fbpx

သီးနှံအာဟာရ ဖြေရှင်းနည်းများ

သရက်

သရက် ပန်းပွင့်မှုကို လှုံဆော်ပေးခြင်း

သရက်အတွက် အရေးကြီးတဲ့ အပိုင်းဖြစ်တဲ့ ပန်းပွင့်ဖြစ်ပေါ်မှု အကြောင်းမျှဝေပေးလိုက်ပါတယ်။ ဘယ်အချက်တွေက သရက်ပန်းပွင့်မှုကို မြန်စေနိုင်လည်းဆိုတာ လေ့လာကြည့်လိုက်ရအောင်

သရက်ပန်းပွင့်/ အဖူးဖြစ်ပေါ်ချိန် သရက်ပင်ဟာ အဖူးမထွက်ခင် နားသည့်အချိန် (နားသည့်အဆင့်) ကို ဖြတ်သန်းရပါတယ်။ ဒီအဆင့်ဟာ (၂) နှစ်ထိ ကြာနိုင်ပါတယ်။ ဒါပေမယ့်လည်း သရက်မျိုးများနှင့် ရာသီဥတုအခြေအနေပေါ် မူတည်ပြီး အချိန်အမျိုးမျိုးပြောင်းလည်းနိုင်ပါတယ်။ တစ်ချို့စိုက်ပျိုးသူဟာ ဒီနားတဲ့အဆင့်ကို လျှော့ချရန် ကြိုးစားနေကြပါတယ်။

mango flowering

အပူချိန်လျော့နည်းချိန် (အေးတဲ့အချိန်) (၁၅ ဒီဂရီလောက်) ရရှိမယ်ဆိုရင် ပန်းပွင့်မှုကို ဖြစ်စေနိုင်ပါတယ်။ အပူပိုင်းဒေသမှာ စိုက်ပျိုးတဲ့အခါ ပန်းပွင့်မှုသိသိသာသာစောစေတဲ့ အပူချိန်ထိုးကျခြင်းမျိုး မရှိပါ။

အစိုဓာတ်နည်းခြင်း/ ရေငတ်ခြင်း စတဲ့အချက်ကလည်း သီးနှံအများစုရဲ့ ပန်းပွင့်မှုကို လှုံ့ဆော်ပေးနိုင်ပါတယ်။ ဒါပေမယ့်လည်း သရက်မျိုးပေါ်မူတည်ပြီး  တုံ့ပြန်မှု ကွာခြားနိုင်ပါတယ်။

ပန်းပွင့်မှုကို အဓိက ဟန့်တားထားတဲ့အချက်ကတော့ ဂျစ်ဘရဲလစ်အက်ဆစ် (GA) လို့ ခေါ်တဲ့ ဟော်မုန်း ပမာဏမြင့်မားခြင်းက အဓိကအချက်ပဲဖြစ်ပါတယ်။ တောင်သူတွေအသုံးပြုနေတဲ့ ပါကလိုဗျူတာစော (Pachlobutarazol) က GA ကို ဟန့်တားပြီး ပန်းပွင့်ဖြစ်ပေါ်မှုကို အားပေးပါတယ်။ အရွက်သစ်ထွက်ပြီး တစ်လအကြာ ပါကလိုဗျူတာစော ပေးလေ့ရှိပါတယ်။

ပန်းဖူးဖြစ်ပြီးပြီးခြင်း သဘာဝအရ ငုတ်လျှိုးတဲ့အဆင့် (လုပ်ဆောင်မူမရှိဘဲ နားနေတဲ့အဆင့်)ကိုတိုစေပြီး ပန်းပွင့်စေရန်  နိုက်ထရိတ် ရွက်ဖျန်းမြေသြဇာကိုအသုံးပြုလေ့ရှိပါတယ်။ နိုက်ထရိတ် ရွက်ဖျန်း (အမိုနီယမ်နိုက်ထရိတ်၊ ကယ်လ်စီယမ် နိုက်ထရိတ် နှင့် ပိုတက်စီယမ် နိုက်ထရိတ်) တွေကို ၂-၄ ရာခိုင်နှုန်း အကျိုးရှိရှိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားများမယ်ဆိုရင် အရွက်လှောင်တာတွေတွေ့ရှိနိုင်ပြီး ပန်းပွင့်ဖြစ်ပေါ်ပြီးအချိန်တွင် အသုံးမပြုသင့်ပါဘူး။

နိုက်ထရိတ်အမျိုးစားထဲမှ ကယ်လ်ဆီယမ်နိုက်ထရိတ် သည် နှုန်းထားအနည်းဆုံးနဲ့ ထိရောက်တာကို တွေ့ရပါတယ်။ ဖျန်းပေးရမယ့် အကောင်းဆုံးအချိန်သိရဖို့ ဖွံ့ဖြိုးနေသော အဖူးများသည် ပန်းဖူးဖြစ်မဖြစ်ကို သေချာစစ်ဆေးပေးရန် အရေးကြီးပါတယ်။

မှန်ကန်သောအာဟာရစီမံခန့်ခွဲမှုက သရက်သီးနှံများကို မည်သို့ အကျိုးသက်ရောက်နိုင်သလဲ

သရက် သီးနှံအာဟာရဆောင်းပါး အားလုံးကို ကြည့်ရန်


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅