ပြောင်းဖူးပင်အပင်ယိုင်လဲခြင်းနှင့်ဆီးနှင်းဒဏ်ခံနိုင်ရည်ရှိမှုကို တိုးစေခြင်း
ပြောင်း အပင်ယိုင်လဲခြင်းနှင့် ဆီးနှင်းဒဏ်ခံနိုင်ရည်ရှိမှုကို တိုးစေရန်အတွက် ပြုလုပ်ရာတွင် နိုက်ထရိုဂျင်နှင့်ပိုတက်စီယမ်တို့ကို အရေးအကြီးဆုံး အာဟာရဓာတ်များ အဖြစ် ထည့်သွင်း သင့်ပါသည်။
နိုက်ထရိုဂျင် (N)
နိုက်ထရိုဂျင်ထောက်ပံ့ခြင်းသည် အပင်ယိုင်လဲခြင်းအန္တရာယ်နှင့် ရင့်မှည့်မှု တိုးစေခြင်းကို မဖြစ်စေဘဲ ကောင်းမွန်သော အပင်ကြီးထွားမှုကို ဟန်ချက်ညီစေရမည်ဖြစ်သည်။ နိုက်ထရိုဂျင် အလွန်အကျွံ အသုံးပြုခြင်း သို့မဟုတ် နိုက်ထရိုဂျင်ကို နောက်ကျမှ လွန်းစွာ အသုံးပြုခြင်းသည် အပင်ယိုင်လဲမှုကို ပိုမိုဖြစ်စေသော အားနဲသည့် ပင်စည်များနှင့်အတူ သီးနှံများကို ဖြစ်စေကာ ကြီးထွားမှုကိုနောက်ကျခြင်း ဖြစ်စေသည်။ အကောင်းဆုံးအလေ့အထမှာ အရင်စိုက်ခဲ့သော သီးနှံအကြွင်းအကျန်များ နှင့် သို့မဟုတ် ပင်ကြွင်းကျန်များမှ ရနိုင်သော နိုက်ထရိုဂျင်ကို ထည့်သွင်းစဉ်းစားကာ နိုက်ထရိုဂျင်(N) ၏တုံ့ပြန်မှုကို အခြေခံကာ နှုန်းထားများကို ချိန်ညှိရန် ဖြစ်သည်။
ပိုတက်စီယမ် (K)
ပိုတက်စီယမ်သည် ပြောင်းဖူးဆဲလ်စုပ်ပြဲခြင်းကို လျော့နည်းစေပြီး ဆဲလ်များမှ ဆီးနှင်းဒဏ်ခံနိုင်ရည်ရှိသောဆဲလ်ဖြစ်ပေါ်ခြင်းကို အခြေတကျဖြစ်စေခြင်းဖြင့် ဆီးနှင်းဒဏ်ရာများကို လျော့ပါး သက်သာစေသည်။ စပ်မျိုးများသည် အအေးဒဏ်ကို အတော်အတန် ခံနိုင်သည်။ သို့ရာတွင် သီးနှံများ အရွက်၅ ရွက်ထွက်ပြီးချိန်(V5) အဆင့်မတိုင်မီ မြေမျက်နှာပြင်အောက် (အမြင့် ၂၅ - ၃၀ စင်တီမီတာခန့်) တွင် ကြီးထွားမှုနေရာကရှိနေသေးသောကြောင့် ဆီးနှင်းများက အပင်ငယ်များကို ပျက်စီးစေလိမ့် မည်ဖြစ်ကာ အပင်ဆုံးရှုံးမှုသည် ဖြစ်နေကျအတိုင်း မဟုတ်ပါ။ ကြီးထွားမှုနေရာ အထက်က အရွက်တစ်ရှုး ဖယ်ရှားခြင်း သို့မဟုတ် သေခြင်းသည် ဤအစောပိုင်းအဆင့်များတွင် ကြီးထွားမှုနှင့် အထွက်ကို အနည်းငယ်သာ အကျိုးသက်ရောက်မှုရှိသည်။
ပြောင်ဖူးစေ့အဆံဖြည့်ချိန် ပြည့်ဝမှုမတိုင်မီ သိသာသော ဆီးနှင်းကျပါက ပြောင်းဖူး အထွက်နှင့် အရည်အသွေးကို ထိခိုက်နိုင်သည်။ ပြင်းထန်းမှုနည်းသော ဆီးနှင်းကျခြင်းသည် အရွက်များကို သေစေနိုင်သော်လည်း ရိုးတံ သို့မဟုတ် ပြောင်းဖူးအဖတ်များကို မသေစေပါ။ ကောင်းမွန်သော စိုက်ပျိုးမှုအခြေအနေများကို လိုက်နာပါက အရွက်အစိတ်အပိုင်းကိုသာ သေစေပြီး အပင်များ မသေဘဲ လုပ်ဆောင်ချက်များကို ဆက်လက်ဖြစ်ပေါ်ကာ သီးနှံအထွက်ကို အကူအညီ ဖြစ်စေသည်။