fbpx

ခရမ်းချဉ်သီး ပုံသဏ္ဍာန်ပျက်သွားခြင်း

Symptoms

မဂ္ဂနီစီယမ်ချို့တဲ့သည့် လက္ခဏာများသည် အရွက်ရင့်များတွင် စတင်ဖြစ်ပေါ်ပါသည်။ ၎င်းတို့သည် အရွက်အနားတွင် ရွက်ကြောကြားဝါရောင်ပြသနေပြီး အဖြူရောင်မှ အညိုဖျော့ရောင် ဆဲလ်သေစက်များဖြင့် ဖုံးအုပ်ထားပါသည်။ ချို့တဲ့မှု ပြင်းထန်လျှင် ရွက်ကြောကြား အဝါရောင်များသည် အရွက်အနားမှ ရွက်မွှာအလယ်ထိ ဆက်လက်ဖြစ်ပေါ်နေပါသည်။ သေးငယ်သောရွက်ကြောများသည် အဝါရောင်ဖြစ်လာပြီး ပို၍ကြီးသော ရွက်ကြောများသည် အစောပိုင်းတွင် အစိမ်းရင့်ရောင်ဖြင့် ကျန်ရှိနေပါသည်။
အရွက်တစ်ရွက်လုံးသည် အဝါရောင်ပြောင်းသွားပြီး ပို၍ကြီးသော အရွက်များသည် နောက်ဆုံးတွင် သေဆုံးသွားပါသည်။ ကြီးထွားမှုသည်လည်း ပြည့်ပြည့်စုံစုံ မရှိသောကြောင့် အသီးအထွက်နှုန်း လျော့ကျပါသည်။

 

Reason

မဂ္ဂနီစီယမ်ဓာတ်ချို့တဲ့ခြင်း မဂ္ဂနီစီယမ် စုပ်ယူမှုကို အခြားသော အပေါင်းဓာတ်များ (ပိုတက်စီယမ်၊ အမိုနီယမ်၊ ကယ်လ်စီယမ်)များ အမြောက်အများရှိခြင်းအားဖြင့် လျှော့ကျနိုင်ပါသည်။
လက္ခဏာများသည် နိုက်ထရိုဂျင်ဓာတ်နှင့် အိုင်းရွန်းဓာတ်ချို့တဲ့ခြင်းတို့နှင့် ရောထွေးနိုင်ပါသည်။ နိုက်ထရိုဂျင်ဓာတ်ချို့တဲ့သည့် အခြေအနေတွင် အရွက်တစ်ရွက်လုံးသည် အဝါရောင်သို့ ညီညီညာညာပြောင်းသွားပြီး ရွက်ကြောများပါ အစိမ်းရောင်အဖြစ် မကျန်ခဲ့ပါ။ အိုင်းရွန်းဓာတ်ချို့တဲ့သော အပင်သည် ရွက်ကြောဧရိယာကြားတွင် အဝါရောင်ပြသနေပြီး မဂ္ဂနီစီယမ်ဓာတ်ချို့တဲ့လျှင် ငယ်ရွယ်နုပျိုသော အရွက်များမှ စတင်၍ဖြစ်ပေါ်ပါသည်။


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅