fbpx

သတင်း နှင့် ဖြစ်ရပ်များ

အာဖရိက လှုပ်ရှားမှု - ရှင်သန်နေသော လယ်မြေများ၊ ရှင်သန်နေသော အနာဂတ်များ - ကင်ညာနှင့် တန်ဇန်နီးယားနိုင်ငံများအတွက် ပထမအကြိမ် ဓာတ်မြေဩဇာ ပို့ဆောင်မှု

UN World Food Program, နော်ဝေနိုင်ငံ အစိုးရနှင့် အာဖရိက အဖွဲ့အစည်းများမှ ပံ့ပိုးပေးသော ပုဂ္ဂလိက-ပြည်သူ မိတ်ဖက်ဆောင်ရွက်မှုတွင် အရည်အသွေး အကောင်းဆုံး ဓာတ်မြေဩဇာ တန် (၄၀,၀၀၀)၊ သီးနှံစိုက်ပျိုးရေးနည်းပညာ၊ ကျွမ်းကျင်မှုနှင့် စိုက်ပျိုးသူ တောင်သူလယ်သမားများအတွက် ဒစ်ဂျစ်တယ် ဆိုင်ရာ လုပ်ဆောင်နိုင်မှုတို့ကို ယာရာအနေဖြင့် ပါဝင်ဆောင်ရွက်ခဲ့ပါသည်။

ဇွန်လ (၂၈) ရက်နေ့တွင် အရှေ့အာဖရိကသို့ နော်ဝေနိုင်ငံ ပေါ့စဂွန်းမြို့ရှိ ယာရာ၏ ထုတ်လုပ်မှု အထောက်အပံ့မှ ယာရာ၏ အရည်အသွေး အကောင်းဆုံး မြေဩဇာ တန် (၂၀,၀၀၀) အား ပထမအကြိမ် ပို့ဆောင်မှု ပေးပို့ခဲ့ပါသည်။

UN World Food Program, နော်ဝေနိုင်ငံ အစိုးရနှင့် အာဖရိက အဖွဲ့အစည်းများမှ ပံ့ပိုးပေးသော ပုဂ္ဂလိက-ပြည်သူ မိတ်ဖက်ဆောင်ရွက်မှုတွင် အရည်အသွေး အကောင်းဆုံး မြေဩဇာ တန် (၄၀,၀၀၀)၊ သီးနှံစိုက်ပျိုးရေးနည်းပညာ၊ ကျွမ်းကျင်မှုနှင့် စိုက်ပျိုးသူ တောင်သူလယ်သမားများအတွက် ဒစ်ဂျစ်တယ် ဆိုင်ရာ လုပ်ဆောင်နိုင်မှုတို့ကို ယာရာအနေဖြင့် ပါဝင်ဆောင်ရွက်ခဲ့ပါသည်။
ကင်ညာနှင့် တန်ဇန်နီးယားနိုင်ငံများသို့ ဦးတည်၍ တနင်္ဂနွေနေ့ နံနက်အစောပိုင်းတွင် စက်ရုံမှ ထွက်ခွာကာ Bonette ကုန်ပစ္စည်းတင် သင်္ဘောဖြင့် ပထမအကြိမ် ယာရာမီလာ တန် (၂၀,၀၀၀) ကို တင်ဆောင်ခဲ့ပါသည်။
“ခုခံနိုင်စွမ်းမရှိတဲ့ လူထုအတွက် စားနပ်ရိက္ခာ ဖူလုံမှု မြှင့်တင်ပေးရာမှာ ယာရာအနေနဲ့ ပါဝင်နိုင်တဲ့အတွက်၊ ကျွန်တော် ဂုဏ်ယူပါတယ်။ အာဖရိကလှုပ်ရှားမှု ဆောင်ရွက်ချက်မှာ သမိုင်းမှတ်တိုင်များစွာ ရှိပြီးတော့ ကျွန်တော်တို့ အစပိုင်းကိုသာ တွေ့မြင်ခဲ့ရသေးတယ်လို့ ယုံကြည်ပါတယ်။ ဒီဆောင်ရွက်ချက်ရဲ့ အလုံးစုံ သက်ရောက်မှုဟာ ကျွန်တော်တို့ ပထမဆုံး မျှော်မှန်းထားတာထက် ပိုလွန်သွားပါလိမ့်မယ်” ဟု Executive Vice President Strategy Communication ဖြစ်သူ Pablo Barrera Lopez မှ ပြောကြားပါသည်။
ကင်ညာ၊ ယူဂန်ဒါ၊ ရန်ဒါ၊ တန်ဇန်နီးယား၊ ဇန်ဘီယာ၊ မယ်လာဝီနှင့် မိုဇမ်ဘီခ်နိုင်ငံများရှိ စိုက်ပျိုးသူ လယ်သမားများ ရောက်ရှိရန်  တစ်နှစ်ကြာ လူတစ်သန်းအတွက် အစားအသောက် ထုတ်လုပ်ရာတွင် အကူအညီရန် ရည်ရွယ်လျှက် မြေဩဇာနှင့် သီးနှံစိုက်ပျိုးရေးနည်းပညာ ပံ့ပိုးမှုများ လုပ်ဆောင်ခဲ့ပါတယ်။ 
ယခင်တစ်ပတ်က နော်ဝေနိုင်ငံ၏ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီး Dag Inge Ulstein က ရေယာဉ် မထွက်ခွာမီ ကြိုတင်ပြင်ဆင်မှုများကို ကြီးကြပ်ကွပ်ကဲရန် ပေါ့စဂွန်း စက်ရုံသို့ လာရောက်ခဲ့ပါသည်။ ယာရာ၏ CEO ဖြစ်သူ Svein Tore Holsether နှင့် ကုန်ပစ္စည်းများ ပို့ဆောင်မှု ပြင်ဆင်ရာတွင် ပါဝင်သော ဝန်ထမ်းများနှင့်လည်း ဝန်ကြီးမှ တွေ့ဆုံခဲ့ပါသည်။
“ကျွန်တော်တို့အနေနဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ဖွံ့ဖြိုးရေး ရည်မှန်းချက်တွေကို ရောက်ရှိပြီးတော့ ကျွန်တော်တို့ရဲ့ အကူအညီကို အလိုအပ်ဆုံး လူတွေဆီ ရောက်ရှိခဲ့ရင် ကျွန်တော်တို့တွေ ပိုပြီးတော့မှ ပုဂ္ဂလိက-ပြည်သူ မိတ်ဖက်မှုတွေ လိုအပ်ပါတယ်။ ယာရာရဲ့ ဒီဆောင်ရွက်ချက်ဟာ အလွန်အရေးကြီးပြီး ရေရှည်သွားရမှာပါ” ဟု ဝန်ကြီး Ulstein မှ ပြောကြားပါသည်။


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅