fbpx

သီးနှံအာဟာရ ဖြေရှင်းနည်းများ

ဖရဲ ၊ သခွား

ဖရဲ၊ သခွားမွှေးအာဟာရဆိုင်ရာအကျဉ်းချုပ်

ကျန်းမာသန်စွမ်းပြီးအထွက်ကောင်းသောသီးနှံပင်ဖြစ်ထွန်းရန်အတွက် စတင်စိုက်ပျိုးချိန်မှ အပင်ကြီးထွားသည်အထိသင့်တော်သောအာဟာရကိုထိန်းထားရမည်ဖြစ်သည်။

အလျင်အမြန်ကြီးထွားနေသောရာသီချိန်အတွင်းမည်သည့်အာဟာရဓါတ်ချို့တဲ့မှုမဆိုသီးနှံအထွက်နှုန်းနှင့် အရည်အသွေးတို့ကိုထိခိုက်စေလိမ့်မည်။

 

အနည်းလိုအာဟာရနှင့် ဘရစ်ဇ်(အချိုဓာတ်)

သခွားမွှေးတွင် အနည်းလိုအာဟာရနှင့် ဘရစ်ဇ်

အကောင်းဆုံးညှိနှိုင်းထားသောဇင့်နှင့်ကယ်လစီယမ် အစီအစဉ်တခုကိုအရွက်တွင်ကျွေးပြီးနောက် ပထမဦးဆုံးပန်းပွင့်ချိန်နှင့် အသီးတည်ချိန်အစောပိုင်းကာလတလျှောက် ကျွေးပေးခြင်းဖြင့် သီးနှံအရည်အသွေးကိုသိသိသာသာတိုးတက်ကောင်းမွန်စေသည်။

 

အများလိုအာဟာရနေ့စဉ်စားသုံးမှု(အနံ့မွှေးသောသခွားမွှေး)

 နိုက်ထရိုဂျင်စားသုံးမှုသည် ပိုတက်စီယမ်နှင့်နှိုင်းယှဉ်ပါကသီးနှံပင်၏ အစောပိုင်းတွင်လိုအပ်ပြီးအသီးကြီးထွားမှုအစောပိုင်းအချိန်တွင်အထွတ် အထိပ်သို့ရောက်ရှိသည်။

 

သီးနှံတပင်လုံးမှ အများလိုအာဟာရစားသုံးမှု(အနံ့မွှေးသောသခွားမွှေး)

သခွားမွှေးများသည် သီးနှံတစ်တန်ထုတ်လုပ်မှုတွင် နိုက်ထရိုဂျင် 3.4 ကီလိုဂရမ်အထက်စားသုံးပြီး ၎င်း၏ ၆၀% ကျော်ကိုအသီးဆီသို့ပို့ဆောင်ပေးသည်။

 

အနည်းလိုအာဟာရနေ့စဉ်စားသုံးမှု

သခွားမွှေးသီးနှံများတွင် အနည်းလိုအာဟာရနေ့စဉ်စားသုံးမှု

သခွားမွှေးသီးနှံများကြီးထွားမှုအတွက် အဓိကအာဟာရများမှာသံ၊မန်းဂနီးစ်၊ ဇင့်နှင့် ဘိုရွန်တို့ဖြစ်ကြသည်။

 

အများလိုအာဟာရနှင့်ဘရစ်ဇ်

သခွားမွှေးတွင် အများလို အာဟာရနှင့်ဘရစ်ဇ်

အကောင်းဆုံးညှိနှိုင်းထားသောဇင့်နှင့်ကယ်လစီယမ်အစီအစဉ်ကိုအရွက်အားကျွေးပေးပြီးနောက် ပထမဦးဆုံးပန်းပွင့်ချိန်နှင့်အသီးတည်ချိန်အစောပိုင်းကာလတလျှောက်တွင် ကျွေးပေးခြင်းဖြင့် သီးနှံအရည်အသွေး ကိုသိသိသာသာတိုးတက်ကောင်းမွန်စေသည်။

 

အများလိုအာဟာရနေ့စဉ်စားသုံးမှု(အနံ့မွှေးသောသခွားမွှေး)

နိုက်ထရိုဂျင်စားသုံးမှုသည် ပိုတက်စီယမ်နှင့်နှိုင်းယှဉ်ပါကအစောပိုင်းတွင်လိုအပ်ပြီးအသီးကြီးထွားမှုအစောပိုင်းအချိန်တွင် အထွပ်အထိပ်သို့ ရောက်ရှိသည်။

 

အနံ့မွှေးသောသခွားမွှေး၏ အများလိုအာဟာရနေ့စဉ်စားသုံးမှု

 


အနံ့မွှေးသောသခွားမွှေးတပင်လုံး၏ အများလိုအာဟာရစားသုံးမှု

 

 


သခွားမွှေးသီးနှံများတွင် အနည်းလိုအာဟာရနေ့စဉ်စားသုံးမှု

 

 

သခွားမွှေးသီးနှံများတွင် အနည်းလိုအာဟာရများနှင့် ဘရစ်ဇ်

အများလိုအာဟာရများ

နိုက်ထရိုဂျင်နှင့် ပိုတက်စီယမ်တို့သည် သခွားမွှေးသီးနှံများမှ အများဆုံးစားသုံးသောအာဟာရများဖြစ်ကြသည်။အာဟာရဓါတ် တမျိုးမျိုးလွန်ကဲသွားပါကအခြားအာဟာရဓါတ်များစားသုံးမှုကိုဟန့်တားခြင်းမရှိစေရန်အတွက် ပိုတက်စီယမ်၊ ကယ်လစီယမ်နှင့် မဂ္ဂနီဆီယမ်အသုံးပြုမှုတို့အကြားမျှတမှန်ကန်စေရန် အထူးအရေးကြီးသည်။

 

နိုက်ထရိုဂျင်

နိုက်ထရိုဂျင်သည် အထွက်နှုန်းကောင်းရရှိရေးအတွက်အကူအညီပေးရန် လိုအပ်သည်။ နိုက်ထရိုဂျင်သည် အရွက်ကြီးထွားမှုကိုတွန်းအားပေးခြင်းဖြင့် အသီးတွင် သကြားစုပေါင်းခြင်းကိုလည်းကူညီပေးသည်။

အချိန်နှောင်းမှနိုက်ထရိုဂျင်ကိုအလွန်အကျွံ့ကျွေးခြင်းသည် အသီးများပျက်စီးခြင်းနှင့် ပုပ်ခြင်းတို့ကို ဖြစ်ပေါ်စေသည်။အပင်မစိုက်မီသို့မဟုတ် ရွှေ့ပြောင်းစိုက် ပျိုးချိန်တွင် မိုးရေချိန်ကြောင့် စိမ့်ဝင်သွားခြင်း ဖြစ်နိုင်ခြေမရှိပါကအချို့နိုက်ထရိုဂျင်ကိုပုံမှန်အားဖြင့်ကြဲပက်ပေးသည်။ဤသို့ကျွေးပြီးပါကနောက်ဆက်တွဲအနေဖြင့် ပန်းပွင့်ချိန်မတိုင်မီ နိုက်ထရိုဂျင်ကိုထပ်မံကျွေးပေးသည်။

 

ဖော့စဖရပ်စ်

ဖော့စဖရပ်စ်ကိုပန်းပွင့်ချိန်မှစ၍နောက်ဆုံးအသီးကြီးထွားချိန်အထိအသီးကောင်းမွန်စွာဖြစ်ပေါ်ရေးနှင့် ကြီးထွားရေးတို့အတွက် အဓိကလိုအပ်သည်။ သီးနှံတွင် အထွတ်အထိပ်လိုအပ်ချိန်မရှိပေ။ ဖော့စဖရပ်စ်မြေသြဇာကိုစိုက်ပျိုးရာသီအစောပိုင်းတွင် မကြာခဏကျွေးပေးသည်။ထိုသို့ကျွေးခြင်းသည် အပင်မှအသီးဆီသို့ ကောင်းစွာပြန်လည်မျှဝေပေးခြင်းဖြင့်အသီး၏လိုအပ်ချက်ကို ပြည့်မီစေရန်အများအားဖြင့် လုံလောက်မှုရှိသည်။ဖော့စဖရပ်စ်ကိုစောစောကျွေးခြင်းသည် အမြစ်စောစောကြီးထွားမှုနှင့် အပင်ဖွံ့ဖြိုးကြီးထွားမှုတို့ကိုလည်းပိုမိုမြင့်မားစေသည်။ပန်းပွင့်ချိန်နောက်ပိုင်းတွင် ကျွေးပါက ကြီးထွားမှုကိုလွှမ်းမိုးနိုင်ခြင်းမရှိတော့ချေ။

 

ပိုတက်စီယမ်

ပိုတက်စီယမ်သည် နိုက်ထရိုဂျင်ထက် ပမဏပိုမိုလိုအပ်သည်။ အပင်စားသုံးမှုသည် အသီးထုတ်လုပ်မှုတတန်လျင် 7.0 ကီလိုဂရမ်အထက်ဖြင့်အသီးတည်ချိန်တွင် အထွတ်အထိပ်သို့ရောက်ရှိကာအသီးကြီးထွားချိန်အထိဆက်လက်လိုအပ်သည်။ စိုက်ပျိုးရာသီတလျှောက်လုံးမြေသြဇာကိုပုံမှန်ကျွေးပြီးနောက် ပိုတက်စီယမ်ကိုအများအားဖြင့် မြေခံမြေသြဇာအနေဖြင့် ကျွေးပေးသည်။ ပိုတက်စီယမ်စားသုံးမှုအားလုံး၏ ၇၀% ဝန်းကျင်ကိုအရွက်မှပြန်လည်သန့်စင်ပေးပြီးအသီးဆီသို့်ပို့ပေးသည်။ ပိုတက်စီယမ်သည် အသီးအရည်အသွေးအတွက်အဓိကအရေးကြီးပြီးသခွားမွှေးသီးတွင် သကြားပါဝင်မှုမြင့်မားစေပြီးအက်ကွဲခြင်းဘေးအန္တရယ်ဖြစ်ပေါ်မှုများကိုလျှော့ချပေးသည်။

 

ကယ်လစီယမ်

ကယ်လစီယမ်သည် အသီးထုတ်လုပ်မှုတတန်လျင် ၂.၇ ကီလိုဂရမ်အထက်နှုန်းဖြင့် ပမာဏများများလိုအပ်သည်။ အခြေအနေအတော်များများတွင် ၎င်းသည် နိုက်ထရိုဂျင်ကဲ့သို့ပင် ညီတူညီမျှအရေးပါသည်။ ကယ်လစီယမ်အများအပြားကိုအပင်ကြီးထွားမှုအစောပိုင်းတွင် စားသုံးသည်။ ဤသို့စားသုံးခြင်းသည် ကြံ့ခိုင်သန်မာသောအရွက်ဖြစ်ပေါ်မှုကိုအားပေးသည်။ အဆိုပါစားသုံးမှု၏ ၁၅% မျှသောအချိုးအစားအနည်းငယ်ကိုသာလျင် အသီး၌ တွေ့ရှိရစဉ်တွင် ယင်းကဲ့သို့ ဒြပ်စင်ပမာဏလျော့ကျခြင်းသည် အက်ကွဲခြင်းကိုအနည်းဆုံးဖြစ်သောအသီးကောင်းများခိုင်မြဲခြင်းကိုထိန်းသိမ်းရာတွင်အဓိကအရေးကြီးသည်။

 

အနည်းလိုအာဟာရများ

အရည်အသွေးကောင်းသခွားမွှေးထုတ်လုပ်မှုနှင့် အထွက်နှုန်းတို့ကိုကျေနပ်အားရစေရန် အနည်းလိုအာဟာရများပမာဏအနည်းငယ်သာလိုအပ်ချိန်တွင် ၎င်းတို့၏ ဒြပ်စင်များပါဝင်မှုညီညွတ်မျှတမှန်ကန်ရေးမှာမရှိမဖြစ်အရေးကြီးသည်။

 

ဘိုရွန်

အဓိကအနည်းလိုအာဟာရများအနက် တစ်ခုဖြစ်သည်။ အရွက်သန်မာကြီးထွားရန်အရေးကြီးသည်။ ပန်းပွင့်စတင်ဖြစ်ပေါ်ရန်နှင့် အသီးဖူးဖြစ်ပေါ်စဉ်အတွင်းတွင်လည်းအဓိကအရေးကြီးသောအခန်းကဏ္ဍမှပါဝင်သည်။ ဘိုရွန်သည် ကယ်လစီယမ်နှင့်အတူအသီးအားကောင်းရေးကိုထိန်းသိမ်းရန်ရှေ့ဆင့်နောက်ဆင့်အလုပ်လုပ်သည်။

 

သံဓာတ်

အဓိကအနည်းလိုအာဟာရများအနက် တစ်ခုဖြစ်သည်။ အရွက်သန်မာ ကြီးထွားရန်အရေးကြီးသည်။

 

မန်းဂနီးစ်

အဓိကအနည်းလိုအာဟာရများအနက် တစ်ခုဖြစ်သည်။ အရွက်သန်မာ ကြီးထွားရန်အရေးကြီးသည်။

 

ဇင့်ဓာတ်

အဓိကအနည်းလိုအာဟာရများအနက် တစ်ခုဖြစ်သည်။ အရွက်သန်မာ ကြီးထွားရန်အရေးကြီးသည်။ပန်းပွင့်စတင်ဖြစ်ပေါ်ရန်နှင့် အသီးဖူးဖြစ် ပေါ်စဉ်အတွင်းတွင်လည်းအဓိကအရေးကြီးသောအခန်းကဏ္ဍမှပါဝင်သည်။

သင့်ရဲ့ ဖရဲ၊သခွားသီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား

သင့်ရဲ့ သီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား။ အောက်ပါ ဇယားတွင် သီးနှံအဟာရချို့တဲ့ခြင်းများကို အလွယ်တကူ ရှာဖွေပါ။

N နိုက်ထရိုဂျင်
B ဘိုရွန်
Mn မဂ္ဂနီး
Mo မော်လီဒီနမ်
P ဖော့စဖောရပ်
Mg မဂ္ဂနီစီယမ်
Ca ကယ်လစီယမ်
K ပိုတက်ဆီယမ်
S ဆာလဖာ

အားလုံးကို ကြည့်ရန်

မှန်ကန်သောအာဟာရစီမံခန့်ခွဲမှုက သင့် ဖရဲ၊သခွား သီးနှံများကို မည်သို့ အကျိုးသက်ရောက်နိုင်သလဲ

ဖရဲ ၊ သခွား သီးနှံအာဟာရဆောင်းပါး အားလုံးကို ကြည့်ရန်


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅