fbpx

သီးနှံအာဟာရ ဖြေရှင်းနည်းများ

ဖရဲ ၊ သခွား

ဖရဲ၊ သခွားမွှေးအရည်အသွေးကိုလွှမ်းမိုးခြင်း

သခွားမွှေးဖောက်သည် အများစုသည် အသားကျစ်လျစ်ခြင်းနှင့် အရသာ ချိုခြင်းတို့ကိုလိုက်လံရှာဖွေကြသည်။

သို့ဖြစ်၍ အရည်အသွေးကိုထိန်းသိမ်းရာတွင် အထူးသဖြင့် အသီးခွံမောကျောခြင်းနှင့် ကျုံ့လွယ်ဆန့်လွယ်ခြင်းစသည်တို့သည် သခွားမွှေးသီးတာရှည်ခံခြင်းအတွက် အလွန်အရေးကြီးသည်။ 

 

သီးနှံအာဟာရနှင့်သခွားမွှေးအရည်အသွေး

နိုက်ထရိုဂျင် သည် သကြားပါဝင်မှုနှင့် အရသာတို့အတွက် အရေးပါသည်။ သို့သော် ကြီးထွားမှုနောက်ပိုင်းအဆင့်များတွင် နိုက်ထရိုဂျင်မာဏလွန်ကဲခြင်းသည် အသီးခွံချွတ်ယွင်းချက်ကြောင့် အသီးပုပ်ခြင်းကိုပိုမိုမြင့်မားစေသည်။

ဖော့စဖရပ်စ် သည် အမြစ်ကြီးထွားမှုအတွက်အရေးပါသည့်အပြင်ပန်းပွင့်ဖြစ်ပေါ်ချိန်အတောအတွင်းသခွားမွှေးအသီးတည်ခြင်းကိုလည်းပိုမိုဖြစ်ပေါ်စေသည်။ ၎င်းသည် အခွံကိုပိုမိုထူထဲစေပြီးပိုက်ကွက်ပိုမိုဖြစ်ပေါ်စေရန်လည်းကူညီပေးသည်။

ပိုတက်စီယမ် သည် အသီးခူးချိန်တွင် သကြားပါဝင်မှုကိုအဆုံးအဖြတ်ပေး ခြင်းဖြင့် အသီးအရည်အသွေးကိုအမြင့်ဆုံးဖြစ်စေသည့် အရေးကြီးသောအခန်းကဏ္ဍတွင် ပါဝင်သည်။

ကယ်လစီယမ် သည် အသီးခွံကလာပ်စည်းနံရံများကိုသန်မာစေခြင်းနှင့် အသီးကောင်းမွန်သည့်အခြေအနေ၊ ပုံသဏ္ဍာန်နှင့် သိုလှောင်ခြင်းဆိုင်ရာလက္ခဏာများကိုထိန်းထားပေးခြင်းအားဖြင့် အသီးအရည် အသွေး ကိုအမြင့်ဆုံးဖြစ်စေသည့် အဓိကအခန်းကဏ္ဍတွင်ပါရှိသည်။ ၎င်းသည် အသီးဖင်မဲပုပ်ရောဂါကိုလျှော့ချပေးရာတွင်လည်းအဓိကျအခန်းကဏ္ဍမှပါဝင်သည်။

ဘိုရွန် သည် မျိုးစေ့ဖြစ်ပေါ်မှုပြည့်စုံကောင်းမွန်စေခြင်းနှင့် ကယ်လစီယမ်စားသုံးမှုကို မြန်ဆန်စေအောင် ကူညီအားပေးခြင်းတို့အားဖြင့် သခွားမွှေးအသီးခွံအရည်အသွေးကိုတိုးတက်ကောင်းမွန်စေသည့် အခန်းကဏ္ဍ တွင် ပါဝင်သည်။

မဂ္ဂနီဆီယမ် ကိုပိုတက်စီယမ်နှင့် ကယ်လစီယမ်တို့နှင့် အချိုးမျှတအောင် ကျွေးပေးပါကအသားကျစ်လျစ်မှုနှင့် သကြားပါဝင်မှုကောင်းမွန်ခြင်းတို့ကိုသေချာစေသည်။

 

သခွားမွှေးအရည်အသွေးကို ပိုမိုကောင်းမွန်စေသော အခြား စီမံခန့်ခွဲခြင်း နည်းလမ်းများ

ကြီးထွားမှုနောက်ပိုင်းအဆင့်များတွင်အရည်အသွေးကိုဟန့်တားခြင်းမရှိသည့်ပတ်ဝန်းကျင်နှင့် ကြီးထွားမှုဆိုင်ရာကန့်သတ်ချက်များဖြစ်ပေါ်ခြင်းမရှိအောင်သေချာပြုလုပ်ရေးမှာအထူးအရေးကြီးသည်။သခွားမွှေးသီးမှန်မှန်ကြီးထွားခြင်းကိုရေပမာဏလွန်ကဲမှုမရှိပဲလုံလုံလောက်လောက် ပေးသွင်းလျက် အမြဲတမ်းထိန်းထားခြင်းသည် အသီးအရည်အသွေးကောင်းစံနှုန်းများနှင့် ပြည့်မီလိမ့်မည်ဖြစ်သည်။

စိုက်ပျိုးသူများသည် ခံနိုင်ရည်ရှိသော မျိုးစိတ်များကိုရွေးချယ်စိုက်ပျိုးခြင်း၊ ရေသွင်းရေထုတ် ပြဿနာမရှိသောမြေပေါ်တွင် စိုက်ပျိုးခြင်းနှင့် ရေပေးသွင်းမှုကိုကောင်းစွာစီမံခန့်ခွဲနိုင်သောနေရာတို့တွင် စိုက်ပျိုးခြင်းတို့အားဖြင့် အသီးအက်ကွဲခြင်းကိုရှောင်ရှားနိုင်သည်။

ရောဂါများနှင့်ပိုးမွှားများကိုထိန်းချုပ်ခြင်းသည် ပန်းပွင့်ချိန်နှင့် အသီးဖြစ် ပေါ်ချိန်တို့တွင် အထူးအရေးကြီးပါတယ်။

 

သခွားမွှေးအရည်အသွေးကိစ္စရပ်တိုင်းအတွက်ယာရာအကြံဉာဏ်ကိုရှာဖွေရယူပါ။

သင့်ရဲ့ ဖရဲ၊သခွားသီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား

သင့်ရဲ့ သီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား။ အောက်ပါ ဇယားတွင် သီးနှံအဟာရချို့တဲ့ခြင်းများကို အလွယ်တကူ ရှာဖွေပါ။

N နိုက်ထရိုဂျင်
B ဘိုရွန်
Mn မဂ္ဂနီး
Mo မော်လီဒီနမ်
P ဖော့စဖောရပ်
Mg မဂ္ဂနီစီယမ်
Ca ကယ်လစီယမ်
K ပိုတက်ဆီယမ်
S ဆာလဖာ

အားလုံးကို ကြည့်ရန်

မှန်ကန်သောအာဟာရစီမံခန့်ခွဲမှုက သင့် ဖရဲ၊သခွား သီးနှံများကို မည်သို့ အကျိုးသက်ရောက်နိုင်သလဲ

ဖရဲ ၊ သခွား သီးနှံအာဟာရဆောင်းပါး အားလုံးကို ကြည့်ရန်


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅