fbpx

သီးနှံအာဟာရ ဖြေရှင်းနည်းများ

ဖရဲ ၊ သခွား

ဖရဲ၊ သခွားမွှေးအမျိုးအစားများ

သခွားမျိုးများထဲတွင် အရောင်၊ ပုံသဏ္ဍာန်၊ အရွယ်အစားနှင့် အရသာအမျိုးမျိုးရှိသည့် မျိုးကွဲများတစ်ရာကျော်မျှ ရှိသော်လည်းအဓိကသခွားမွှေး မျိုးနှစ်ခုရှိသည်။

CucumisMelo-ကမ်တာလော့ပ်(cantaloupe)၊ အနံ့မွှေးသောသခွားမွှေးနှင့် ဟန်နီဒူးသခွားမွှေး(honeydew)တို့ဖြစ်ပြီး ယင်းတို့အနက် တစ်မျိုးကိုအများအားဖြင့် ကမ်တာလော့ပ်(သခွားမွှေး)ဟုခေါ်လေ့ရှိသည်။ Cirtrulluslanatus မျိုးမှာအခြားမျိုးဖြစ်ပြီးဖရဲအုပ်စုများကိုကိုယ်စားပြုသည်။

 

ကမ်တာလော့ပ်အမျိုးအစားများ

ယေဘုယျအားဖြင့် ကမ်တာလော့ပ်မျိုးများသည် ဖရဲမျိုးများထက် ပိုမိုချိုမြပြီး အသားပိုမိုကျစ်လျစ်သည်။ မျိုးစေ့များသည် သီးသန့်အကန့်လိုက်ပါရှိပြီးမစားသုံးခင် အလွယ်တကူဖယ်ရှားနိုင်သည်။

ကမ်တာလော့ပ်မျိုးစစ်စစ်(cantaloupensis မျိုး)တွင် အသားမြောင်းနက်ကာအခွံမာကျောပြီးအကြောများများကနေအသင့်အတင့်အထိပါရှိလျက်လိမ္မော်ရောင်သို့မဟုတ်အစိမ်းရောင် အနံမွှေးသောအသားပါရှိသည်။

သခွားမွှေး(reticulates မျိုး)များသည် ပိုက်ကွက်ပါရှိပြီးအနံ့မွှေးကာအကြောပါရှိခြင်းသို့မဟုတ် မပါရှိကြချေ။ ၎င်းတို့ကိုကျောက်သခွားမွှေး သို့မဟုတ် ကမ်တာလော့ပ်(US)ဟုလည်းခေါ်ကြသည်။

ပါရှန်သခွားမွှေးများ (reticulates မျိုးလည်း) များသည် အနံ့မွှေးသောသခွားမွှေးထက် ပိုမိုကြီးမားပြီးအမှည့်မြန်ကြသည်။ ၎င်းတို့သည် ကြီးပြင်းလာသောအချိန်တွင် နွယ်များလျောကျခြင်းမဖြစ်ပဲတခါတရံတွင် အနံ့မဲ့မျိုးများအဖြစ်ခွဲခြားသတ်မှတ်သည်။

အနံ့မဲ့မျိုးများ(ဆောင်းသခွားမွှေးများ)တွင် ကဆာဘာ(casabas)၊ ခရင်ရှော(crenshaws)နှင့်ဟန်နီဒူး(honeydes)တို့ပါဝင်သည်။အသီးများကြီးမားပြီးရင့်မှည့်မှုနောက်ကျကာရင့်မှည့်ချိန်တွင် ပင်စည်မှလျောကျခြင်းမရှိသဖြင့် ရိတ်သိမ်းချိန်တွင် အနွယ်များကို ဖြတ်တောက်ပစ်ရသည်။ ၎င်းတို့ကိုတလထက်ပို၍ သိုလှောင်သိမ်းဆည်းထားနိုင်သည်။

သခွားမွှေးအမျိုးအစားအားလုံးသည် မျိုးစိတ်တူညီပြီးအလွယ်တကူမျိုးစပ်နိုင်သည်။ ထို့ကြောင့် ယင်းသို့မျိုးခွဲခြင်းသည် အမြဲသက်ဆိုင်မှုမရှိပဲမျိုးရရှိသည့်အရင်းအမြစ်ပေါ်မူတည်၍ ကွဲပြားခြားနားကြသည်။

 

ကမ်တာလော့ပ်အမျိုးအစားများ

ကမ်တာလော့ပ်(လက်ဝဲ)၊ အနံ့မွှေးသခွားမွှေး(အလယ်)၊ ဟန်နီဒူး(လက်ယာ)

 ဖရဲသီးများ

ဖရဲသီးများသည် အရွယ်အစားအမျိုးမျိုးရှိပြီးလုံးဝန်းသည့်ပုံသဏ္ဍာန်မှ ဘဲဥပုံသဏ္ဍာန်အထိအမျိုးမျိုးရှိသည်။အသီးခွံအရောင်များမှာယေဘုယျအားဖြင့် အစိမ်းရောင်ဖျော့ဖျော့မှ အစိမ်းရင့်ရောင်ရှိပြီးအစင်းမပါရှိခြင်းသို့မဟုတ် ပါရှိကြသည်။ အသားသည် ကမ်တာလော့ပ်ထက် အချိုပေါ့ပြီးကျစ်လျစ်မှုနည်းပါးပြီး အများအားဖြင့် အနီရင့်ရောင်၊ အနီရောင် သို့မဟုတ် အဝါရောင်ဖြစ်သည်။ အသီးများသည် ကမ်တာလော့ပ်ထက်ပိုမိုကြီးမားသည်။ အစိမ်းဖျော့အောက်ခံပေါ်ရှိအစိမ်းရင့်အစင်းပါရှိသောဘဲဥပုံအမျိုးအစားများကို ဂျူဗလီအမျိုးအစားများဟုမကြာခဏခေါ်ကြသည်။

အစိမ်းဖျော့ အသီးခွံပါရှိသည့်အမျိုးအစားများသည် ၂၂ ပေါင်မှ ၃၃ ပေါင်အလေးချိန်ရှိကြသောCharleston Grays မျိုးများဖြစ်သည်။ လုံးဝန်း၍ ပိုမိုသေးငယ်ပြီးအသီးခွံတွင် အစင်းကြောင်းပါရှိသောသခွားမွှေးများကိုအများအားဖြင့် Crimson Sweet မျိုးများဟုခေါ်သည်။ အတုံးကြီးများပုံသဏ္ဍာန်သခွားမွှေး များမှာ Royal Sweet သို့မဟုတ် Mirage အမျိုးအစားများဖြစ်သည်။

သင့်ရဲ့ ဖရဲ၊သခွားသီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား

သင့်ရဲ့ သီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား။ အောက်ပါ ဇယားတွင် သီးနှံအဟာရချို့တဲ့ခြင်းများကို အလွယ်တကူ ရှာဖွေပါ။

N နိုက်ထရိုဂျင်
B ဘိုရွန်
Mn မဂ္ဂနီး
Mo မော်လီဒီနမ်
P ဖော့စဖောရပ်
Mg မဂ္ဂနီစီယမ်
Ca ကယ်လစီယမ်
K ပိုတက်ဆီယမ်
S ဆာလဖာ

အားလုံးကို ကြည့်ရန်

မှန်ကန်သောအာဟာရစီမံခန့်ခွဲမှုက သင့် ဖရဲ၊သခွား သီးနှံများကို မည်သို့ အကျိုးသက်ရောက်နိုင်သလဲ

ဖရဲ ၊ သခွား သီးနှံအာဟာရဆောင်းပါး အားလုံးကို ကြည့်ရန်


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅