fbpx

ခရမ်းချဉ်သီး ပုံသဏ္ဍာန်ပျက်သွားခြင်း

Symptoms

မဂ္ဂနီစီယမ်ဓာတ်ချို့တဲ့သော လက္ခဏာရပ်များသည် အရွက်ရင့်များမှ စတင်ပါသည်။ ၎င်းတို့သည် အရွက်အနားများတွင် ရွက်ကြောများတွင် အဝါရောင်များ ပြသနေပြီး တချို့သည် အဖြူရောင် ဆဲလ်သေ စက်များဖြင့် ဖုံးအုပ်ထားပါသည်။ ထိုချို့တဲ့မှု ပြင်းထန်ခဲ့ပါလျှင် ရွက်ကြောကြား အဝါရောင်ဖြစ်ပေါ်မှုသည် အရွက်အနားများမှ ရွက်မွှာအလယ်ထိ ဆက်လက်ဖြစ်ပေါ်နေပါသည်။ ရွက်ကြောငယ်လေးများသည်လည်း အဝါရောင်သို့ပြောင်းသွားပြီး ပို၍ကြီးသော ရွက်ကြောကြီးများသည် ပထမတွင် အစိမ်းရင့်ရောင်အဖြစ် ကျန်ရှိနေပါသည်။
ဆဲလ်သေများ တဖြည်းဖြည်း ကြီးလာပါသည်။ တဆက်တည်းမှာပင် အရွက် တစ်ရွက်လုံးသည် အဝါရောင်ဖြစ်ပြီး ပို၍ရင့်သော အရွက်များသည် နောက်ဆုံးတွင် သေဆုံးသွားပါသည်။ အပင်ကြီးထွားသည့် အခြေအနေတွင် ပြည့်ပြည့်စုံစုံ ကြီးထွားမှုမရှိပါ။ ထို့ကြောင့် အသီးအထွက်နှုန်း လျှော့နည်းပါသည်။

 

Reason

မဂ္ဂနီစီယမ်ဓာတ်ချို့တဲ့ခြင်း မဂ္ဂနီစီယမ် စုပ်ယူမှုကို အခြားသော အပေါင်းဓာတ်များ (ပိုတက်စီယမ်၊ အမိုနီယမ်၊ ကယ်လ်စီယမ်)များ အမြောက်အများရှိခြင်းအားဖြင့် လျှော့ကျနိုင်ပါသည်။
လက္ခဏာများသည် နိုက်ထရိုဂျင်ဓာတ်နှင့် အိုင်းရွန်းဓာတ်ချို့တဲ့ခြင်းတို့နှင့် ရောထွေးနိုင်ပါသည်။ နိုက်ထရိုဂျင်ဓာတ်ချို့တဲ့သည့် အခြေအနေတွင် အရွက်တစ်ရွက်လုံးသည် အဝါရောင်သို့ ညီညီညာညာပြောင်းသွားပြီး ရွက်ကြောများပါ အစိမ်းရောင်အဖြစ် မကျန်ခဲ့ပါ။ အိုင်းရွန်းဓာတ်ချို့တဲ့သော အပင်သည် ရွက်ကြောဧရိယာကြားတွင် အဝါရောင်ပြသနေပြီး မဂ္ဂနီစီယမ်ဓာတ်ချို့တဲ့လျှင် ငယ်ရွယ်နုပျိုသော အရွက်များမှ စတင်၍ဖြစ်ပေါ်ပါသည်။


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅