စတော်ဘယ်ရီ သီးနှံအာဟာရလိုအပ်ချက်
သီးနှံကြီးထွားသည့် အဆင့်ပေါ်မှုတည်ပြီး အာဟာရလိုအပ်ချက် ပြောင်းလည်းနိုင်ပါသည်။ မတူညီသော ကြီးထွားသည့်အဆင့်များတွင် အရေကြီးဆုံး အာဟာရများကို ဘယ်အာဟာရတွေ အရေးကြီးလည်း ဆိုတာ ဖော်ထုတ်လိုက်ပါတယ်။
အရေးကြီးသော ကြီးထွားသည့်အဆင့်တွင် အာဟာရများ၏ အခန်းကဏ္ဍ
ရိတ်သိမ်းပြီးနောက်ပိုင်း အပင်သစ်စတင်ကြီးထွားသည့်အဆင့်
နိုက်ထရိုဂျင် - အမြစ်စုံတွင်သိုလှောင်ထားသော အစာများ ပြန်လည်အသုံးပြုပြီး အရွက်သစ်များ ဆက်တိုက်ကြီးထွားစေရန်
ပိုတက်စီယမ်၊ ကယ်လ်စီယမ်၊ ဘိုရွန်နှင့် ဇင့်- အမြစ်ကြီးထွားမှုကို အမြင့်မားဆုံးရရှိစေပြီး အပင်သစ်ကြီးထွားမှုကို ထောက်ပံ့ပေးနိုင်ခြင်း။
ပိုတက်စီယမ်- ကောင်းမွန်သောအပင်ကြီးထွားမှုကို ဖြစ်ပေါ်စေခြင်း
ပင်ပိုင်းကြီးထွားသည့်အဆင့်
နိုက်ထရိုဂျင်- အရွက်နှင့်အပင်ပျံ့ကားစွာကြီးထွားသည့်အဆင့်တွင် အဓိကလိုအပ်ပါသည်။
ဖော့စဖေရပ်- ပန်းပွင့်သည့်တလျှောက်လုံး စုပ်ယူပါသည်။
ကယ်လ်စီယမ်- အပင်တည်ဆောက်ရန်နှင့် ကြီးထွားသည့် တစ်သျှူးများကို ပုံမှန်ထောက်ပံ့ပေးရန်။
ဆာလ်ဖာ နှင့် မဂ္ဂနီစီယမ်- ထွားကြိုင်းပြီးကျန်းမာသော အရွက်ကြီးထွားမှုကို ထိန်းထားရန်နှင့် အပင်ထောက်ပံ့ပေးမှုကို တိုးစေရန်။
အနည်းလိုအာဟာရများ- အစာချက်လုပ်နိုင်သော ကြီးထွားမှုကို ကန့်သတ်ချက်မရှိဘဲ သေချာစေရန်။
ပန်းပွင့်မှ အသီးတင်သည့်အဆင့်
ပိုတက်စီယမ်- ဘယ်ရီသီးကြီးထွားသည့်အဆင့်တွင် အများဆုံးလိုအပ်ပြီး အသီးအရည်အသွေးကို ကောင်းမွန်စေပါသည်။
နိုက်ထရိုဂျင်- အသီးပုံမှန်ကြီးထွားမှုကို မထိန်းညှိနိုင်သောကြောင့် ပမာဏကိုလျှော့သုံးရန်။
ဖော့စဖောရပ်- ပန်းပွင့်သည့်တလျှောက်လုံး စုပ်ယူရရှိရန် လိုအပ်ပါသည်။
ကယ်လ်စီယမ် နှင့် မဂ္ဂနီစီယမ်- တစ်သျှူးသစ်များကြီးထွားမှုကို ထောက်ပံ့ရန်၊ အသီးတွင်းပါဝင်ပစ္စည်းများ အားကောင်းစေရန်၊ ရောဂါကျရောက်မှုကို လျှော့နည်းစေပြီး တာရှည်အထားခံမှုကို ကြာရှည်စေပါသည်။
ဘိုရွန်- ဝတ်မှုန်ထုတ်လုပ်မှု၊ အစေ့ဖြစ်ပေါ်မှု နှင့် အသီးတင်မှုတို့ကို ကောင်းမွန်စေခြင်း။
တခြား အနည်းလိုအာဟာရများ- အပင်ကြီးထွားမှုကို ထိန်းထားနိုင်ရန်လိုအပ်ခြင်း။
အသီးသီးခြင်းမှ ရင့်မှည့်ခြင်း
ပိုတက်စီယမ်- အသီးအရည်အသွေး၊ အချိုဓာတ်၊ အချဉ်ဓာတ်နှင့် အရသာအမြင့်မားဆုံးကောင်းမွန်ခြင်း
ဖော့စဖောရပ်- စုပ်ယူထားသော အာဟာရများကို အသီးစီပြန်လည်ထောက်ပံ့ပေးနိုင်ခြင်း
နိုက်ထရိုဂျင်- အခြားသောအာဟာရဓာတ်များနှင့် ညီမျှစွာ ထည့်ပေးရန်။ နိုက်ထရိုဂျင် အလွန်ကျွံထည့်ပေးလျှင် အသီးပုတ်သွားနိုင်ပြီး အလွန်နည်းသွားလျှင် အသီးအရွယ်စား သေးငယ်သွားခြင်း။
ဘိုရွန်နှင့် ကယ်လ်စီယမ်- အသီးသန်မာစေခြင်း