fbpx

သတင်း နှင့် ဖြစ်ရပ်များ

ယာရာမြန်မာ၏ ပထမဦးဆုံး အသိပညာပေး ဆွေးနွေးပွဲကို အောင်ပန်းမြို့တွင် စိုက်ပျိုးတောင်သူ ၁,၀၀၀ ဦးဖြင့် ခမ်းနားသိုက်မြိုက်စွာ ကျင်းပပြုလုပ်

ကမ္ဘာ့ထိပ်တန်း မြေသြဇာ ကုမ္ပဏီသည် မြန်မာပြည် ဒေသ အသီးသီးရှိ စိုက်ပျိုးတောင်သူများအတွက် အသိပညာ၊ ဗဟုသုတ မျှဝေကာ ၎င်းတို့၏ စိုက်ခင်းများမှ အကျိုးအမြတ် ပိုမိုရရှိအောင် ကူညီပံ့ပိုးပေးနိုင်ရန် စဉ်ဆက်မပြတ် ကျင်းပပြုလုပ်သွားမည့် အသိပညာပေး ဆွေးနွေးပွဲများကို စတင်လိုက်ပြီ ဖြစ်သည်။

 

ရှမ်းပြည်နယ်၊ မြန်မာ၊ ဧပြီလ ၃ ရက်နေ့၊ ၂၀၁၈ ခုနှစ် - အရည်အသွေးမြင့် ဓာတ်မြေသြဇာပစ္စည်းများ ထုတ်လုပ်ဖြန့်ချိလျက်ရှိသော ကမ္ဘာ့ထိပ်တန်း ယာရာ ကုမ္ပဏီသည် ယနေ့ ရှမ်းပြည်နယ်၊ အောင်ပန်းမြို့တွင် ကျင်းပပြုလုပ်သည့် စိုက်ပျိုးတောင်သူ ၁,၀၀၀ ဦး ပါဝင်သော ပထမဦးဆုံး အသိပညာပေး ဆွေးနွေးပွဲမှ စတင်၍ မြန်မာနိုင်ငံ ဒေသအသီးသီးမှ စိုက်ပျိုးတောင်သူများအတွက် စဉ်ဆက်မပြတ် ကျင်းပပြုလုပ်မည့် ယာရာ၏ အသိပညာပေး ဆွေးနွေးပွဲများအား စတင်လိုက်ပြီ ဖြစ်ပါသည်။ ယာရာ ကုမ္ပဏီကို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ တွင် မြန်မာနိုင်ငံ၌ စတင် မိတ်ဆက်ခဲ့ပြီးနောက် ထောင်ပေါင်းများစွာသော စိုက်ပျိုးတောင်သူများနှင့် တွေ့ဆုံကာ ၎င်းတို့၏ စိုက်ခင်းများမှ အကျိုးအမြတ် ရရှိအောင် ကူညီထောက်ပံ့ပေးရန် ရည်ရွယ်ပြီး ယခုကဲ့သို့ အသိပညာပေး ဆွေးနွေးပွဲများ ဆက်တိုက် ကျင်းပပြုလုပ်နိုင်ရန် ဆောင်ရွက်လျက်ရှိပါသည်။

 Image 1A Credit to Yara

ဒေသအသီးသီးရှိ စိုက်ပျိုးတောင်သူများမှာ ဒေသအလိုက် စိုက်ပျိုးသည့် သီးနှံများ မတူညီသောကြောင့် ယာရာမှ ရှမ်းပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ မုံရွာနှင့် စစ်ကိုင်းတိုင်းဒေသကြီး အစရှိသည့် အထက်မြန်မာပြည် တစ်ဝန်းရှိ ဒေသများတွင် စိုက်ပျိုးဖြစ်ထွန်းသည့် သီးနှံများနှင့် ကိုက်ညီမှုရှိသာ အသိပညာပေး ဆွေးနွေးပွဲများကို လာမည့် လများအတွင်း ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။ အသိပညာပေး ဆွေးနွေးပွဲတိုင်းတွင် စိုက်ပျိုးတောင်သူများအတွက် သီးနှံ အာဟာရ ဖြည့်တင်းခြင်းနှင့် ပတ်သက်သည့် အသိပညာ၊ ဗဟုသုတများ ရရှိနိုင်မည် ဖြစ်ပြီး ယာရာ၏ အရည်အသွေးမြင့် ထုတ်ကုန်ပစ္စည်းများ အကြောင်းနှင့် အထွက်တိုးစေရန် စိုက်ပျိုးနိုင်မည့် နည်းလမ်းများကို သိရှိ နားလည်နိုင်ကြမည် ဖြစ်ပါသည်။ ထို့အပြင် စိုက်ပျိုးတောင်သူများအား အကြံပြု ညွှန်ကြားပေးနိုင်ရန်နှင့် ၎င်းတို့အတွက် အကျိုးပြုနိုင်ရန် လေ့ကျင့်သင်ကြားပေးထားသည့် ယာရာ၏ ဒေသခံ သီးနှံအာဟာရ အကြံပေး ပညာရှင်များထံမှ ပံ့ပိုးကူညီမှုများလည်း ရရှိနိုင်ကြမည် ဖြစ်သည်။

 Image 1B Credit to Yara

ယာရာသည် အရည်အသွေးမြင့် မြေသြဇာနည်းပညာများနှင့် ဒေသခံ စိုက်ပျိုးတောင်သူများအတွက် အသိပညာ၊ ဗဟုသုတများ ဖြန့်ဝေကာ အတူတကွ ရင်းရင်းနှီးနှီး လုပ်ကိုင်ခြင်းများကြောင့် လူသိများ ကျော်ကြားခဲ့ခြင်း ဖြစ်ပါသည်။ အောင်ပန်းမြို့တွင် ယနေ့ ကျင်းပပြုလုပ်သော ပထမဦးဆုံးအကြိမ် အသိပညာပေး ဆွေးနွေးပွဲကို ရှမ်းပြည်နယ်၊ ကလောမြို့၊ မြန်မာ့စိုက်ပျိုးရေးဦးစီးဌာန၏ မြို့နယ်ဒုတိယမန်နေဂျာ ဖြစ်သူ ဒေါ်သက်သက်အေးနှင့်အတူ ယာရာမြန်မာ၏ Country Manager ဖြစ်သူ Mr. Håvar Valved တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပြီး တရားဝင် စတင်ကျင်းပခဲ့ပါသည်။

 Image 1D Credit to Yara

“ကျွန်တော်တို့ ယာရာမှာဆိုရင်တော့ စိုက်ပျိုးတောင်သူ ဗဟိုပြု ချဉ်းကပ်နည်းလမ်းတစ်ခုနဲ့ လုပ်ကိုင်ဆောင်ရွက်နေပြီး မနှစ်က အာရှမှာရှိတဲ့ စိုက်ပျိုးတောင်သူဦးရေ ၂၅၀,၀၀၀ လောက်အထိ တွေ့ဆုံခဲ့ပါတယ်။ မြန်မာနိုင်ငံမှာလည်း ထောင်ပေါင်းများစွာသော စိုက်ပျိုးတောင်သူတွေနဲ့ ရင်းရင်းနှီးနှီး လက်တွဲလုပ်ကိုင်ပြီး သီးနှံ အရည်အသွေးနဲ့ အထွက်နှုန်းတိုးစေမယ့် သီးနှံ အာဟာရ ဖြည့်စွက်နည်း အလေ့အကျင့်တွေ တိုးတက်လာအောင် ကူညီပေးနိုင်ဖို့ ရည်ရွယ်ထားပါတယ်။ စိုက်ပျိုးတောင်သူတွေအတွက် ကျင်းပပြုလုပ်တဲ့ အသိပညာပေး ဆွေးနွေးပွဲတွေကနေ ကျွန်တော်တို့ရဲ့ လက်တွေ့ ကွင်းဆင်းလေ့လာတဲ့ စိုက်ပျိုးရေး ပညာရှင်တွေက စိုက်ခင်းတွေအထိ လိုက်ပြီး စစ်ဆေးပေးသွားမှာပါ။ သီးနှံ ကြီးထွားမှုနှုန်း အခြေအနေနဲ့ လိုအပ်ချက်တွေကို အသေးစိတ် ခွဲခြမ်းစိတ်ဖြာပြီး သီးနှံတစ်ခုချင်းစီနဲ့ သင့်တော်တဲ့ အာဟာရ တိုက်ကျွေးမှုပုံစံကို အကြံပြုပေးသွားမှာပါ။ ဥပမာ အောင်ပန်းမြို့မှာဆိုရင် ဒီဒေသက စိုက်ပျိုးတောင်သူတွေ အများဆုံး စိုက်ကြတဲ့ ဟင်းသီးဟင်းရွက်တွေ၊ ဂေါ်ဖီထုပ်နဲ့ မုန့်ညင်း အမျိုးမျိုး စတဲ့ Brassica မျိုးနွယ်ဝင် သီးနှံတွေအကြောင်း အဓိကထား ဆွေးနွေးသွားမှာပါ။ ဒေသအလိုက် စိုက်ပျိုးဖြစ်ထွန်းတဲ့ ရာသီချိန်အရ အဓိကထား ဆွေးနွေးမယ့် သီးနှံတွေကိုလည်း လိုက်လျောညီထွေဖြစ်အောင် စီစဉ်သွားမှာပါ။ ယာရာ မြန်မာကနေ စိုက်ပျိုးရေး အသိပညာ၊ ဗဟုသုတတွေနဲ့ အရည်အသွေးမြင့် ထုတ်ကုန်တွေအပြင် လိုအပ်တဲ့ ကိရိယာတွေနဲ့ ဝန်ဆောင်မှုတွေကိုပါ စိုက်ပျိုးတောင်သူတွေအတွက် ပေးအပ်လျက်ရှိပါတယ်။ ဒီနည်းလမ်းနဲ့ မြန်မာနိုင်ငံက စိုက်ပျိုးတောင်သူတွေဟာ စိုက်ခင်းတွေကနေ အမြတ်အစွန်းတွေ တိုးပွားလာပြီး လူနေမှု အဆင့်အတန်းလည်း မြင့်မားလာမှာ ဖြစ်ပါတယ်” ဟု ယာရာမြန်မာ၏ Country Manager ဖြစ်သူ Håvar Valved က ဆိုသည်။

 Image 1C Credit to Yara

ယနေ့ အောင်ပန်းမြို့တွင် ကြီးကျယ်ခမ်းနားစွာ ကျင်းပပြုလုပ်သော ပထမဦးဆုံး အသိပညာပေး ဆွေးနွေးပွဲတွင် စိုက်ပျိုးတောင်သူ ၁,၀၀၀ ဦးကျော် တက်ရောက်ခဲ့ပြီး ယာရာအကြောင်းနှင့် ၎င်း၏ သမိုင်းကြောင်း ပြခန်း၊ ယာရာ၏ လက်ကမ်း စာစောင်နှင့် သီးနှံတစ်ခုချင်းစီ အလိုက် ထည့်သင့်သည့် မြေသြဇာ အချိုးအစားများ ပြခန်း၊ ယာရာ မြေသြဇာများကို အကောင်းဆုံး အသုံးချနည်း သရုပ်ဖော်ပြခန်းနှင့် ယာရာ၏ CheckIT မိုဘိုင်း အပလီကေးရှင်း အပါအဝင် ယာရာ ဒစ်ဂျစ်တယ် နည်းပညာ ပြခန်း စသည်ဖြင့် ပြခန်း အမျိုးမျိုးတွင် လေ့လာခဲ့ကြသည်။ ယာရာ၏ CheckIT မိုဘိုင်း အပလီကေးရှင်းသည် စိုက်ပျိုးတောင်သူများအတွက် သီးနှံပြဿနာများကို ကူညီဖြေရှင်းပေးနိုင်ပြီး မိမိတို့၏ မိုဘိုင်းဖုန်းမှတစ်ဆင့် အကြံပြုချက်များ တိုက်ရိုက်ရရှိနိုင်မည် ဖြစ်သည်။

 Image 1E Credit to Yara

ယနေ့ အခမ်းအနားသို့ တက်ရောက်ခဲ့သည့် စိုက်ပျိုးတောင်သူများသည် ယာရာ၏ သီးနှံအာဟာရ အကြံပေး ပညာရှင်များနှင့် တွေ့ဆုံဆွေးနွေးခွင့်ရခဲ့ပြီး မိမိတို့ လေ့လာသိရှိခဲ့သည့် ဗဟုသုတများကို စစ်ဆေးပေးသော သီးနှံ အာဟာရ သိကောင်းစရာ အမေး၊ အဖြေ များ ပြုလုပ်ကာ ဆုလက်ဆောင်များ ရယူနိုင်ခဲ့ကြသည်။

 Image 2A Credit to Yara

စိုက်ပျိုးရေး ပညာရှင်နှင့် သီးနှံအာဟာရ အကြံပေး ပညာရှင် ၂၄ ဦးဖြင့် ဖွဲ့စည်းထားသော ယာရာ အဖွဲ့သားများမှ အောင်ပန်းမြို့နယ်ရှိ အခမ်းအနားတွင် စိုက်ပျိုးတောင်သူများကို ပံ့ပိုးကူညီပေးခဲ့သည်။ စိုက်ပျိုးတောင်သူများအတွက် ယာရာ၏ အသိပညာပေး ဆွေးနွေးပွဲများကို ဧပြီလ ၅ ရက်နေ့တွင် ရှမ်းပြည်နယ် ရွှေညောင်မြို့၌ လည်းကောင်း၊ ဧပြီလ ၇ ရက်နေ့တွင် နောင်တရားမြို့၌ လည်းကောင်း ထပ်မံ ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။ ထို့နောက် အထက်မြန်မာပြည်ရှိ ဒေသများတွင်လည်း ယာရာ၏ အသိပညာပေး ဆွေးနွေးပွဲများ ဆက်လက် ကျင်းပပြုလုပ်ရန် စီစဉ်ထားရှိပါသည်။

 Image 3B Credit to Yara

၁၉၀၅ ခုနှစ်တွင် စတင် တည်ထောင်ခဲ့သော နော်ဝေးနိုင်ငံ၊အော်စလိုမြို့ အခြေစိုက် ယာရာ သည် ကမ္ဘာ့ထိပ်တန်း သီးနှံအာဟာရဖြည့် နည်းပညာ ကုမ္ပဏီတစ်ခု ဖြစ်ပါသည်။ ယနေ့တွင် ယာရာသည် ကမ္ဘာနိုင်ငံ အနှံ့အပြားတွင် ဝန်ထမ်းပေါင်း ၁၆,၀၀၀ ကျော်၊ တိုက်ကြီး ခြောက်တိုက်ရှိ စက်ရုံ၊ အလုပ်ရုံများ၊ နိုင်ငံပေါင်း ၆၀ ကျော်ရှိ လုပ်ငန်းများနှင့် နိုင်ငံပေါင်း ၁၆၀ တွင် ဖြန့်ဖြူးရောင်းချလျက်ရှိသည်။

 Image 5B Credit to Yara

ယာရာ ကုမ္ပဏီအကြောင်း အသေးစိတ် ထပ်မံသိရှိလိုပါက www.yara.com နှင့် www.facebook.com/yaramyanmar သို့ ဝင်ရောက်လေ့လာနိုင်ပါသည်။

 


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅