fbpx

ကယ်လ်စီယမ်ချို့တဲ့ခြင်း - ခရမ်းချဉ်

သီးနှံအာဟာရ ချို့တဲ့ခြင်းများ - ခရမ်းချဉ်

သီးနှံအဟာရ

N နိုက်ထရိုဂျင်
B ဘိုရွန်
Ca ကယ်လစီယမ်
Cu ကော့ပါး
Fe အိုင်ရွန်း (သံဓာတ်)
Mg မဂ္ဂနီစီယမ်
P ဖော့စဖောရပ်
K ပိုတက်ဆီယမ်
S ဆာလဖာ
Zn ဇင့်

အားလုံးကို ကြည့်ရန်

ခရမ်းချဉ်သီး ပုံသဏ္ဍာန်ပျက်သွားခြင်း

Symptoms

အထင်ရှားဆုံးနှင့် အသိသာဆုံး ချို့တဲ့သည့် လက္ခဏာမှာ အသီးထိပ်ပုတ်ခြင်း (BER) ဖြစ်ပါသည်။ ချို့တဲ့မှုခံရသော အပင်သည် မှည့်နေသောအသီး၏ အဖျားပိုင်းတွင် အနက်ရောင် ချိုင့်နေသော နေရာကို ပြသပါသည်။ ထိုနေရာတွင် အသီးကို ဆန့်ကျင်၍ အနားသတ်များသည် ချွန်ထွက်နေပါသည်။ အရွယ်မတိုင်ခင် အသီးများ ရင့်မှည့်ပြီး ဈေးကွက်မဝင်တော့ပါ။ အဝါရောင် ဧရိယာတွင် အညိုရောင် သံကြေးဖျော့ရောင်များမှ ခရမ်းရောင်သန်း လာပါသည်။
ချို့တဲ့မှု ပြင်းထန်းလာလျှင် ရွက်ပြားများ ကွေး၍ ကျေမွသွားပါသည်။ ရွက်မွှာများ၊ အရွက်၊ ပန်းခိုင် ရိုးတန်များ နှင့် ကြီးထွားသည့် နေရာတို့သည် သေဆုံးသွားပါသည်။ အမြစ်များသည်လည်း တို၍ ကြုံလီသွားပါသည်။ အမြစ်ကြီးထွားသည့် နေရာသည်လည်း သေဆုံးသွားပါသည်။ အပင်ကြီးထွားမှုသည် သိသိသာသာ ရပ်တန့်သွားပါသည်။

Reason

ကယ်လ်စီယမ်ချို့တဲ့ခြင်း မြေကြီးအများစုတွင် ကယ်လ်စီယမ်ပါဝင်မှု မြင့်မားစွာပါဝင် ပါသည် သို့သော် စုပ်ယူမှု ဟန့်တားခံရခြင်းသည် အဓိက အကြောင်းအရင်းဖြစ်ပါသည်။ မြေကြီးထဲတွင် အမိုနီယမ်၊ ပိုတက်စီယမ်၊ မဂ္ဂနီစီယမ် သို့ ဆိုဒီယမ်ဓာတ်ပါဝင်မှု များခြင်း၊ ရေဒဏ် (ရေရှားပါးခြင်း သို့မဟုတ် ရေပိုလျှံခြင်း) စသည်တို့သည် ကယ်လ်စီယမ် ချို့တဲ့မှုကို ဖြစ်စေပါသည်။ အသီးတွင် ကယ်လ်စီယမ်ပမာဏ (၀.၀၈) ရာခိုင်နှုန်းအောက် နည်း၍ ပါဝင်လျှင် (ကျန်းမာ သန်စွမ်းသော အသီးတွင် ကယ်လ်စီယမ် (၀.၁၂ - ၀.၂၅) ရာခိုင်နှုန်း) အသီးထိပ်ပုတ်ရောဂါ (BER) ဖြစ်ပေါ်လာပါသည်။

Calcium is important for

  • ဆဲလ်ကွဲပွားခြင်း။
  • ဆဲလ်ရှည်ထွက်ခြင်း။
  • ဆဲလ်အမှေးပါးအလွှာများ သင့်လျော်စွာ အလုပ်လုပ်ခြင်း။
  • ဆဲလ်အမှေးပါးအလွှာများ၏ စိမ့်ဝင်နိုင်စွမ်း။

ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅