ကတိကဝတ်ပြုခြင်း
ကျွန်တော်တို့အားလုံးက ငတ်မွတ်ခေါင်းပါးမှု၊ မြေဆီလွှာပျက်စီးယိုယွင်းမှု၊ ရာသီဥတု ပြောင်းလဲမှုနှင့် အစားအစာကွင်းဆက်ကို နှောင့်ယှက်ဖျက်ဆီးမှုတွေရဲ့ တစစ ကြီးထွား လာသော စိန်ခေါ်မှုတွေကို ချက်ချင်းလက်ငင်း ရင်ဆိုင်ဖြေရှင်းရန် လိုအပ်လာနေပါ တယ်။ ယာရာ အနေဖြင့်လည်း ဒီကိစ္စရပ်တွေမှာ ပါဝင်ဆောင်ရွက်ဖို့ လိုအပ်နေ တယ်ဆို တာကိုလည်း နားလည်သဘောပေါက်ပါတယ်။ ကမ္ဘာ့မြေဆီလွှာ ပြန်လည်ကောင်းမွန် လာစေရန်၊ ဓာတ်ငွေ့ထုတ်လွှတ်မှုကို ရပ်တန့်ပစ်ရန်နှင့် ကျန်းမာရေး နှင့် ညီညွတ်သော အစားအစာတွေကို ပိုမိုရရှိနိုင်စေရန် အစားအစာစနစ် အသွင်ပြောင်းလဲမှု တစ်ခုကို ဦးတည်လာစေမယ့် ကိစ္စရပ်အားလုံးကို အစွမ်းကုန် ကြိုးပမ်း အားထုတ်ပြီးဆောင်ရွက် သွားရမှာပဲ ဖြစ်ပါတယ်။
ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ကောင်းဖြင့် သိပ္ပံနည်းကျ နှစ်ပေါင်း ၁၀၀ ကျော်ကြာ စိုက်ပျိုးရေး နည်းစနစ်တွေနဲ့ ပိုမိုကောင်းမွန်သော ကမ္ဘာကြီးကို ပြန်လည်တည်ဆောက် နိုင်မယ်လို့ အခိုင်အမာ ယုံကြည်ထားပါတယ်။ ကျွန်တော်တို့ရဲ့ မျှော်မှန်းချက်အသစ် ဖြစ်တဲ့ Growing a Nature – Positive Food Future ဆိုတာ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ပြဿနာတွေကို ဖြေရှင်းရာမှာ တစိတ်တပိုင်းအနေဖြင့် ပါဝင်မယ်လို့ ကျွန်တော်တို့က ကတိပေးပြီး ကမ္ဘာကြီးမှာ အစာရေစာပေါများစေပြီး ကမ္ဘာမြေကို ကာကွယ်လိုတဲ့ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ကို တွန်းအားပေး ဆောင်ရွက်မှာပဲဖြစ်ပါတယ်။