fbpx

သီးနှံအာဟာရ ဖြေရှင်းနည်းများ

သရက်

သရက်နဲ့ ‌ရေလိုအပ်ချက်

သရက်ပင်ဆိုတာ နက်နက်ဆင်းတဲ့ အမြစ်အဖွဲ့စည်းဖြစ်ပြီး အပူပိုင်းနဲ့ သမပိုင်း‌ဒေသတွေမှာ ရာသီလိုက်စိုက်ပျိုးတဲ့ သီးနှံပဲဖြစ်ပါတယ်။ 

တခါတလေ ပန်းပွင့်ချိန်နှင့် အသီးတင်ချိန်တွင် ကျေနပ်တဲ့ အထွက်နှုန်းရရှိအောင် ရေပေးသွင်းလိုအပ်ပါတယ်။ ရာသီဥတုပူပြီး ခြောက်သွေးချိန်  အသီးတင်တဲ့အပင်တွေမှာ တစ်ပတ်လျှင် ရေ ၁၅၀၀ လီတာ လိုအပ်ပါတယ်။ တစ်နှစ်ပတ်လုံး စုစုပေါင်းရေပေးတဲ့တဲ့ ပမာဏဟာ ၃၀၀၀ နှင့် ၄၀၀၀ ကူပစ်မီတာ လိုအပ်ပါတယ်။ မိုးရွာသွန်းမှုဟာလည်း အထွက်နှုန်းအပေါ် အကျိုးသက်ရောက်စေပါတယ်။ 

ပန်းပွင့်ချိန်နှင့် အသီးကြီးထွားတဲ့ အချိန်မှာ လုံလောက်တဲ့ မြေအစိုဓာတ်ဟာလည်း အ‌ရေးကြီးပါတယ်။ ဒါပေမယ့်လည်း အဲဒီလိုအချိန်တွေမှာ မိုးရွာရင်တော့ မှိုရောဂါကျရောက်မှုကို အားပေးပါတယ်။ ကြီးထွားတဲ့အချိန်တွေမှာ  ရေသွင်းပေးခြင်းဟာ ရေကြောင့်ဖြစ်ပေါ်တဲ့ ဒဏ်ကို ဟန့်တားပေးနိုင်သလိုခူးဆွတ်ပြီးနောက်ပိုင်း ကျန်းမာတဲ့အရွက်များဟာလည်း နောက်သီးနှံရာသီမှာ အသီးသီးမှုကို ပိုပြီးကောင်းမွန်စေပါတယ်။ လုံလောက်တဲ့ ပန်းပွင့်မှုအတွက် အရွက်သစ်ထွက်ပြီးတဲ့ နောက်ပိုင်းမှာ အေးပြီးခြောက်သွေ့တဲ့ အချိန်အတိုင်းတာ လိုအပ်ပါတယ်။

mango3

ပန်းပွင့်ထွက်ပေါ်တဲ့ချိန်မှာ အေးတဲ့ရာသီဥတုလိုအပ်ပါတယ်။ ပန်းမပွင့်ခင် ခြောက်သွေ့တဲ့ ရာသီဥတုဟာ ပန်းပွင့်ခြင်းကို ကောင်းမွန်စေပါတယ်။ အပင်ငယ်စဉ်မှာ မြေသြဇာကျွေးတဲ့ နည်းလမ်းမှာ မြေဆွေးထည့်ပြီး အသုံးပြုခြင်းဟာ မြေသားတည်ဆောက်မှုကောင်းမွန်တဲ့ အကျိုးကျေးဇူးကို ရရှိစေပါတယ်။ ညီမျှသော NPK အသုံးပြုခြင်းဟာ သန်မာတဲ့ အစောပိုင်းကြီးထွားမှုကို သေချာစေပြီး ကောင်းမွန် သန်မာတဲ့ အပင်ဝန်းအဝိုင်း ကြီးထွားမှုတို့ကို ပိုပြီးသေချာစေပါတယ်။ ကိုင်းကူးထားသောအပင်တွေဟာ ချက်ချင်း အသီးသီးရန်အတွက် အပင်ကြီးထွားရန်လိုအပ်ပါတယ်။ ဒါပေမယ့်လည်း ပုံမှန်အပင်များ အသီးမယူခင် (၃) နှစ်မှ (၄) နှစ်အထိ ကြီးထွားရန်လိုအပ်ပါတယ်။ 

အပင်ကျန်းမာ သန်မာမှုကို ထိန်းသိမ်းရန် လုံလောက်ပြီး ပုံမှန်မြေသြဇာကျွေးရန် လိုအပ်ပါတယ်။ ကျန်းမာသောအပင်တွေဟာ လုံလောက်တဲ့ထုတ်လုပ်မှုအတွက် အသီးမသီးတဲ့အချိန်မှာ လုံလောက်တဲ့ အစာများသိုလှောင်နိုင်ရပါမယ်။ မြေသြဇာများကို ပင်စည်မှ ၃၀-၄၀ စင်တီမီတာ အကျယ်ကနေ ကျွေးပေးရပါမယ်။ အပင်အဝန်းဝိုင်းအောက် သေးငယ်တဲ့ ရေးဖျန်းစနစ် သို့မဟုတ် စိုသည့်ဧရိယာမှာ အစားစားသောအမြစ်များ များစွာရှိနေနိုင်ပါတယ်။

mango

ညီညွှတ်မျှတသောအာဟာရကျွေးမှုကိုလည်း လိုအပ်ပါတယ်။ သရက်အတွက် နိုက်ထရိုဂျင်ဟာလည်း အန်မတန်မှ အရေးကြီးပါတယ်။ ပိုတက်ဆီယမ် K နှင့် ကယ်လ်ဆီယမ် Ca ကျွေးခြင်းနှင့် နှိုင်းယှဉ်ပြီး နိုက်ထရိုဂျင်နုန်းထား မျာများကျွေးခြင်းဟာ သရက်သီး အစိမ်းရင့်ရောင်ဖြစ်နေပြီး အတွင်းသားပျက်ဆီးမှုကို တိုးစေပါတယ်။ နိုက်ထရိုဂျင် N ကို လွန်ကဲပြီးအသုံးမပြုရန် သို့မဟုတ် အာဟာရမညီမျှမှု ဖြစ်စေခြင်းတို့ကို သေချာစေရန် တစ်နှစ်အတွင်း အရွက်မှာပါဝင်တဲ့ နိုက်ထရိုဂျင်ကို ဓာတ်ခွဲစမ်းသပ် ရန် လိုအပ်ပါတယ်။

  • လုံလောက်သော အသီးအရောင်ဖြစ်ပေါ်ခြင်းနှင့် အရွက်သစ်ထွက်ရန် အရွက်တွင်ပါဝင်သော နိုက်ထရိုဂျင် ပမာဏဟာ ၁ နှင့် ၁.၂ ရာခိုင်နှုန်းကြား ရှိသင့်ပါတယ်။ နိုက်ထရိုဂျင်ပမာဏ အလွန် မြင့်မားခြင်းဟာ အသီးရင့်မှည့်ချိန်တွင် အစိမ်းရောင် အခွံများ ဖြစ်ပေါ်စေပါတယ်။
  • နိုက်ထရိုဂျင်ပမာဏ ၂ ရာခိုင်နှုန်းထက်ကျော် လွန်လျှင် အတွင်းသားပျက်စီးမှုများ တွေ့ရခြင်းနှင့် ဆက်စပ်နေပါတယ်။
  • ပန်းမပွင့်ခင် နိုက်ထရိုဂျင် ပမာဏဟာ ၁.၂ မှ ၁.၄ ရာခိုင်နှုန်းရှိရန် လိုအပ်ပါတယ်။ အရွက်သစ်ထွက်ပြီးနောက်ပိုင်း နိုက်ထရိုဂျင်အသုံးပြုခြင်းအားဖြင့် ရရှိနိုင်ပါတယ်။

ပိုတက်ဆီယမ်နှင့် ကယ်လ်ဆီယမ် ပမာဏဟာလည်း အရေးကြီးပါတယ်။ N:Ca နှင့် K:Ca အချိုးများသည် အရွက်တွင် ၀.၅ နှင့် ၀.၂ ရာခိုင်နှုန်းအောက် လျှော့နည်းသင့်ပါတယ်။

mango water requirement

ရွံ့ဆေးပါဝင်သောမြေများမှာ နိုက်ထရိုဂျင်ကို ယျေဘုယျအားဖြင့် တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်သာ ကျွေးသင့်ပါတယ်။ အသီးအရည်သွေးကောင်းမွန်စေရန် ပိုတက်ဆီယမ်နှင့် ကယ်လ်ဆီယမ်ကို မကြာခဏ ကျွေးပေးရပါမယ်။ ကယ်လ်ဆီယမ်နှင့် အတူ ဘိုရွန် နှင့် ဇင့်ဓာတ်တို့ကို ပမာဏ မြင့်မားစွာကျွေးခြင်းဟာလည်း အတွင်းသားပျက်စီးမှုကို လျှော့နည်းစေပါတယ်။ နိုက်ထရိုဂျင် ကျွေးသည့်နှုန်းထားမြင့်မားလျှင် ထိုမှုမမှန်သည့် ပြဿနာများတွေ့ရလေ့ရှိပါတယ်။

မှန်ကန်သောအာဟာရစီမံခန့်ခွဲမှုက သရက်သီးနှံများကို မည်သို့ အကျိုးသက်ရောက်နိုင်သလဲ

သရက် သီးနှံအာဟာရဆောင်းပါး အားလုံးကို ကြည့်ရန်


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅