
ယာရာ ကုမ္ပဏီမှ မြန်မာနိုင်ငံတွင် ကြီးမားသော ဖွံ့ဖြိုးတိုးတက်မှုများ ရရှိနိုင်ရန် မျှော်လင့်လျက်ရှိ
ကမ္ဘာ့ထိပ်တန်း Yara International ASA မြေသြဇာ ကုမ္ပဏီသည် မြန်မာနိုင်ငံသို့ စတင် ဝင်ရောက်လာပြီ ဖြစ်ပါသည်။ နိုင်ငံတကာ ယာရာ ကုမ္ပဏီမှ မြန်မာနိုင်ငံ၏ GDP မြင့်မားလာစေရေးကို ဦးတည်ပြီး လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် သိသိသာသာ ဖွံ့ဖြိုးတိုးတက်လာနိုင်ရန် မျှော်လင့်လျက်ရှိပါသည်။