စတော်ဘယ်ရီ အရည်အသွေးကောင်းအောင် ပြုလုပ်နိုင်သည့် နည်းလမ်းများ
အရည်သွေးမြင့်မားသော သီးနှံစိုက်ပျိုးခြင်းသည် အမြင့်ဆုံးအမြတ်ရရှိရန်အတွက် အရေးကြီးပါသည်။ စိုက်ပျိုးထုတ်လုပ်မှုအရကြည့်လျှင် စတော်ဘယ်ရီ အရည်အသွေးကောင်းအောင် ပြုလုပ်နိုင်သည့် နည်းလမ်းများ များစွာရှိပါသည်။
ထိုအချက်များထဲမှ သင့်တော်သော အာဟာရပေးခြင်းသည် အဓိကအရေးကြီးပါသည်။ ညီမျှသောသီးနှံအာဟာရသည် ကောင်းမွန်သော အရည်သွေးရှိသည့် စတော်ဘယ်ရီရရှိရန် လိုအပ်ပါသည်။ အပင်များသည် အာဟာရအားလုံးလိုအပ်ပါသည်။ သို့သော် ပိုတက်စီယမ်၊ ကယ်လ်စီယမ် နှင့် ဘိုရွန်တို့သည် အရည်သွေးမြင့်မားသော ဘယ်ရီသီးများရရှိရန် အထူးလိုအပ်ပါသည်။
စတော်ဘယ်ရီသီးတွင် ၉၀ % ရေပါဝင်ပြီး ၁၀ % စုစုပေါင်းပျော်ဝင်ပစ္စည်း ပါဝင်ပါသည်။ ၎င်းတို့သည် ဖောလိတ် အရင်းမြစ် နှင့် ပိုတက်စီယမ်၊ အစာခြေအမျှင်များ၊ မဂ္ဂနိစ် နှင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်း အန်တီအောက်စီးဒန့်တို့ ဖြစ်ပါသည်။ အသီးတွင် ဗီတာမင် စီ ပါဝင်မှုမြင့်မားပြီး တစ်ရက်လျှင် အသီး ၁၀ လုံးစားလျှင် အစာချက်လုပ်ဖို့အတွက် လိုအပ်သော ဗီတာမင်အညွှန်းနှင့် ကိုက်ညီပါသည်။ အဓိကပျော်ဝင်သော သကြားအစိတ်အပိုင်းမှာ ကလူးကိုစ်နှင့် ဖရက်တို့စ် တို့ဖြစ်ကြပါသည်။ အများဆုံးပါဝင်သော အက်စစ်ဓာတ်သည် ဆစ်တရွစ်အက်စစ်ဓာတ် ဖြစ်ပါသည်။ စတော်ဘယ်ရီသီး၏ ရနံ့သည် အချိုဓာတ်၊ အချဉ်ဓာတ်နှင့် အမွေးရနံ့တို့ ပေါင်းစပ်ထားသည့် အရောရနံ့ဖြစ်ပါသည်။ အသီး၏အများဆုံးရရှိသော အနံ့အရသာမှာ အချိုဓာတ်နှင့် အချဉ်ဓာတ်မြင့်မားစွာပါဝင်ပါသည်။
သီးနှံအာဟာရညီမျှခြင်းသည် အသီးအရည်သွေးကို ကောင်းမွန်စေခြင်း
ကောင်းမွန်သော သီးနှံအာဟာရသည် အသီးထုတ်လုပ်မှုကို သေချာစေခြင်း၊ ကောင်းကောင်း ကိုင်တွယ်နိုင်ခြင်း၊ အချိုဓာတ်နှင့် အချဉ်ဓာတ် မှန်ကန်ညီမျှစွာပါဝင်သည့်အပြင် အနံ့အရသာပါပေါင်းစပ်ပါဝင်သည့်အတွက် ပိုမိုကြာရှည်အထားခံစေပါသည်။
အာဟာရအားလုံး အပင်ကလိုအပ်ပါသည်။ သို့သော် ပိုတက်စီယမ်၊ နိုက်ထရိုဂျင်၊ ကယ်လ်စီယမ် နှင့် ဘိုရွန်တို့သည် အထွက်နှုန်းမြင့်မားစွာရရှိဖို့အတွက် အထူးသဖြင့်အရေးကြီးပါတယ်။
ပိုတက်စီယမ်- အသီး အချိုဓာတ်၊ အချဉ်ဓာတ်တို့ကို တိုးစေရန်အရေးကြီးသော အခန်းကဏ္ဍတွင်ပါဝင်နေပြီး အရသာကိုလည်းတိုးစေပါသည်။
နိုက်ထရိုဂျင်- အထူးသဖြင့် နိုက်ထရိတ်ပုံစံ- အသီးပုတ်ခြင်းကို အားပေးခြင်းမရှိဘဲ အချဉ်ဓာတ်နှင့် အရသာထိန်းသိမ်းနိုင်ရန် ပန်းပွင့်ချိန်နှင့် အသီးသီးချိန်တွင် လုံလောက်သော ပမာဏ အသုံးပြုသင့်ပါသည်။
ကယ်လ်စီယမ်- အသီးပါဝင်မှု၊ ကျန်းမာရေးနှင့် ကြာရှည်အထားခံမူနှင့် ကိုင်တွယ်စဉ် ပျက်စီးမှုလျှော့နည်းစေရန် မရှိမဖြစ်လိုအပ်ပါသည်။
ဘိုရွန်- အသီးကျန်းမာတောင့်တင်းမှုတိုးသိမ်းနိုင်ရန် ကူညီပေးခြင်း။
ဘိုရွန်ချို့တဲ့လျှင် အသီးပုံစံမမှန်မှုကို ဖြစ်စေခြင်း
ဘိုရွန်သည် အသီးအရည်သွေးတွင် အဓိက အခန်းကဏ္ဍတွင်ပါဝင်နေပြီး ဘိုရွန်ထည့်ပေးမှုနည်းလျှင် အသီးအရွယ်စားသေးငယ်ပြီး ပုံစံမမှန်ဖြစ်သွားပါသည်။
အသီးအရည်သွေးလက္ခဏာများကို ပိုတက်စီယမ်သည် တိုးစေခြင်း
ပိုတက်စီယမ်သည် စတော်ဘယ်ရီသီး အရည်သွေးတွက် အရေးကြီးသည့် အချက်များဖြစ်သည့် သကြားပါဝင်မှု နှင့် အချဉ်ဓာတ်ပါဝင်မှု မြင့်မားခြင်း နှင့် အသီးအရသာကောင်းမွန်စေခြင်းတို့ ပေးစွမ်းနိုင်ပါသည်။
နိုက်ထရိုဂျင်လွန်ကဲခြင်းသည် အသီးကိုပျော့စေခြင်း
အသီးဖွံ့ဖြိုးကြီးထွားချိန်တွင် နိုက်ထရိုဂျင်လွန်ကဲစွာ အသုံးပြုခြင်းသည် အသီးအရည်သွေးပေါ်တွင် ဆိုးကျိုးဖြစ်စေပါသည်။ ၎င်းသည် ရောဂါဒဏ်ခံနိုင်ရည်ရှိမှုကို လျှော့နည်းစေပြီး အသီးကို ပို၍ပျော့စေပါသည်။ ထိုအချက်သည် ကြာရှည်အထားခံမှုကို လျှော့နည်းစေပြီး လျှင်မြန်စွာ ပုတ်စေပါသည်။အသီးရင့်မှည့်မှု နှောင့်နှေးစေပြီး အသီးပုံစံပျက်သွားစေသောကြောင့် အထွက်နှုန်းလျှော့နည်းစေပါသည်။
နိုက်ထရိုဂျင်လွန်ကဲလျှင် ပင်စည်ပုတ်ကဲ့သို့ ရောဂါများကိုလည်း အားပေးပါသည်။ အာဟာရပျော်ရည်ဖြင့် စိုက်ပျိုးသည့်နည်းလမ်းသည် အပင်မှ နိုက်ထရိုဂျင် ပိုမိုကောင်းမွန်စွာအသုံးပြုမှုနိုင်ရန် သေချာအောင် ကူညီပေးနိုင်ပါသည်။ သို့သော်လည်း ထိန်းချုပ်ထားနိုင်သော အာဟာရပျော်ရည်ဖြင့် စိုက်ပျိုးသည့် စနစ်တွင် နိုက်ထရိုဂျင်နှုန်းထားများလျှင် ရောဂါပို၍ပြင်းထန်စေပါသည်။
စတော်ဘယ်ရီ အရည်သွေးကို လွမ်းမိုးနိုင်သော အခြားအချက်များ
- မျိုးရွှေးချယ်ခြင်းသည် အဓိကအရေးကြီးပါသည်။ စိုက်ပျိုးထုတ်လုပ်သူများသည် စျေးကွက်လိုအပ်ချက်နှင့် ကိုက်ညီပြီး အရည်သွေးကောင်းသော ခံနိုင်ရည်ရှိသည့်မျိုးများကို ရွှေးချယ်သင့်ပါသည်။
- မြေကြီးရောဂါဝင်ရောက်ခြင်းကို လျှော့နည်းစေသည့် သင့်တော်သော ဖုံးအုပ်သည့်စနစ်နှင့် စိုက်ပျိုးသည့်စနစ်များသည် ရုပ်သွင်ပြင်အရည်သွေးကို ထိန်းသိမ်းရန် အရေးကြီးပါသည်။
- ကောင်းမွန်စွာ သန့်ရှင်းခြင်း၊ ပိုးမွှားသန့်စင်ခြင်းနှင့် မှိုသတ်ဆေးနှင့် ပိုးသတ်ဆေးများကို သင့်တော်စွာ အသုံးပြုခြင်းသည်လည်း ရုပ်သွင်ပြင်အရည်သွေးကို ကောင်းမွန်အောင်ထိန်းသိမ်းရန် အရေးကြီးပါသည်။
- သင့်တင့်စွာရေပေးခြင်းသည် ရေနှင့် အာဟာရစီးဆင်းမှုကောင်းမွန်ပြီး အသီးကြီးထွားမှုကို သေချာစေခြင်းအားဖြင့် အမြင့်မားဆုံးကြီးထွားမှုကို ရရှိပါသည်။
- အအေးခန်းစနစ်ဖြင့် သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ကာဗွန်ဒိုင်အောက်ဆိုဒ်ထိန်းချုပ်အခန်းများ အသုံးပြုခြင်းသည် အသီးကြာရှည်အထားခံမူကို အမြင့်ဆုံးဖြစ်စေပါသည်။
https://www.yara.co.uk/crop-nutrition/strawberries/how-to-influence-strawberry-quality/