fbpx

သီးနှံအာဟာရ ဖြေရှင်းနည်းများ

ဖရဲ ၊ သခွား

ဖရဲ၊ သခွားမွှေးစိုက်ပျိုးမြေစီမံခန့်ခွဲခြင်း

သခွားမွှေးများကိုမြေအမျိုးမျိုးတွင် စိုက်ပျိုးနိုင်သည်။ အရည်အသွေးမြင့်အထွက်တိုးသီးနှံများကိုလေဝင်လေထွက်ကောင်းပြီး(well-drained)ထွန်ရေးနက်နက်ဖြင့်(deep)မြေဆီသြဇာကောင်းသောမြေများတွင် (highly fertile soils)စိုက်ပျိုးကြသည်။

သခွားမွှေးများတွင် အမြစ်များတိမ်ကောပြီးရေငတ်ဒဏ်နှင့် ရေဝပ်ဒဏ် တု့ိကိုခံနိုင်ရည်မရှိကြချေ။ ထို့ကြောင့် သဲပိုဆန်ပြီးမြေစေးပါဝင်မှုနည်းပါးသော(lighter textured) မြေများကိုပိုမိုကြိုက်နှစ်သက်ကြသည်။မြေစေးပါဝင်မှုများသော(heavier)မြေများပေါ်တွင် ဖရဲသီးများအက်ကွဲခြင်းကိုပိုမိုဖြစ်ပေါ်စေနိုင်သည်။

 

သခွားမွှေးအမြစ်ဖွံ့ဖြိုးကြီးထွားခြင်း

လေဝင်လေထွက်ကောင်းသောမြေများသည် သန်စွမ်းသောအမြစ်ဖွံ့ဖြိုးကြီးထွားရန်အတွက် မရှိမဖြစ်လိုအပ်သည်။လေဝင်လေထွက်မကောင်းသောမြေသို့မဟုတ် မြေချဉ်များ(low pH soils) တွင် အညိုရောင် အပင်အောက်ခြေပုပ်ရောဂါပိုး(Fusarium spp.)နှင့်အပင်အောက်ခြေပုပ်ခြင်းသည် ပြဿနာတစ်ခုဖြစ်နိုင်သည်။ဘောင်များသို့မဟုတ် ပျိုးဘောင်များအသုံးပြုခြင်းသည် နွေးထွေးမှုကိုပိုမိုလျင်မြန်စေသဖြင့် ကြီးထွားမှုမြန်ဆန်ပြီးပိုမိုစောစောသီးနှံဖွံ့ဖြိုးမှုကြီးထွားမှုကိုဖြစ်ပေါ်စေလိမ့်မည်။ ပျိုးဘောင်များသည် ရေသွင်းရေထုတ်ပိုမိုကောင်းမွန်စေရန်လည်းအထောက်အကူပေးလိမ့်မည်။

သီးလှည့်စိုက်ပျိုးခြင်း(crop rotation)အမျိုးမျိုးကိုအထူးသဖြင့် နီမတုပ်(nematode)ကပ်ပါးကောင်များပြဿနာရှိသောနေရာများတွင် အသုံးပြုရန် အကြံပေးလိုသည်။နီမတုတ်ကပ်ပါးကောင်များကြောင့် ပျက်စီးဆုံးရှုံး ခြင်းနှင့် မြေကြီးထဲရှိရောဂါများအားအနည်းဆုံးဖြစ်စေရန်အတွက် အချို့နေရာများတွင် မြေဆီလွှာပိုးသတ်ခြင်းကိုလုပ်ဆောင်ကြသည်။ဤကဲ့သို့ပြုလုပ်သောနေရာများတွင် သီးလှည့်စိုက်ပျိုးခြင်းကာလများကိုတိုတောင်းစေနိုင်သည်။

အကောင်းဆုံးပီအိပ်ချ်သည် ၆.ဝ-၆.၆ ကြားဖြစ်သော်လည်းသီးနှံများကိုပီအိပ်ချ်အမျိုးမျိုးရှိသောမြေများတွင် စိုက်ပျိုးကြသည်။ပီအိပ်ချ်သည် ၅.၅ အောက်သို့ကျဆင်းသွားပါကမဂ္ဂနီဆီယမ်နှင့် မိုလီဒီနမ် ရရှိစားသုံးနိုင်မှုကျဆင်းသွားပြီး ၆.၅ အထက်ဖြစ်ပါကဇင့်၊ မန်းဂနီးစ်နှင့်သံဓါတ်တို့ချို့တဲ့လာသည်။

 

မြေဆီလွှာနှင့်အပင်တို့ကိုခွဲခြမ်းစိတ်ဖြာသုံးသပ်ချက်

မြေဆီလွှာခွဲခြမ်းစိတ်ဖြာသုံးသပ်ချက်ကိုမြေသြဇာအစီအစဉ်တစ်ခုအတွက် ကနဦးအခြေခံအချက်အလက်အဖြစ်ထောက်ပံ့ပေးရန် အသုံးပြုသည်။ အထူးသဖြင့် ပိုတက်စီယမ်နှင့် ဖော့စဖရပ်စ်လိုအပ်ချက်များ၏ ညွှန်ပြချက် အနေဖြင့်သုံးသည်။ ၎င်းကိုမြေဆီလွှာပီအိပ်ချ်နှင့် အော်ဂဲနစ်ပစ္စည်းပါဝင်မှုအဆင့်များကိုအကဲဖြတ်ရန်အတွက်လည်းအသုံးပြုသည်။

အရွက်ခွဲခြမ်းစိတ်ဖြာသုံးသပ်ချက်သည် ဒြပ်စင်များနှင့် အသီးအရည်အသွေးကောင်းထုတ်လုပ်မှုကိုသေချာစေသောကောင်းစွာညှိနှိုင်းပေးသည့် မြေသြဇာအစီအစဉ်တခုတို့အကြားညီညွတ်မျှတမှုကိုစဉ်ဆက်မပြတ်စောင့်ကြည့်ရန် အရေးပါသည်။အရွက်ခွဲခြမ်းစိတ်ဖြာသုံးသပ်ချက်သည် မြင်သာသောဓါတ်ချို့တဲ့မှုလက္ခဏာများကိုအတည်ပြုပေးလိမ့်မည်ဖြစ်ပြီးမြင်သာသောလက္ခဏာများအဆင့်သို့မရောက်သေးသည့်နေရာများရှိငုတ်လျှိုးနေသောချို့တဲ့မှုများကိုလည်း ပြသပေးလိမ့်မည်ဖြစ်သည်။

စာရင်းအချက်အလက်များကိုအဓိပ္ပါယ်ကောက်ယူသောခါ အသုံးပြုခဲ့သည့် နမူနာကောက်ယူခြင်းနည်းလမ်းနှင့် နမူနာကောက်ယူသည့်အချိန်တို့ကိုမှတ်သားထားရန်လိုသည်။ဖုန်မှုန့်၊ ရွက်ဖြန်းမြေသြဇာရည်များနှင့် မှိုသတ်ဆေးအကြွင်းအကျန်များသည် အဖြေများမြင့်မားမှုကိုဖန်တီးပေးနိုင်သဖြင့် စမ်းသပ်ခြင်းမပြုလုပ်မီအရွက်များကိုဆေးကြောသန့်စင်ရန်လည်းအရေးကြီးသည်။

 

သီးနှံကာကွယ်ခြင်း

အပင်မျိုးစပ်ထုတ်လုပ်သူများ(Plant breeders)သည် မှိုရောဂါ(alternaria)၊ ပင်စည်လောင်မီးကျရောဂါ၊ ဖားဥစွဲရောဂါနှင့် အပင်ရိသွားခြင်းတို့အပြင်ပျပိုးကြောင့်ဖြစ်သည့် မိုစေ့ဗိုင်းရပ်စ်တို့ကဲ့သို့သောရောဂါအမျိုးမျိုးကိုခံနိုင်ရည်ရှိသောသို့မဟုတ် တစိတ်တပိုင်းခံနိုင်ရည်ရှိသောမျိုးကွဲများကိုတိုး၍မိတ်ဆက်လာကြသည်။

စိုက်ပျိုးသူများသည် သင့်တော်သောမှိုသတ်ဆေးအစီအစဉ်များအသုံးပြု ခြင်းဖြင့် ရောဂါများ၏ အကျိုးသက်ရောက်မှုများကိုလျှော့ချနိုင်သည်။ ဘက်စုံသီးနှံကာကွယ်ခြင်း (integrated crop management) နည်းလမ်းများသည် မြေဆီလွှာနှင့် အရွက်များခြောက်သွေ့ခြင်းတို့ကိုထိန်းထားခြင်း ဖြင့် အပင်ရိခြင်း (dimping off) နှင့် လောင်မီး(blight) ကဲ့သို့သောရောဂါများရုတ်တရက်ကျရောက်ခြင်းကိုလျှော့ချရန်ကူညီပေးလိမ့်မည်။

မြစ်ဖု(root-knot)နီမတုတ်ကပ်ပါးကောင်များသည် အလွန်ပြင်းထန်သော ပြဿနာတစ်ခုဖြစ်ပြီးအမြစ်အစိတ်အပိုင်းများမစုံမလင်ဖြစ်ခြင်းနှင့် အာဟာရထိထိရောက်ရောက်စားသုံးမှုနှင့်မြေအစိုဓါတ်ရရှိမှုတို့ကိုတားဆီးပေးသည်။စိုက်ပျိုးသူများသည် ပိုးမွှားများဖျက်ဆီးခြင်းကိုလျှော့ချရန်အတွက် သင့်တော်သောသီးလှည့်စိုက်ပျိုးနည်းတခုကိုလက်ခံကျင့်သုံးရန် သို့မဟုတ် မြေကြီးမှိုင်းတိုက်သန့်စင်ခြင်း(soil fumigation)ကိုအသုံးပြုရန်လိုအပ်သည်။

 

အပင်ရိခြင်း

သခွားမွှေးမြစ်ဖုရောဂါ

မြစ်ဖုနီမတုတ်ကပ်ပါးကောင်ဖျက်ဆီးခြင်း

အင်းဆက်ပိုးမွှားများဖြစ်ကြသည့် ယင်ဖြူ၊ လှေးပိုးများ၊ ရွက်ဖြတ်ပိုးများ၊ ပျပိုးများ၊ ပေါက်ဖတ်များနှင့် သခွားအခွံမာပိုးကောင်များအားလုံးသည် သခွားမွှေးအပင်များကိုထိခိုက်ဒါဏ်ရာရစေသည်။ မြေကြီးထဲသို့ထည့်သောသို့မဟုတ် ရွက်ဖြန်းပိုးသတ်ဆေးများကိုဒေသတွင်းသို့ရောဂါပိုးစတင်ဝင်ရောက်ရောက်ချင်းအချိန်များတွင် အသုံးပြုသင့်သည်။

ပေါင်းဟန့်တားခြင်းသည် အစိုဓာတ်နှင့် အာဟာရများအတွက် ပြိုင်ဖက်ကိုလျှော့ချပေးရန် မရှိမဖြစ်လိုအပ်သည်။ဤသို့ပြုလုပ်ခြင်းသည်စတင်စိုက်ပျိုးခြင်းနှင့် ကြီးထွားမှုအစောပိုင်းအဆင့်တို့တွင် အထူးအရေးကြီးသည်။ စိုက်ပျိုးသူများသည် အပင်မစိုက်မီသို့မဟုတ် မျိုးစေ့မချမီပေါင်းအများအပြားကိုဖယ်ရှားရန် ပျိုးဘောင်စောစောပြင်ခြင်းနည်းစနစ်များ (stale-seedbed techniques) ကိုအသုံးအများဆုံးဖြစ်သည်။ရာသီချိန်နောက်ပိုင်းတွင် အပင်၏မြေလျှောက်သွားသည့်သဘာဝကြောင့် ပေါင်းပင်များကိုအပေါ်မှဖိလိုက်သဖြင့် ပေါင်းပင်အများအပြားကိုယုတ်လျော့စေသည်။

ပလပ်စတစ်အုပ်ပေးခြင်းသည် အပင်များကြားရှိပေါင်းပင်များကိုထိန်းချုပ် ရာတွင် အကောင်းဆုံးပံ့ပိုးပေးသည်။ အတန်းကြားရှိပေါင်းပင်များကိုတရားဝင်သတ်မှတ်ထားသောပေါင်းသတ်ဆေးများ ဖြန်းပေးခြင်းသို့မဟုတ် လက်ဖြင့်နှုတ်ပေးနိုင်သည်။ ဖုံးအုပ်ပေးခြင်းကိုအသုံးမပြုသောနေရာများတွင် သင့်တော်သည့် ပေါင်းပင်ပေါက်ပြီးနောက်ပိုင်းတွင်အသုံးပြုသောပေါင်းသတ်ဆေးများအသုံးပြုသောအခါ အပင်နုနုငယ်ငယ်များထိခိုက်ပျက်စီးသွားနိုင်သဖြင့် ဂရုတစိုက်သုံးစွဲရန်လိုအပ်သည်။

ပေါင်းပင်များကိုဖယ်ရှားရန်အတွက် အတန်းများအကြားထွန်ယက်သောအခါ သခွားမွှေးသီးနှံ၏ နူးညံ့သောအမြစ်များကို နှောင့်ယှက်မှုမဖြစ်စေရန် ထွန်ရေးတိမ်တိမ်လေးဖြစ်သင့်သည်။

 

သင့်ရဲ့ ဖရဲ၊သခွားသီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား

သင့်ရဲ့ သီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား။ အောက်ပါ ဇယားတွင် သီးနှံအဟာရချို့တဲ့ခြင်းများကို အလွယ်တကူ ရှာဖွေပါ။

N နိုက်ထရိုဂျင်
B ဘိုရွန်
Mn မဂ္ဂနီး
Mo မော်လီဒီနမ်
P ဖော့စဖောရပ်
Mg မဂ္ဂနီစီယမ်
Ca ကယ်လစီယမ်
K ပိုတက်ဆီယမ်
S ဆာလဖာ

အားလုံးကို ကြည့်ရန်

မှန်ကန်သောအာဟာရစီမံခန့်ခွဲမှုက သင့် ဖရဲ၊သခွား သီးနှံများကို မည်သို့ အကျိုးသက်ရောက်နိုင်သလဲ

ဖရဲ ၊ သခွား သီးနှံအာဟာရဆောင်းပါး အားလုံးကို ကြည့်ရန်


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅