fbpx

သီးနှံအာဟာရ ဖြေရှင်းနည်းများ

ဖရဲ ၊ သခွား

ဖရဲ၊ သခွားမွှေးအသီးတည်ခြင်းနှင့်အလေးချိန်တို့ကိုတိုးစေခြင်း

ဖရဲပင်၊ သခွားမွှေးပင်များသည် အအေး ဒဏ်ကြောင့် ထိခိုက်လွယ်ကြပြီးအပူချိန်ကျဆင်းသောအခါ ပုံမှန်မဟုတ်သောကြီးထွားမှုများဖြစ်ပေါ်ခြင်း၊ပန်းပွင့်ခြင်းနှင့် အသီးတည်ခြင်းတို့ကိုညံ့ဖျင်းစေသည်။

အင်းဆက် ပိုးကောင်များ အထူးသဖြင့်ပျားများသည် ဝတ်မှုန်ကူးခြင်းနှင့် အသီးတည်ခြင်းတို့ကိုကူညီပေးရန် အရေးကြီးသည်။ သခွားမွှေးအသီးတည်ခြင်းနှင့် အလေးချိန်တို့ကို အနည်းလိုနှင့်အများလိုအာဟာရများမှန်ကန်မျှတခြင်း ကလွှမ်းမိုးထားသည်။

 

အသီးတည်ခြင်းနှင့်အလေးချိန်တို့အတွက်သီးနှံအာဟာရ


ဖော့စဖရပ်စ်


အသီးအထွက်နှုန်းနှင့်အရည်အသွေးအတွက် ဖော့စဖရပ်စ်

ဖော့စဖရပ်စ်သည် ယေဘုယျအားဖြင့် အသီးတည်သည့်အချိန်အစောပိုင်းနှင့် အသီးတည်ချိန်အထိပမာဏကိုကန့်သတ်ထားခြင်းမရှိဘဲကျွေးသင့်သည်။ ဖော့စဖရပ်စ်သည် သခွားမွှေးတစ်ပင်လုံးသို့ အလွယ်တ ကူပြန် လည် ဝေမျှ ပေးသည်။ အသီးတည်ခြင်းနှင့် အလေးချိန်တို့ကိုအားပေးသဖြင့် ပန်းပွင့်ချိန် မတိုင်မီဖော့စဖရပ်စ်လုံလုံလောက်လောက်ရရှိရန်အဓိကအရေးကြီးသည်။ဤနည်းအားဖြင့် သခွားမွှေးအထွက်နှုန်းမြင့်မား စေပြီးအသီးခွံပိုမိုထူထဲစေရန် လှုံ့ဆော်ပေးသည်။ ဖော့စဖရပ်စ်ချို့တဲ့ခြင်းသည် ပန်းပွင့်အချိန်မတန်ပဲပျက်စီးမှုကို ဖြစ်ပေါ်စေသည်။


ဘိုရွန်

 ပန်းပွင့်ခြင်းနှင့်အသီးတည်ခြင်းအတွက်ဘိုရွန်

ဘိုရွန်သည် ပန်းပွင့်ဝတ်မှုန်ကူးခြင်းနှင့် အသီးဖြစ်ပေါ်ခြင်းတို့တွင် အဓိကအခန်းကဏ္ဍမှပါဝင်သည်။ သခွားမွှေးပန်းပွင့်များသည် အချိန်တိုတိုအတွင်းသာရှင်သန်နိုင်သောကြောင့်ဝတ်မှုန်ကူးချိန်အတောအတွင်းဘိုရွန် ကျွေးခြင်း ကိုကန့်သတ်မထားရန်အရေးကြီးသည်။

ဘိုရွန်သည် ကယ်လစီယမ်ရွေ့လျားမှုကိုတိုးမြှင့်ပေးခြင်းနှင့် သကြားများကိုသယ်ယူပို့ဆောင်ခြင်းနှင့် အပင်ကြီးထွားမှုကိုထိန်းသိမ်းပေးခြင်းတို့အတွက် အရေးပါသည်။

 

အနည်းလိုအာဟာရများ

မိုလီဒီနမ်နှင့်ဇင့်တို့သည် သခွားမွှေးအသီးတည်ခြင်းအတွက် အရေးကြီးသည့်အာဟာရများ ဖြစ်ကြသည်။ ဇင့်သည် ပန်းပွင့်ချိန်နှင့် အဖူးကြီးထွားချိန် အစောပိုင်းတို့တွင်အထူးသဖြင့်လိုအပ်သည်။
သခွားမွှေးအတွက် ထောက်ခံချက်ပေးလိုသည့် ယာရာမြေသြဇာ။

သင့်ရဲ့ ဖရဲ၊သခွားသီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား

သင့်ရဲ့ သီးနှံမှာ အဟာရချို့တဲ့ခြင်း ရှိနေပါသလား။ အောက်ပါ ဇယားတွင် သီးနှံအဟာရချို့တဲ့ခြင်းများကို အလွယ်တကူ ရှာဖွေပါ။

N နိုက်ထရိုဂျင်
B ဘိုရွန်
Mn မဂ္ဂနီး
Mo မော်လီဒီနမ်
P ဖော့စဖောရပ်
Mg မဂ္ဂနီစီယမ်
Ca ကယ်လစီယမ်
K ပိုတက်ဆီယမ်
S ဆာလဖာ

အားလုံးကို ကြည့်ရန်

မှန်ကန်သောအာဟာရစီမံခန့်ခွဲမှုက သင့် ဖရဲ၊သခွား သီးနှံများကို မည်သို့ အကျိုးသက်ရောက်နိုင်သလဲ

ဖရဲ ၊ သခွား သီးနှံအာဟာရဆောင်းပါး အားလုံးကို ကြည့်ရန်


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅