fbpx

သတင်း နှင့် ဖြစ်ရပ်များ

2020 နိုဘယ်ငြိမ်းချမ်းရေးဆုအခမ်းအနားမိတ်ဖက်အဖြစ် ယာရာပါဝင်

နိုဘယ်ငြိမ်းချမ်းရေးဆုကို ရရှိသော ကမ္ဘာ့အစားအစာ အစီအစဉ်သည် တည်ငြိမ်၍ ကြွယ်ဝချမ်းသာသော လူ့အဖွဲ့အစည်းကို ဖန်တီးရာတွင် အစားအစာစနစ်များနှင့် အစားအစာ အာမခံချက်၏ အရေးပါသော အခန်းကဏ္ဍကို အချိန်မီ သတိပေးပါသည်။ ငြိမ်းချမ်းရေးအတွက် အစားအစာ အာမခံချက်၏ အကြောင်းအရာသည် နိုဝင်ဘာလ ၂၀၂၁ အထိ နိုဘယ်ငြိမ်းချမ်းရေးစင်တာ၏ အဓိက အကြောင်းအရာဖြစ်မည် ဖြစ်ပြီး ယာရာသည် ဤကာလအတွက် နိုဘယ်ငြိမ်းချမ်းရေးဆု အခမ်းအနားမိတ်ဖက်အဖြစ် ပါဝင်ခဲ့ပါသည်။ ယာရာ၏ ရည်မှန်းချက်သည် ငြိမ်းချမ်းရေးအတွက် အဓိကကျသည့် အခြေအနေတစ်ရပ်ဖြစ်သော ကမ္ဘာ့ကပ်ရောဂါပြီးနောက် ပိုမိုကြံ့ကြံ့ခံနိုင်သော အစားအစာစနစ်များကို ပြန်လည်တည်ဆောက်ရန် ကမ္ဘာလုံးဆိုင်ရာ လုပ်ငန်းစဉ်၏ ထိပ်ဆုံးနေရာ၌ အစားအစာ အာမခံချက်ကို ထိန်းထားရာတွင် ကူညီရန် ဖြစ်သည်။

 

 

 Covid-19 သည် ကျန်းမာရေးကပ်ဆိုက်မှုဖြစ်သော်လည်း အစားအသောက် ကပ်ဆိုက်မှုလည်း ဖြစ်ပါသည်။ ကမ္ဘာကြီး၏ အစိတ်အပိုင်းများစွာတွင် ထောက်ပံ့ပို့ဆောင်ရေး အနှောင့်အယှက်များ၊ အလုပ်လက်မဲ့ဖြစ်ခြင်းနှင့် ဗိုင်းရပ်စ် ဘေးကင်းလုံခြုံရေး ဆောင်ရွက်ချက်များသည် ကုန်ခန်းပြီးဖြစ်သော အစားအစာ စနစ်များအပေါ်တွင် ဖိအား ပိုမိုဖြည့်သွင်းစေခဲ့ပြီး ၂၆၅သန်းသော လူတို့သည် အစားအစာ အာမခံချက်မရှိခြင်းကို ပြင်းထန်စွာ ရင်ဆိုင်စေခဲ့ရပါသည်။ နိုင်ငံများစွာတွင် ဆာလောင်မှုနှင့် ပဋိပက္ခတို့သည် အချင်းချင်း မည်သို့ ထောက်ပံ့သည်ကို သက်သေခံလျက် WFP သည် ငြိမ်းချမ်းရေးအတွက် လက်နက်တစ်ခုအနေဖြင့် အစားစာ၏ အရေးကြီးသည့် အခန်းကဏ္ဍအတွက် အမြဲတမ်း ထောက်ခံလာခဲ့သည်။ WFP အမှုဆောင်ဒါရိုက်တာ David Beasley က ပြောကြားခဲ့သည့်အတိုင်း “အစားအစာသည် ဖရိုဖရဲဖြစ်ရပ်များအပေါ် အကောင်းဆုံး ကာကွယ်ဆေး ဖြစ်တယ်” ဖြစ်ပါသည်။

ဤအရာကို အသိအမှတ်ပြုလျက် ယာရာသည် အာဖရိကလှုပ်ရှားမှုမှတစ်ဆင့် အရှေ့အာဖရိကရှိ ကျေးလက်တောရွာလူထုများတွင် ဤအကျပ်အတည်းကာလကို ပြောင်းလဲခြင်းအတွက် အထောက်အကူတစ်ခု ဖြစ်စေရန် လုပ်ကိုင်ခဲ့ပါသည်။ အာဖရိက လှုပ်ရှားမှုမှတစ်ဆင့် ယာရာသည် လယ်သမား ၂၅၀,၀၀၀ အတွက် မြေဩဇာ တန်ချိန် ၄၀,၀၀၀ လှူဒါန်းခဲ့ပါသည်။ ထိုလယ်သမားများသည် ယခုအခါတွင် အရှေ့အာဖရိကရှိ လူတစ်သန်းအတွက် တစ်နှစ်စာ အစားအစာများ ပံ့ပိုးပေးနိုင်ပြီး နောက်ထပ် နှစ်သန်းသည် ယာရာ၏ တီထွင်ဆန်းသစ်သော ဒစ်ဂျစ်တယ်ပလက်ဖောင်းမှတစ်ဆင့် သီးနှံစိုက်ပျိုးမှု အကြံဉာဏ်ကို ချိတ်ဆက်ထားပါသည်။
“အာဖရိက လှုပ်ရှားမှုက ကူညီပေးကမ်းစွန့်ကြဲတဲ့ အစီအစဉ်တစ်ခု မဟုတ်ပါဘူး။ တည်ငြိမ်မှုကို ဖန်တီးဖို့ပါပဲ။ ဘေးကင်းစိတ်ချရတဲ့ ဈေးကွက် လည်ပတ်မှုနဲ့ အစားအစာစနစ်တစ်ခုလုံး ကာလရှည် ဆက်ဆံရေး ဖြစ်ပေါ်စေချင်ပါတယ်။” ဟု ယာရာ၏ CEO Svein Tore Holsether က ပြောကြားပါသည်။

အစားအစာ အကျပ်အတည်းကို ရှောင်ရှားခြင်းတွင် စနစ်အလိုက် ပူးပေါင်းဆောင်ရွက်မှု လိုအပ်ပါသည်။ တစ်ကြိမ်တည်း သီးနှံရိတ်သိမ်းခြင်းကို ကျော်လွန်၍ အဆိုပါ လယ်သမားများ၏ ဘဝများအပေါ်တွင် အပြုသဘောဆောင်သော သက်ရောက်မှုဖြစ်စေခြင်းတွင် အရေးကြီးသည့် ရင်းမြစ်များ ရရှိမှုကို မြှင့်တင်ရန် အစိုးရများအကြား၊ ပြည်တွင်း ရပ်ရွာလူထုများ အကြားနှင့် ပြည်သူနှင့် ပုဂ္ဂလိက မိတ်ဆက်များအကြား ပူးပေါင်းဆောင်ရွက်မှု လိုအပ်ပါသည်။
မာလဝီတွင် အာဖရိက လှုပ်ရှားမှုသည် လယ်သမား ၂၆,၀၀၀ အတွက် အကောင်းဆုံး မြေဩဇာ ဖြန့်ဝေပေးရန် ကမ္ဘာ့အစားအစာ အစီအစဉ်နှင့် ပူးတွဲလုပ်ကိုင်ခဲ့ပါသည်။ တိုးတက်လာသော သီးနှံအာဟာရဖြင့် ၎င်းတို့သည် လူပေါင်း ၁၅၀,၀၀၀ ကျော်အတွက် အစားအစာများကို ပံ့ပိုးပေးမည် ဖြစ်ပါသည်။ ရွန်ဒါတွင် အာဖရိက လှုပ်ရှားမှုနှင့် WFP သည် လယ်သမား ၃၀,၀၀၀ အတွက် ရရှိနိုင်သည့် မြေဩဇာ တန် ၂,၅၀၀ ဖြစ်စေရန် ပူးပေါင်းဆောင်ရွက်ပါသည်။ ဈေးကွက်များ ပိုမိုကောင်းမွန်စွာ လုပ်ကိုင်ခြင်းဖြင့် ထွက်ရှိသည့် ပမာဏ၊ ဝင်ငွေနှင့် ဒဏ်ခံနိုင်မှုကို မြှင့်တင်ရန် လယ်သမားများကို စွမ်းအင်တိုးမြှင့်ရန် ကြိုးပမ်းဆောင်ရွက်လျက် ဈေးကွက်မဟာမိတ်တွင် ကမ္ဘာအစားအစာ အစီအစဉ်နှင့်အတူ ယာရာသည်လည်း လုပ်ကိုင်ဆောင်ရွက်ပါသည်။
နိုဘယ်ငြိမ်းချမ်းရေးဆုကို ချီးမြှင့်ခံရခြင်းအတွက် ကမ္ဘာ့အစားအစာအစီအစဉ်ကို ယာရာမှ ဂုဏ်ပြုပြီး ကမ္ဘာ့ အစားအစာစနစ်များတွင် ကြာရှည်ခံသည့် အပြောင်းအလဲကို ရရှိစေရန် ကမ္ဘာ့ လုပ်ငန်းစဉ်၏ ထိပ်တန်းနေရာ၌ အစားအစာ အာမခံချက်ကို ထိန်းထားရန်အတွက် WFP, နိုဘယ်ငြိမ်းချမ်းရေးစင်တာနှင့် အခြားမိတ်ဖက်များနှင့်အတူ အားကောင်းသည့် ပူးပေါင်းဆောင်ရွက်မှုကို မျှော်လင့်နေပါသည်။
ကျွနု်ပ်တို့ အတူတကွ ငြိမ်းချမ်းရေးကို တိုးတက်စေပါမည်။
ကြာရှည်ခံသည့် ငြိမ်းချမ်းရေးကို ရရှိစေရေးတွင် အစားအစာ၏ အခန်းကဏ္ဍအပေါ် အလေးထားလျက် ဒီဇင်ဘာလ ၁၁ရက်နေ့တွင် ပြုလုပ်မည့် အွန်လိုင်းအခမ်းအနားတွင် ကျွနု်ပ်တို့နှင့်အတူ ပါဝင်လိုက်ပါ။ ဤအခမ်းအနားတွင် WFP ဒါရိုက်တာ David Beasley, နိုဘယ်ငြိမ်းချမ်းရေးစင်တာ၏ အမှုဆောင် ဒါရိုက်တာ Kjersti Fløgstad, ယာရာ ၏ CEO Svein Tore Holsether တို့ ပါဝင်မည်ဖြစ်ပါသည်။

Noble Prize

 


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅