fbpx

သီးနှံအာဟာရ ဖြေရှင်းနည်းများ

ဖရဲ ၊ သခွား

ဖရဲ၊ သခွားမွှေးသီးနှံတွင် ရေကိုစီမံခန့်ခွဲခြင်း

သခွားမွှေးသည် စိုက်ပျိုးရာသီတလျှောက်လုံးတွင် အစိုဓါတ်ပုံမှန်လိုအပ်သည်။

ပန်းပွင့်ချိန်နှင့်အသီးဖြစ်ပေါ်ချိန်တို့တွင် အစိုဓါတ်ချို့တဲ့ခြင်းသည် သခွားမွှေးအထွက်နှုန်းအများဆုံးလျော့ကျခြင်းကို ဖြစ်ပေါ်စေသည်။

အစိုဓါတ်ချို့တဲ့ခြင်းသည် သခွားမွှေးအသီးခူးချိန်တွင် ပုံသဏ္ဍာန်မမှန်ခြင်းကို ဖြစ်ပေါ်စေနိုင်သည်။ မြောင်းဖြင့်ရေသွင်းခြင်း၊ ရေဖျန်းပေးခြင်းနှင့် အစက်ချရေသွင်းခြင်းတို့ကိုအဓိကသခွားမွှေးစိုက်ပျိုးသည့်နိုင်ငံများတွင် ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုကြသည်။

 

သခွားမွှေးသီးနှံတွင် အစက်ချရေသွင်းခြင်း

အစက်ချရေသွင်းခြင်း

အစက်ချရေသွင်းခြင်းသည် ရေကိုအကောင်းဆုံးအသုံးပြုခြင်းဖြစ်ပြီး အသီးပုပ်ခြင်းကဲ့သို့သောရောဂါကျရောက်မှုကိုလျော့နည်းစေသည့်အပြင် ရိတ်သိမ်းချိန်တခုနှင့်တခုကြားကာလကိုလည်းပိုမိုကောင်းမွန်စွာစီမံခန့်ခွဲနိုင်သည်။ ၎င်းသည် အာဟာရဓါတ်များကိုလည်းပိုမိုတိကျစွာအသုံးပြုစေပြီးသီးနှံကြီးထွားမှုရပ်တန့်ခြင်းကိုလျော့ကျစေသည့်အပြင် ပေါင်းပင်များပေါက် ရောက်ခြင်းကိုလည်းလျော့နည်းစေသည်။

ရေအရည်အသွေးသည် အရေးကြီးသည်။ အီးစီ(Electrical Conductivity-EC) ၈၃၂-၈၄၆ ppm နှင့်အတူအပေါ်တည့်တည့်မှရေပေးသွင်းခြင်းပြုလုပ်ပါကအရွက်လောင်ကျွမ်းခြင်းကိုဖြစ်ပေါ်စေသည်။ တစိမ့်စိမ့်စီးဆင်းစေသည့်ရေပေးသွင်းခြင်းပြုလုပ်ပါကအဆိုပါပြဿနာကိုလျော့နည်းစေမည်ဖြစ်ပြီး အီးစီ ၁၂၈၀ ppmကိုအသုံးပြုနိုင်သည်။

အငံဓါတ်မြင့်တက်လာခြင်းကြောင့် အာဟာရထိထိရောက်ရောက်စားသုံးမှုကျဆင်းသွားပြီးအထူးသဖြင့် နိုက်ထရိုဂျင်နှင့်ကယ်လစီယမ်တို့စားသုံးမှုလျော့နည်းသွားသည်။

သခွားတွင် ပန်းပွင့်ချိန်၌ သွင်းရေပမာဏကိုအနည်းငယ်လျှော့ချပေးရန်လိုသည်။ ထို့နောက် အသီးဖြစ်ပေါ်ချိန်အတောအတွင်းအသီးခွံပေါ်ရှိပိုက်ကွက်ဖြစ်ပေါ်သည့်အချိန်ထိသွင်းရေပမာဏကို မြှင့်တင်ပေးရန်လိုအပ်သည်။

ပိုက်ကွက်ကောင်းမွန်စွာဖြစ်ပေါ်ပြီးပြီးချင်းရေပိုမိုသွင်းပေးရန် အရေးကြီးသည်။ သွင်းရေသည် အသီးရင့်မှည့်ခြင်းမတိုင်မီအချိန်ကာလအတွင်းအသီးဖြစ်ပေါ်ခြင်းကိုအားပေးသည်။ထို့နောက် ရေသွင်းခြင်းကိုနောက်ထပ် တဖန်လျှော့ချရန်လိုအပ်သောအခါ လျှော့ချပေးခြင်းဖြင့် စုစုပေါင်းပျော်ဝင်အစိုင်အခဲများကိုဆက်လက်မြင့်မားနေစေမည်ဖြစ်သည်။အလျှင်အမြန်ကြီးထွားနေစဉ်ကာလအတွင်းရေပေးသွင်းမှုနည်းပါးပါကသို့မဟုတ် ရပ်တန့်လိုက်မည်ဆိုပါကကယ်လစီယမ်စားသုံးမှုလျော့နည်းသွားပြီး အသီးဆီသို့ကယ်လစီယမ်ရောက်ရှိမှုနည်းပါးသဖြင့် အသီးဖင်မဲပုပ်ရောဂါ (Blossom end rot-BER)သည် ပြဿနာတစ်ခုဖြစ်လာစေပါတယ်။

သင့်ရဲ့ ဖရဲ၊သခွားသီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား

သင့်ရဲ့ သီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား။ အောက်ပါ ဇယားတွင် သီးနှံအဟာရချို့တဲ့ခြင်းများကို အလွယ်တကူ ရှာဖွေပါ။

N နိုက်ထရိုဂျင်
B ဘိုရွန်
Mn မဂ္ဂနီး
Mo မော်လီဒီနမ်
P ဖော့စဖောရပ်
Mg မဂ္ဂနီစီယမ်
Ca ကယ်လစီယမ်
K ပိုတက်ဆီယမ်
S ဆာလဖာ

အားလုံးကို ကြည့်ရန်

မှန်ကန်သောအာဟာရစီမံခန့်ခွဲမှုက သင့် ဖရဲ၊သခွား သီးနှံများကို မည်သို့ အကျိုးသက်ရောက်နိုင်သလဲ

ဖရဲ ၊ သခွား သီးနှံအာဟာရဆောင်းပါး အားလုံးကို ကြည့်ရန်


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅