fbpx

မဂ္ဂနီစီယမ်ဓာတ်ချို့တဲ့ခြင်း - ခရမ်းချဉ်

သီးနှံအာဟာရ ချို့တဲ့ခြင်းများ - ခရမ်းချဉ်

သီးနှံအဟာရ

N နိုက်ထရိုဂျင်
B ဘိုရွန်
Ca ကယ်လစီယမ်
Cu ကော့ပါး
Fe အိုင်ရွန်း (သံဓာတ်)
Mg မဂ္ဂနီစီယမ်
P ဖော့စဖောရပ်
K ပိုတက်ဆီယမ်
S ဆာလဖာ
Zn ဇင့်

အားလုံးကို ကြည့်ရန်

ခရမ်းချဉ်သီး ပုံသဏ္ဍာန်ပျက်သွားခြင်း

Symptoms

မဂ္ဂနီစီယမ်ဓာတ်ချို့တဲ့လျှင် အရွက်ရင့်များတွင် စတင်ပြသပါသည်။ ၎င်းတို့သည် အရွက်အနား ရွက်ကြောများကြား အဝါရောင်ပြောင်းသွားပြီး အဖြူရောင်မှ အညိုဖျော့ရောင် ဆဲလ်သေကွက်များ ဖုံးလွမ်းထားပါသည်။
ချို့တဲ့မှု ပြင်းထန်လာလျှင် ရွက်ကြောကြား အဝါရောင် ပြောင်းလည်းမှုသည် အရွက်အနားများမှ တစ်ဆင့် ရွက်မွှာများ၏ အလည်သို့ ဆက်လျက်ဖြစ်ပေါ်လာပါသည်။ သေးငယ်သော ရွက်ကြောများသည် အဝါရောင်ဖြစ်လာပြီး ကြီးသောရွက်ကြောများသည် အစပိုင်းတွင် အစိမ်းရင့်ရောင် အဖြစ်ကျန်နေပါသည်။
အညိုရောင် ဆဲလ်သေများ ပို၍ကြီးလာပါသည်။
နောက်ပိုင်းတွင် အရွက်တစ်ရွက်လုံးသည် အဝါရောင်ဖြစ်လာပြီး နောက်ဆုံးတွင် အရွက်ကြီးများသည် သေဆုံးသွားပါသည်။ ကြီးထွားသည့် အချိန်တွင် ဆိုးရွားစွာ အားနည်းလာပြီး သီးနှံထွက်နှုန်း လျှော့နည်းလာပါသည်။

 

Reason

မဂ္ဂနီစီယမ်ဓာတ် မဂ္ဂနီစီယမ် စုပ်ယူမှုကို အခြားသော အပေါင်းဓာတ်များ (ပိုတက်စီယမ်၊ အမိုနီယမ်၊ ကယ်လ်စီယမ်)များ အမြောက်အများရှိခြင်းအားဖြင့် လျှော့ကျနိုင်ပါသည်။
လက္ခဏာများသည် နိုက်ထရိုဂျင်ဓာတ်နှင့် အိုင်းရွန်းဓာတ်ချို့တဲ့ခြင်းတို့နှင့် ရောထွေးနိုင်ပါသည်။ နိုက်ထရိုဂျင်ဓာတ်ချို့တဲ့သည့် အခြေအနေတွင် အရွက်တစ်ရွက်လုံးသည် အဝါရောင်သို့ ညီညီညာညာပြောင်းသွားပြီး ရွက်ကြောများပါ အစိမ်းရောင်အဖြစ် မကျန်ခဲ့ပါ။ အိုင်းရွန်းဓာတ်ချို့တဲ့သော အပင်သည် ရွက်ကြောဧရိယာကြားတွင် အဝါရောင်ပြသနေပြီး မဂ္ဂနီစီယမ်ဓာတ်ချို့တဲ့လျှင် ငယ်ရွယ်နုပျိုသော အရွက်များမှ စတင်၍ဖြစ်ပေါ်ပါသည်။

Magnesium is important for

  • အစိမ်းရောင်ဖြစ်ပေါ်သော မော်လီကျူးအစိတ်အပိုင်း။
  • ဖော့စ်စဖိတ်ဖြစ်စဉ်။
  • နိုက်ထရိုဂျင် ဖြစ်စဉ်။
  • ပရိုတင်းချက်လုပ်မှု။
  • အပင်မှ ရေစုပ်ယူမှု။

ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅