fbpx

သီးနှံအာဟာရ ဖြေရှင်းနည်းများ

ဖရဲ ၊ သခွား

သခွားမွှေးတွင်(အချိုဓာတ်) စုစုပေါင်းပျော်ဝင်အစိုင်အခဲ(Total Soluble Solid-TSS)များကို စီမံခန့်ခွဲခြင်း

သခွားမွှေးသီးချိုလေလေ အရည်အသွေးပိုကောင်းလေလေဖြစ်ပါတယ်။

အချိုဓာတ်ကို စုစုပေါင်းပျော်ဝင်အစိုင်အခဲများပါဝင်မှုကအဆုံးအဖြတ်ပေးသည်။ ၎င်းကို လက်ကိုင်အရွယ်အစား အချိုတိုင်းကိရိယာဖြင့်တိုင်းတာနိုင်ပါတယ်။

သခွားမွှေးသီးတွင်ပါဝင်သည့် စုစုပေါင်းပျော်ဝင်အစိုင်အခဲကို ဘရစ်(Brix)ယူနစ်ဖြင့် ဖော်ပြသည်။ ၎င်းသည် သကြားပျော်ရည်အညွှန်းတစ်ခု၏ ရာခိုင်နှုန်းနှင့်တူညီသည်။ စုစုပေါင်းပျော်ဝင်အစိုင်အခဲကို သကြားများဖြင့် ပါဝင်ဖွဲ့စည်းထားသည်။ သခွားမွှေးသီးများတွင် သကြားပါဝင်မှု အနည်းဆုံးပမာဏသည် ၈% လိုအပ်သည်။ အမေရိကန်နိုင်ငံမှ အုပ်စုခွဲ စံသတ်မှတ်ချက်များအရ သကြားပါဝင်မှု ၁၀-၁၂ % ရှိသော သခွားမွှေးသီးများမှာ အလွန်စားကောင်းသည့်အရည်အသွေးဖြစ်သည်။ ၎င်းတို့ကို သယ်ယူပို့ဆောင်ရာတွင်လည်း ကောင်းမွန်သည်။ ၁၂-၁၄ ရာခိုင်နှုန်း သကြားပါဝင်မှုရှိသော သခွားမွှေးများမှာ အချို့ဒေသန္တရဈေးကွက်အတွက် အသင့်တော်ဆုံးဖြစ်သည်။ သကြားပါဝင်မှုပမာဏ ၁၅ ရာခိုင်နှုန်း ကျော်သွားသည့် မည်သည့်သခွားမွှေးမဆို အမှည့်လွန်သွားပြီဖြစ်ပါတယ်။

 

သခွားမွှေးသီးတွင် သီးနှံအာဟာရနှင့် စုစုပေါင်းပျော်ဝင်အစိုင်အခဲများ(အချိုဓာတ်)

နိုက်ထရိုဂျင်

နိုက်ထရိုဂျင်နှင့်သကြားပါဝင်မှု

မှန်ကန်သောနိုက်ထရိုဂျင်ပမာဏကျွေးပေးခြင်းသည် အရွက်ကြီးထွားမှုကို အားပေးပြီး သကြားချက်လုပ်ရန်အရေးပါပြီး အသီး၏အရည်အသွေးကို ပိုမိုကောင်းမွန်စေသည်။ နိုက်ထရိုဂျင်ပုံစံသည် အထူး သဖြင့် အရေးပါပြီး ကြီးထွားမှုလျင်မြန်ခြင်းနှင့် သီးနှံအထွက်တိုးခြင်းတို့ကို ထိန်းပေးရန်အတွက် အမိုးနီးယမ်နှင့် နိုက်ထရိတ်ပုံစံတို့အကြား ညီညွတ်မျှတခြင်းကို ထိန်းသိမ်း စောင့်ရှောက်ပေးရန် အဓိကအရေးကြီးသည်။ နိုက်ထရိုဂျင်မြေသြဇာကို အမိုးနီးယန်းပမာဏများများနှင့်အတူတကွ အသုံးပြုခြင်းသည် နိုက်ထရိတ် များများနှင့်တွဲသုံးခြင်းနှင့်နှိုင်းယှဉ်ပါက အရွက်များမှ နိုက်ထရိုဂျင်စားသုံးမှု သိသိသာသာလျော့ကျသွားပြီး အထွက်ဆုံးရှုံးကြောင်းကို စမ်းသပ်ကွက်များမှ အတည်ပြုသည်။သီးနှံအရည်အသွေးကိုလည်း ပျက်စီးသွားစေပါတယ်။

 

နိုက်ထရိုဂျင်အရင်းအမြစ်နှင့်အထွက်နှုန်း

 

ဖော့စဖရပ်စ်

ဖော့စဖရပ်စ်နှင့် စုစုပေါင်းပျော်ဝင်အစိုင်အခဲများ

စိုက်ပျိုးရာသီတလျှောက်လုံးတွင် ဖော့စဖရပ်စ်ကျွေးပေးခြင်းသည် သကြားပါ ဝင်မှုမြင့်မားပြီး အရည်အသွေးကောင်းသော အသီးထုတ်လုပ်မှုကို သေချာ စေပါတယ်။

 

ပိုတက်စီယမ်

ပိုတက်စီယမ်၊ သကြားနှင့် စုစုပေါင်းပျော်ဝင်အစိုင်အခဲများ

ပိုတက်စီယမ်သည် ထိပ်တန်းအရည်အသွေးကောင်းအသီးရရှိရေးအတွက် အထူးအရေးကြီးသည့်အခန်းကဏ္ဍမှပါဝင်သည်။ ၎င်းသည် သကြားများကို အသီးဆီသို့သယ်ယူပို့ဆောင်ပေးရာတွင် အဓိကနေရာမှပါဝင်သည်။ ပိုတက်စီယမ်သည် အသီးတွင် သကြားပမာဏအများဆုံးဖြစ်ပေါ်စေရန် အတွက်လည်း အလွန်အရေးပါပါတယ်။

 

မဂ္ဂနီဆီယမ်

မဂ္ဂနီဆီယမ်နှင့်အသီးအရည်အသွေး

မဂ္ဂနီဆီယမ်စားသုံးမှုသည် အခြားဓာတ်ဖိုများလွန်ကဲမှုကြောင့် လျော့ကျ သွားနိုင်သည်။ (လျော့၍စားသုံးမှုကို ရှောင်ရှားရန်အတွက် မှန်ကန်သော မျှခြေကို ထိန်းထားရန်အရေးကြီးသည်) ဓာတ်ဖိုများမညီမျှခြင်းသည် သကြားပါဝင်မှု၊ အသားနှင့် အခွံကျစ်လျစ်မှုတို့ကိုလျော့ကျစေပါတယ်။

 

သခွားမွှေးအတွက် ထောက်ခံချက်ပေးလိုသည့် ယာရာမြေသြဇာ။

သင့်ရဲ့ ဖရဲ၊သခွားသီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား

သင့်ရဲ့ သီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား။ အောက်ပါ ဇယားတွင် သီးနှံအဟာရချို့တဲ့ခြင်းများကို အလွယ်တကူ ရှာဖွေပါ။

N နိုက်ထရိုဂျင်
B ဘိုရွန်
Mn မဂ္ဂနီး
Mo မော်လီဒီနမ်
P ဖော့စဖောရပ်
Mg မဂ္ဂနီစီယမ်
Ca ကယ်လစီယမ်
K ပိုတက်ဆီယမ်
S ဆာလဖာ

အားလုံးကို ကြည့်ရန်

မှန်ကန်သောအာဟာရစီမံခန့်ခွဲမှုက သင့် ဖရဲ၊သခွား သီးနှံများကို မည်သို့ အကျိုးသက်ရောက်နိုင်သလဲ

ဖရဲ ၊ သခွား သီးနှံအာဟာရဆောင်းပါး အားလုံးကို ကြည့်ရန်


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅