စတော်ဘယ်ရီ ကျန်းမာသန်စွမ်းစေရန် နည်းလမ်းများ
စတော်ဘယ်ရီသီး၏ အပင်အာဟာရအဆင့်တန်းသည် အပင်ကျန်းမာရေးနှင့် အသီးအရည်သွေးတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်နေပါသည်။ နိုက်ထရိုဂျင်လွန်ကဲစွာ အသုံးပြုသော အပင်သည် ကြီးထွားမှုလွန်ကဲခြင်း၊ ရင့်မှည့်မှုကြံ့ကြာခြင်း၊ အသီးပုံစံမမှန်ဖြစ်ခြင်းနှင့် ရောဂါကျရောက်မှုတို့ကို တိုးစေပါသည်။
သို့သော်လည်း ညီမျှသော မြေသြဇာကျွေးသည့်အစီစဉ်သည် အသီးခွံတောင့်တင်းခိုင်မာစေသောကြောင့် ရောဂါကျရောက်မှုကို လျှော့နည်းအောင် ကူညီပေးနိုင်ပါသည်။
နိုက်ထရိုဂျင်လွန်ကဲစွာအသုံးပြုခြင်းသည် ရောဂါကျရောက်မှု ခံနိုင်ရည်မရှိခြင်းကို တိုးစေခြင်း
အသီးဖွံ့ဖြိုးကြီးထွားနေစဉ်အတွင်း နိုက်ထရိုဂျင်လွန်ကဲခြင်းသည် ရောဂါကျရောက်မှုကို ခံနိုင်ရည်မရှိခြင်းနှင့် အသီးပျော့သွားစေပါသည်။ ကြာရှည်အထားခံမှုသက်တမ်း ပို၍တိုစေပြီး အပုတ်မြန်စေပါသည်။
ကယ်လ်စီယမ်ချို့တဲ့ခြင်းသည် ထိပ်ပိုင်းလောင်ခြင်းဖြစ်စေခြင်း
စတော်ဘယ်ရီတွင် ထိပ်ပိုင်းလှောင်ခြင်းသည် အဖြစ်များဆုံးချို့တဲ့သည် လက္ခဏာများထဲမှ တစ်ခုဖြစ်ပါသည်။ အနုဆုံးအရွက်များ (အပင်၏ အသည်းပုံအရွက်)နှင့် ကြီးထွားသည့်အမှတ်များတွင် အညိုရောင်ဆဲလ်သေများကို အနားများတွေ့ရပြီး ရံဖန်ရန်ခါ ပုံစံပြောင်းသွားခြင်း သို့မဟုတ် ခေါက်သွားသည့် အသွင်သဏ္ဍန်တွေ့ရပါသည်။
ဖန်လုံအိမ် နှင့် ပလပ်စတစ် အမိုးအကာအသုံးပြုထားသော ပေါင်းမိုးစနစ်တွင် စတော်ဘယ်ရီစိုက်ပျိုးခြင်းသည် အဖျားပိုင်းရှိအရွက်များ နှင့် ပန်းပွင့်ထိပ်ပိုင်း ခြောက်သွေ့ခြင်းကို အလွန်ခံနိုင်ရည်မရှိပါ။ အထူးသဖြင့် အာဟာရပျော်ရည်တွင် ကယ်လ်စီယမ်ပါဝင်မှု ၂ မီလီမိုး (၈၀ မီလီဂရမ် ကယ်လ်စီယမ်/ လီတာ)အောက် လျှော့နည်းချိန်တွင် ဖြစ်ပေါ်လေ့ရှိပါသည်။ စတင်ထွက်ပေါ်လာသော အရွက်နုများ ထိခိုက်လျှင် အရွက်ထိပ်ပိုင်းနားတွင် အညိုရောင်ဆဲလ်သေများဖြစ်ပေါ်ပါသည်။ အနားရှိအရွက်များသည် တွန့်လိမ်သွားပါသည်။ ထိုအရွက်များ အပြည့်ဝပြန့်ကားမှု မရှိတော့ပဲ အမည်းရောင်ပြောင်းသွားပါသည်။
ကယ်လ်စီယမ်သည် အမြစ်ကြီးထွားမှုနှင့် အရွက်နုနှင့် အဖူးများကြီးထွားမှုပါဝင်သော သီးနှံစတင်ဖြစ်ပေါ်လာမှူကို ထောက်ပံ့ပေးနိုင်ပါသည်။ အပင်ကောင်းမွန်သော တည်ဆောက်မှုနှင့် ကျန်းမာစေရန် အပင်တစ်သျှူးများ၏ ဇီဝကမ္မဖြစ်စဉ်များ ပုံမှန်ဖြစ်ပေါ်မှုကို ထိန်းထားရာတွင် အရေးကြီးသည့် အခန်းကဏ္ဍတွင်ပါဝင်နေပါသည်။ ဥပမာအားဖြင့် ကယ်လ်စီယမ်သည် သန်မာသော ဆဲလ်နံရံတည်ဆောက်ခြင်းနှင့် ဆဲလ်အမှေးပါ ပါဝင်မှုနှင့် ရေရှည်တည်ရှိနိုင်မှုတွင် အရေးကြီးပါသည်။ ထို့ပြင် ကယ်လ်စီယမ်သည် ရောဂါဒဏ်နှင့် ဆားငန်ဒဏ်တို့ကို ခံနိုင်ရည်ရှိစေပြီး ဖိအားများကြောင့်ကြီးထွားမှုကို ကင်းဝေးစေပြီး အပင်ကြီးထွားမှုကို ကောင်းမွန်အောင် ထိန်းထားပေးနိုင်ပါသည်။
ပိုတက်စီယမ် နှင့် မဂ္ဂနီစီယမ် ပေးမှု ညီမျှမှု မရှိသည့်အချိန်တွင် ကယ်လ်စီယမ် စုပ်ယူမှုညံ့သွားပြီး အညိုရောင်ဆဲလ်သေများနှင့် ထိပ်လှောင်ခြင်းကို ဖြစ်စေပါသည်။ စမ်းသပ်ချက်များတွင် အရွက်ရိုးတန်များ အညိုရောင်ဖြစ်စေခြင်း၊ ပန်းခိုင်ရိုးတန်များ အစင်းများ နှင့် မြေလျှောက်ပင်စည်များ ထိပ်ပိုင်းခြောက်သွားခြင်းတို့ကို ကယ်လ်စီယမ် ရရှိမှုနည်းပြီး မဂ္ဂနီစီယမ် ရရှိမှုများသည့်အချိန်တွင် ပို၍ဖြစ်စေပါသည်။ ညအချိန် EC လျှော့နည်းခြင်းအားဖြင့် ထိပ်လှောင်သည့် ပြဿနာကို လျှော့နည်းစေပါသည်။ ရေကြောတွင်ရှိသော ပင်ရည်ဖိအားသည် ရေနှင့် ကယ်လ်စီယမ်ကို ပင်ငွေ့ပျံမှုနည်းသည့် အရွက်ထိပ်များနှင့် အသီးစီသို့ တွန်းပို့နိုင်ချိန်ဖြစ်သည့် ညအချိန်ကို ကယ်လ်စီယမ် စုပ်ယူမှုနှင့် အပင်တွင်း ဖြန့်ဝေခြင်းက ပို၍ နှစ်သက်ပါသည်။ ထုတ်လုပ်နေသည့် ရာသီတစ်လျှောက်လုံး ကယ်လ်စီယမ် ပုံမှန်ထည့်ပေးခြင်းသည် Ca လိုအပ်သော အသီးပါဝင်မှုကို သေချာစေပြီး အထွက်နှုန်းကိုလည်း တိုးစေပါသည်။
ကယ်လ်စီယမ်သည် ရောဂါပျင်းထန်မှုကို လျှော့နည်းစေခြင်း
မရိတ်သိမ်ခင် ကယ်လ်စီယမ် ရွက်ဖျန်းအသုံးပြုပေးခြင်းသည် ရိတ်သိမ်းပြီးနောက်ပိုင်း အသီးတွင် မှိုရောဂါကျရောက်မှုကို လျှော့နည်းအောင် ကူညီပေးနိုင်ပါသည်။
ဘိုရွန်သည် ကယ်လ်စီယမ်ပျံ့ဖြူးမှုကို ကောင်းမွန်စေခြင်း
ကယ်လ်စီယမ်နှင့်အတူ ဘိုရွန် ပေးခြင်းသည် အထွက်နှုန်းနှင့် အရည်သွေးကို တိုးစေပါသည်။ ခရမ်းချဉ်တွင် ဘိုရွန်နှင့် ကယ်လ်စီယမ်ပေးခြင်းသည် အပင်တွင်း တစ်သျှူးအသစ်များတွင် ကယ်လ်စီယမ် ပျံ့ဖြူးမှုကို တိုးစေပါသည်။
ဆီလီကွန်သည် ဖားဥမှိုရောဂါ ခံနိုင်ရည်ရှိမှုတိုးစေခြင်း
ဆီလီကွန်သည် အသီးအရည်သွေးအပေါ် အကျိုးသက်ရောက်မှုရှိပါသည်။ ဆဲလ်နံရံများ တောင့်တင်းခိုင်မာသည့်အတွက် ရောဂါဒဏ်ခံနိုင်ရည်ရှိမှုကို တိုးလာသည်ဟု တွေ့ရှိချက်များ ရှိပါသည်။