညီဆောင်ရွက်ပေးသည်။ ရွက်ဖျန်းဖော့စဖိတ်သည် အူတိုင်ခေါင်းပွဖြစ်ခြင်းကိုလျှော့ချပေးနိုင်သည်။

ရွက်ဖျန်းဖော့စဖိတ်သည် သခွားမွှေးသီးအူတိုင်ခေါင်းပွဖြစ်ခြင်းနှင့် အူတိုင်ဖြူခြင်းတို့ကိုလျှော့ချပေးနိုင်သည်။ ဖရဲသီးနှံတွင် အသီးခူးချိန်မတိုင်မီ ရွက်ဖျန်းဖော့စဖိတ် အသုံးပြုခြင်းသည် အူတိုင်ခေါင်းပွဖြစ်ပေါ်ခြင်းကိုလျော့နည်းစေကြောင်း ပြသခဲ့ပြီးဖြစ်သည်။

 

ကယ်လ်စီယမ်

ကယ်လ်စီယမ်နှင့် နိုက်ထရိုဂျင်အမျိုးအစား

သခွားမွှေးများတွင် ကယ်လ်စီယမ်အာဟာရချို့တဲ့ခြင်းသည်လည်း အူတိုင်ခေါင်းပွဖြစ်ခြင်းနှင့် အူတိုင်ဖြူခြင်းတို့ကိုဖြစ်ပေါ်စေနိုင်သည်။ အသီးများသည် အသီးခွံချွတ်ယွင်းပြီးပုံပျက်သွားသည်။ အူတိုင်ခေါင်းပွဖြစ်ခြင်းသည် အပင်တွင်ကယ်လစီယမ်ချို့တဲ့ချိန်၌ ပိုမိုအဖြစ်များသည်။

ကယ်လ်စီယမ်နိုက်ထရိတ်သည် အသီးအရည်အသွေးကောင်းရရှိစေရန် သေချာစေသည့်အပြင် အူတိုင်ခေါင်းပွဖြစ်ခြင်းနှင့် အူတိုင်ဖြူခြင်းတို့လျော့ကျစေရန်လည်းအထူးအကျိုးသက်ရောက်မှုရှိကြောင်းကိုစမ်းသပ်ကွက်များမှ အတည်ပြုနိုင်ခဲ့ပါတယ်။

 

သင့်ရဲ့ ဖရဲ၊သခွားသီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား

သင့်ရဲ့ သီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား။ အောက်ပါ ဇယားတွင် သီးနှံအဟာရချို့တဲ့ခြင်းများကို အလွယ်တကူ ရှာဖွေပါ။

N နိုက်ထရိုဂျင်
B ဘိုရွန်
Mn မဂ္ဂနီး
Mo မော်လီဒီနမ်
P ဖော့စဖောရပ်
Mg မဂ္ဂနီစီယမ်
Ca ကယ်လစီယမ်
K ပိုတက်ဆီယမ်
S ဆာလဖာ

အားလုံးကို ကြည့်ရန်

မှန်ကန်သောအာဟာရစီမံခန့်ခွဲမှုက သင့် ဖရဲ၊သခွား သီးနှံများကို မည်သို့ အကျိုးသက်ရောက်နိုင်သလဲ

ဖရဲ ၊ သခွား သီးနှံအာဟာရဆောင်းပါး အားလုံးကို ကြည့်ရန်


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅