fbpx

သတင်း နှင့် ဖြစ်ရပ်များ

တောင်သူအသိပညာပေး လုပ်ငန်းတွေကို တစ်ဆင့်ထက်တစ်ဆင့် တိုးတက်လာအောင် ပြုလုပ်ပေးနေတဲ့ ယာရာမြန်မာ

မြန်မာနိုင်ငံမှာ စိုက်ပျိုးထုတ်လုပ်တဲ့ သီးနှံအများစုအတွက် သွင်းအားစုများမှာ မရှိမဖြစ်လိုအပ်နေသည့်အပေါ် တောင်သူအားလုံးအတွက် ယာရာက တစ်ထောင့်တစ်နေရာကနေ ပံ့ပိုးမှုတွေ ပြုလုပ်ပေးနေပါတယ်။

ယာရာကုမ္ပဏီဟာ မြန်မာနိုင်ငံကို စတင်ရောက်ရှိလာတာ (၃) နှစ်ရှိခဲ့ပြီဖြစ်ရာ လုပ်ငန်းစတင် ဝင်ရောက်လာ တာနဲ့တစ်ပြိုင်နက် တောင်သူဆွေးနွေးပွဲများကို စဉ် ဆက်မပြတ် ပြုလုပ်လျက်ရှိပါတယ်။ ၂၀၁၈ ခုနှစ် တစ်နှစ်တာကာလပတ်လုံး တောင်သူများ နှင့် တိုက်ရိုက်တွေ့ဆုံအသိပညာ တည်ဆောက်ပေးမှုများကို ပြည်နယ်နဲ့တိုင်းဒေသကြီးအလိုက် နေရာအနှံ့အပြားမှာ ပြုလုပ်ခဲ့ပါတယ်။ ပြည်နယ်နဲ့တိုင်းဒေသကြီးအနှံ့အပြားမှာရှိတဲ့ ဂေါ်ဖီ၊ ပန်းမုန်လာ၊ အာလူး၊ စပျစ်၊ ကော်ဖီ၊ နှမ်း၊ မြေပဲ၊ ပန်း၊ ကြက်သွန်၊ သခွားမွှေးနဲ့ ဖရဲ စတဲ့ တောင်သူတွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီး ၂၀၁၈ ခုနှစ် တစ်နှစ်တာလုံးမှာ မြန်မာပြည် အနှံ့အပြားမှာရှိတဲ့ တောင်သူ (၁၃၀၀၀) ကျော်ကို အသိပညာပေးဆွေးနွေးပွဲများ ပြုလုပ်ပြီး သီးနှံအာဟာရ ဖြေရှင်းနည်းများကို မျှဝေပေးနိုင်ခဲ့ပါတယ်။ လာမယ့် ၂၀၁၉-၂၀၂၀ ခုနှစ်မှာလည်း ယာရာက တောင်သူတွေ့ဆုံပွဲတွေကို စဉ်ဆက်မပြတ်ပြုလုပ်ပေး မှာဖြစ်ပြီးတောင် သူတို့ရဲ့ဘဝ ပိုမိုဖွံ့ဖြိုးလာဖို့ ယာရာက လက်တွဲကူညီ ပေးသွားမှာ ဖြစ်ပါတယ်။

တောင်သူစိုက်ခင်းတွေမှာ အထွက်နှုန်းတွေတိုးစေဖို့

ယာရာအနေနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ တောင်သူတွေအပါအဝင်ကမ္ဘာ့ အနှံ့အပြားမှာရှိတဲ့ တောင်သူ (၁၅) သန်းရဲ့ စိုက်ပျိုးရေး ထုတ်ကုန် တွေတိုးတက်ဖို့အတွက် ဆောင်ရွက်လျက်ရှိပါတယ်။ သီးနှံအာဟာရတွေ ပြည့်ဝဖို့အတွက် ကမ္ဘာ့အဆင့်မီ နည်းပညာတွေကို ပိုမိုသိမြင်လာစေဖို့ စိုက်ပျိုးရေး ပညာရှင်တွေ၊ ဝန်ထမ်းတွေ ကိုယ်တိုင် တောင်သူတွေဆီ ကွင်းဆင်းပြီး နည်းပညာပေးလုပ်ငန်းတွေကိုလည်း ဆောင်ရွက်လျက်ရှိပါသည်။

စိုက်ပျိုးသီးနှံတိုင်း အကျိုးအမြတ်ရရှိစေဖို့

ယာရာစိုက်ပျိုးရေး ပညာရှင်တွေရဲ့ အသိပညာပေးမျှဝေမှုဖြစ်တဲ့ သီးနှံအာဟာရ ကျွေးသည့်နည်းလမ်းများစွာက တောင်သူတွေရဲ့ လုပ်ငန်းစဉ်တွေမှာများစွာ အထောက်အကူပြုတဲ့အတွက် အကျိုးအမြတ် ပိုလာစေတာကိုလည်း လက်တွေ့ ခံစားလာရ ပြီဖြစ်ပါတယ်။

ယာရာကိုသုံးရင် သဘာဝပတ်ဝန်းကျင်

ယာရာကထုတ်လုပ်တဲ့ သီးနှံအာဟာရတွေဟာ အထွက်နှုန်းတိုးစေပြီး လိုတာထက် ပိုသုံးစရာ မလိုတဲ့အတွက် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကိုလည်း လျော့စေပါတယ်။ လက်ရှိ အချိန်မှာ ယာရာကို အသုံးပြုပြီး စိုက်ပျိုးရေး လုပ်ငန်းကို လုပ်ကိုင်နေတာကြောင့် ကာဗွန်ဒိုင်အောက်ဆိုက်ဒ် ထုတ်လွှတ်မှု (၁.၄) သန်း ကိုလည်း လျော့ချပေးနိုင်ခဲ့ပါတယ်။

ယာရာဆိုသည်မှာ အရည်အသွေးမြင့် သီးနှံအာဟာရအသုံးပြုတဲ့ နည်းပညာတွေကို စိုက်ပျိုးတောင်သူတွေအတွက် မျှဝေလျက်ရှိပါတယ်။ အသိပညာ၊ ဗဟုသုတများမျှဝေကာ တောင်သူဗဟိုပြုနည်းလမ်းအတိုင်း အတူတကွရင်းနှီးစွာ လုပ်ကိုင်လာတာကြောင့် လူသိများ ကျော်ကြားလာခဲ့ပါတယ်။ ယခုနှစ် အစောပိုင်းမှာ ယာရာရဲ့ တောင်သူ ဆွေးနွေးပွဲများကို မြန်မာနိုင်ငံရဲ့ နေရာဒေသအနှံ့အပြားမှာ ပြုလုပ်ပေးပြီး သီးနှံအမျိုးအစား တစ်ခုချင်းစီအလိုက် သီးနှံအာဟာရဖြေရှင်းနည်း အသိပညာ ဗဟုသုတများဝေမျှ ပေးခဲ့သလို ၂၀၁၈ ခုနှစ် အတွင်းမှာလည်း ယာရာက အာရှဒေသအတွင်းမှာရှိတဲ့ တောင်သူပေါင်း ၂၅၀,၀၀၀ ကျော်ကိုတွေ့ဆုံ ဆွေးနွေးအသိပညာ ပေးခြင်းများလည်း ပြုလုပ်ပေးခဲ့ပါတယ်။


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅