fbpx

ဆာလ်ဖာချို့တဲ့ခြင်း - ခရမ်းချဉ်

သီးနှံအာဟာရ ချို့တဲ့ခြင်းများ - ခရမ်းချဉ်

သီးနှံအဟာရ

N နိုက်ထရိုဂျင်
B ဘိုရွန်
Ca ကယ်လစီယမ်
Cu ကော့ပါး
Fe အိုင်ရွန်း (သံဓာတ်)
Mg မဂ္ဂနီစီယမ်
P ဖော့စဖောရပ်
K ပိုတက်ဆီယမ်
S ဆာလဖာ
Zn ဇင့်

အားလုံးကို ကြည့်ရန်

ခရမ်းချဉ်သီး ပုံသဏ္ဍာန်ပျက်သွားခြင်း

Symptoms

ဆာလ်ဖာသည် နိုက်ထရိုဂျင်ကဲ့သို့ အပင်အတွင်းတွင် မရွှေ့လျှားနိုင်ပါ။ ထို့ကြောင့် ချို့တဲ့သည့် လက္ခဏာများသည် အရွက်နုများတွင် စတင်ပြီး အသက်ကြီးသောအပင်အစိတ်အပိုင်းများသို့ တိုး၍ဖြစ်ပေါ်လာပါသည်။ အရွက်များသည် မာကျောလာပြီး အောက်ဘက်သို့ကွေးကြနေပါသည်။ ထိုအရွက်များသည် ရွက်ကြောကြား စိမ်းဝါရောင်မှ အဝါရောင်သို့ပြောင်းသွားပါသည်။ ပင်စည်၊ ရွက်ကြောနှင့် အရွက်ရိုးတံများသည် ခရမ်းရောင်ဖြစ်နေပါသည်။
နိုက်ထရိုဂျင် ချို့တဲ့သည့် အချိန်တွင် အရွက်များသည် သေးငယ်ပြီး စိမ်းဖျော့ရောင်မှ အဝါရောင် တညီတည်းဖြစ်နေပါသည်။ လက္ခဏာများသည် ပထမဦးစွာ အရွက်ရင့်များတွင် တွေ့ရှိရပြီး အသစ်ကြီးထွားသည့်နေရာတွင် တဖြည်းဖြည်းတိုးလာပါသည်။ ထိုအပင်သည် သေးရှည်ရှည် နှင့် ထောင်မတ်နေပါသည်။
ချို့တဲ့မှု ပြင်းထန်လာလျှင် အရွက်ရင့်များသည် အားလုံးအဝါရောင်ဖြစ်လာခြင်း သို့မဟုတ် အပင်မှ မကြွေခင် အညိုရောင်ပြောင်းသွားပါသည်။ ပင်စည် နှင့် ရွက်ကြောများသည် ခရမ်းရောင် တွေ့ရပါသည်။ ကြီးထွားမှုသည်လည်း သိသိသာသာ ရပ်တန့်သွားပါသည်။

Reason

ဆာလ်ဖာချို့တဲ့ခြင်း ဆာလ်ဖာချို့တဲ့သောအပင် (ညာ)နှင့် နိုက်ထရိုဂျင်ချို့တဲ့သောအပင် (အလယ်) နိုင်းယှဉ်ထားပုံနှင့် အသင့်တော်ဆုံး ပေးထားသည့်အပင် (ဘယ်)

Sulfur is important for

  • ပရိုတင်း ဖွံ့ဖြိုးတိုးတက်လာမှု (အမိုင်နို အက်စစ်)။
  • ကို-အမ်ဆိုင်းဗီတာမင် A များ။

ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅