Knowledge grows stories
Pride in Practice : မတူကွဲပြားမှု အလှတရားနဲ့ အားလုံးပါဝင်နိုင်မယ့် ယာရာရဲ့ ရှေ့အနာဂတ် ခရီးလမ်း
မတူကွဲပြားတဲ့ အလှတရားနဲ့ အားလုံးပါဝင်နိုင်မယ့် လုပ်ငန်းခွင်တစ်ခုဖြစ်လာဖို့ ဦးစားပေး ဆောင်ရွက် နေတာက ယာရာအနေနဲ့ ဝန်ထမ်းတွေအပေါ်မှာ အကောင်းဆုံးခွန်အားစိုက်ထုတ်ပြီး ရင်းနှီးမြှုပ်နှံနေ တာဖြစ်ပါတယ်။ ဒီလိုမျိုးဆောင်ရွက်နေတာက ယာရာအတွက်ချည်းပဲမဟုတ်ပါဘူး။ လူ့အဖွဲ့အစည်း တစ်ခုလုံးအတွက် ပိုကောင်းတဲ့အနာဂတ်တစ်ခုဖြစ်လာစေဖို့ ပုံဖော်ပေးနေတာလို့ ယုံကြည်ပါတယ်။
ဆက်လက်တိုးတက်မှုရလာအောင် တောင်းဆိုခြင်း
ကုန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း ကော်ပိုရိတ်အခင်းအကျင်းက မတူကွဲပြားမှု၊ သာတူညီမျှရှိမှုနဲ့ အားလုံး ပါဝင်မှု (DEI) အစပျိုးလုပ်ဆောင်ချက်တွေမှာ တိုးတက်လာနေခဲ့တာကို မြင်တွေ့ခဲ့ကြရပါတယ်။ ဒီလိုမျိုးတိုးတက်လာနေပေမယ့် AI ကို ပိုပြီးအသုံးပြုလာတာလိုမျိုး အခြားဖွံ့ဖြိုးတိုးတက်လာမှု တွေကို ဦးစားပေးဆောင်ရွက်ဖို့ DEI ပရိုဂရမ်တွေမှာ လျှော့ပေါ့မှုအများကြီးလုပ်နေတယ်လို့ မကြာခင်က ထုတ်ပြန်တဲ့ သတင်းခေါင်းစဉ်တွေမှာ ဖော်ပြခဲ့ကြပါတယ်။
ယာရာမှာ မတူကွဲပြားတဲ့ အနာဂတ်အစီအစဉ်ကောင်းတစ်ခုရှိနေတယ်လို့လည်း ယုံကြည်ထားပါ တယ်။ အဲဒါက ဝန်ထုပ်ဝန်ပိုးတစ်ခုမဟုတ်ဘဲ ဆန်းသစ်တီထွင်မှုနဲ့ အောင်မြင်မှုရရှိဖို့အတွက် စွမ်းအား ပြည့်ဝတဲ့ အင်အားတစ်ခုလိုပဲ ပါဝင်နေတာပါ။
“စီးပွားရေးအခက်အခဲတွေကြုံလာတဲ့အခါ၊ DEI ပရိုဂရမ်တွေဟာ မရှိမဖြစ်လိုအပ်တာထက် “ရှိဖို့ကောင်းတယ်” ဆိုပြီး တချို့တွေက မြင်လာကြတာကြောင့် အဖွဲ့အစည်းတော်တော်များများမှာ ဦးစားပေးအဆင့်ကနေ လျှော့ချဖို့ ဦးဆုံးထည့်သွင်းစဉ်းစားလေ့ရှိကြပါတယ်။ ဒီဟာက ယာရာအတွက်ပဲ ပြဿနာဖြစ်နေတာ မဟုတ်ပါဘူး။ လက်ရှိနဲ့ အနာဂတ်မှာဖြစ်လာမယ့် စိန်ခေါ်မှုတွေကို လမ်းညွှန်ပေးမယ့် အဓိကသော့ချက်ဖြစ်တာကြောင့် DEI ဟာ လျှော့ချဖို့ မလိုအပ်တဲ့ မဏ္ဍိုင်တစ်ခုပဲလို့ ယူဆထားပါတယ်၊”
Cromwell Ellie ၊ ဒုဥက္ကဌ၊ Talent Development and DEI
မတူကွဲပြားပြီး အားလုံးပါဝင်နိုင်တဲ့ ဝန်ထမ်းအင်အားရဲ့ စွမ်းဆောင်နိုင်စွမ်း
ယာရာမှာရှိတဲ့ ကျွန်တော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေက တန်ဖိုးအရှိဆုံးအရာတွေဖြစ်တာကြောင့် DEI က ကျွန်တော်တို့အဖွဲ့အစည်းရဲ့ ဖွဲ့စည်းပုံနဲ့ ရည်ရွယ်ချက်တွေဖြစ်လာဖို့ အဓိကကျနေပါတယ်။
မတူကွဲပြားပြီး အားလုံးပါဝင်နိုင်တဲ့လုပ်ငန်းခွင်တစ်ခုဖြစ်လာစေခြင်းက မှန်ကန်တဲ့ ဆောင်ရွက်ချက် သာမဟုတ်ဘဲ မဟာဗျူဟာမြောက် အားသာချက်တစ်ခုလည်းဖြစ်တယ်ဆိုတာကို အခိုင်အမာ ယုံကြည်ထားပါတယ်။ ဝန်ထမ်းတွေက သူတို့ရဲ့ဆန်းသစ်တီထွင်ထားတဲ့ သဘောထားအမြင်တွေကို တင်ပြဖို့အတွက် တန်ဖိုးထားမှု၊ လေးစားမှုနဲ့ လုပ်ပိုင်ခွင့်ပေးအပ်ထားမှုတွေ ရရှိထားတယ်ဆိုတာကို သိလာရတဲ့အခါ ဆန်းသစ်တီထွင်မှုနဲ့ တီထွင်ဖန်တီးနိုင်မှုအလားအလာတွေကလည်း မြင့်တက်လာ ပါတယ်။ ဒါက ဆုံးဖြတ်ချက်ကောင်းတွေ ချမှတ်ဖို့နဲ့ ရလဒ်ကောင်းတွေရလာစေဖို့ ပိုမိုစွမ်းဆောင်ရည် ကောင်းတဲ့ ဝန်ထမ်းအင်အားဖြစ်လာစေတယ်။
လိင်စိတ်တိမ်းညွတ်မှု၊ ကျားမခွဲခြားမှု ဒါမှမဟုတ် ထုတ်ဖော်ပြောဆိုမှုတို့နဲ့ မသက်ဆိုင်ဘဲ လူတစ်ဦး တစ်ယောက်ချင်းစီတိုင်းဟာ တန်ဖိုးထားလေးစားခံရတဲ့ ပတ်ဝန်းကျင်ကောင်းတစ်ခုမှာနေရဖို့အတွက် ကျွန်တော်တို့ရဲ့ကတိကဝတ်တွေကို မယိမ်းယိုင်ဘဲ နည်းလမ်းများစွာသုံးပြီး ဆောင်ရွက်နေပါတယ်။
ဉာဏ်ပညာထက်မြက်ပြီး စွမ်းဆောင်ရည်မြင့်မားတဲ့ ဝန်ထမ်းအင်အားတစ်ခု တည်ဆောက်ခြင်း
ကမ္ဘာတဝန်းလုံးက လုပ်ငန်းခွင်အတွင်းမှာ ခွဲခြားဆက်ဆံတာတွေမရှိရဘူးဆိုတဲ့ ကတိကဝတ်တွေက ယာရာမှာရှိနေပြီး လိင်စိတ်တိမ်းညွတ်မှု၊ ကျားမခွဲခြားဆက်ဆံမှု သို့မဟုတ် ကျားမရေးရာဖော်ပြမှု တွေပေါ်မှာ မူတည်လို့ ဝန်ထမ်းတွေ နှောင့်ယှက်ခံရတာတွေ၊ ခွဲခြားဆက်ဆံခံရတာတွေကနေ ကာကွယ်ပေးနေပါတယ်။ ဒါပေမယ့် မူဝါဒတွေနဲ့ ကတိကဝတ်တွေက ဖြေရှင်းချက်ရဲ့ တစိတ်တပိုင်းပဲ ဖြစ်ပါတယ်။ လုပ်ဖော်ကိုင်ဖက်တွေ၊ ခေါင်းဆောင်တွေနဲ့ နေ့စဉ်နေ့တိုင်း ပြောဆိုဆက်ဆံမှုတွေက လည်း အရေးကြီးပါတယ်။
ယာရာမှာ အားလုံးပါဝင်နိုင်တဲ့ လုပ်ငန်းခွင်ဖြစ်လာအောင် ကြိုးပမ်းဆောင်ရွက်နေပြီး LGBTQIA+ အသိုက်အဝန်းမှ ကျွန်တော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို အသိအမှတ်ပြုထောက်ခံအားပေးနေတာ ကြောင့် ကျွန်တော်တို့ရဲ့ ကတိကဝတ်ကိုလည်း စောင့်ထိန်းနေတယ်ဆိုတာကိုလည်း ထင်သာမြင်သာ ရှိနိုင်ပါတယ်။ ဒီလိုအသိအမှတ်ပြု ထောက်ခံအားပေးမှုကို အစပျိုးလုပ်ဆောင်တာတွေက LGBTQIA+ ကိစ္စရပ်တွေကို အသိပညာပေးရုံသာမကဘဲ ဝန်ထမ်းတွေအားလုံးကိုလည်း လုပ်ဖော်ကိုင်ဖက်ကောင်း တွေဖြစ်လာစေနိုင်ပါတယ်။
“ပံ့ပိုးဆောင်ရွက်ပေးတဲ့ အချက်က အရေးကြီးတယ်။ လုပ်ဖော်ကိုင်ဖက်ကောင်းဖြစ်လာတယ်ဆိုတာ လူတွေကို ကူညီပေးတာကနေ လက်တွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေကို နားထောင်ပေးတာမျိုး၊ မသိစိတ်ထဲက ဒီဘက်လိုက်မှုအကြောင်းကို ကျွန်တော်တို့ကိုယ်တိုင် သင်ယူလေ့လာနိုင်ခြင်းလိုမျိုး စတဲ့ ပုံစံမျိုးစုံနဲ့ဖြစ်လာတာကို လူထုက နားလည်သဘောပေါက်အောင် ကျွန်တော်တို့ ကူညီပေးနေပါ တယ်၊” လို့ Senior Manager Strategic Learning and Development Governance and Excellence, DEI, Employee Resource Groups Lead ဖြစ်တဲ့ Tatiana Pavlova က မျှဝေထားပါ တယ်။
စိတ်ချလုံခြုံတဲ့ နေရာဌာနများနဲ့ ကူညီထောက်ပံ့ပေးတဲ့ ပံ့ပိုးကူညီမှုကွန်ရက်တွေကို အားပေး ဆောင်ရွက်ခြင်း
၂၀၂၃ ခုနှစ်မှာ ယာရာက အထင်သေးနှိမ့်ချခံနေရတဲ့ လူအုပ်စုတွေကို ကူညီပံ့ပိုးပေးဖို့အတွက် Employee Resource Group (ERGs) ကို စပြီးတည်ထောင်ခဲ့ပါတယ်။ Pride ERG အပါအဝင် ဒီလူအုပ်စုတွေရဲ့ ချိတ်ဆက်ဆောင်ရွက်မှု၊ အတွေ့အကြုံမျှဝေမှုတွေနဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးမှု တွေအတွက် လုံခြုံစိတ်ချမှုရှိတဲ့ နေရာဌာနတစ်ခုကို ပံ့ပိုးပေးထားပါတယ်။ Pride ERG က “LGBTQ+ တွေအတွက် သာတူညီမျှရှိတဲ့ လုပ်ငန်းခွင်တစ်ခုကို ပြုစုပျိုးထောင်ခြင်း - အသိပညာမျှဝေခြင်း၊ စိတ်ချလုံခြုံမှုရှိခြင်းနဲ့ ထင်သာမြင်သာရှိခြင်း” တို့အပေါ် အထူးအလေးထားဆောင်ရွက်နေပါတယ်။
Indirect Procurement မှ Senior Vice President တာဝန်ယူထားတဲ့ Kris Moors က “ယာရာက အမှန်တကယ်ကို တမူထူးခြားနေပြီး ဒီလိုရှုထောင့်ကကြည့်မယ်ဆိုရင် သူတို့တွေ၊ အဖွဲ့အစည်း တစ်ခုလုံးနဲ့ ကျွန်တော်တို့လက်တွဲလုပ်ကိုင်နေတဲ့ တစ်ကမ္ဘာလုံးကအသိုက်အဝန်းတွေ ရင်ဆိုင်နေရတဲ့ ကိစ္စရပ်တွေမှာ အပြောင်းအလဲကောင်းဖြစ်လာစေဖို့ ကျွန်တော်တို့ရဲ့ဝန်ထမ်းတွေအတွက် အခွင့်အလမ်းတွေ အများကြီးရှိနေပါတယ်။ ကျွန်တော်စပွန်ဆာပေးခွင့်ရထားတဲ့ Pride ERG က လုံးဝအသစ်တစ်ခုဖြစ်နေပေမယ့် အဖွဲ့ဝင်တွေကြားမှာမြင်နေရတဲ့ ရည်မှန်းချက်တွေနဲ့ စိတ်အား ထက်သန်မှုတွေကြောင့် ဂုဏ်ယူမိပါတယ်။” လို့ သူ့ရဲ့အမြင်ကို မျှဝေပေးထားပါတယ်။
LGBTQIA+ တွေ ပါဝင်လာဖို့ဆိုရင် မသိမသာချဉ်းကပ်ဆောင်ရွက်မှုတစ်ခုလုပ်ဖို့ လိုအပ်နေတယ် ဆိုတာ နိုင်ငံပေါင်း ၆၀ ကျော်မှာ လုပ်ငန်းဆောင်ရွက်နေပြီး အပြည်ပြည်ဆိုင်ရာ ကုမ္ပဏီတစ်ခုဖြစ်တဲ့ ယာရာက နားလည်သဘောပေါက်ပါတယ်။ ဒေသတစ်ခုချင်းစီရဲ့ မတူကွဲပြားတဲ့ ဥပဒေ၊ ယဉ်ကျေးမှုနဲ့ လူမှုရေးဆိုင်ရာ အကြောင်းအရာတွေကိုလည်း ကျွန်တော်တို့လေးစားလိုက်နာပါတယ်။ Pride ERG က ကမ္ဘာတစ်ဝန်းလုံးမှာ သတ်မှတ်ပိုင်းခြားထားတာတွေကို သိသာမြင်သာရှိလာစေတာကြောင့် လုပ်ဖော်ကိုင်ဖက်အချင်းချင်း ဆက်သွယ်ဆောင်ရွက်ပြီး အတွေ့အကြုံများမျှဝေနိုင်ဖို့အတွက် စိတ်ချလုံခြုံမှုရှိတဲ့ နေရာဌာနတစ်ခုကိုလည်း ပံ့ပိုးပေးထားပါတယ်။
စံပြအဖြစ် ဦးစီးဦးဆောင်ပြုခြင်း
၂၀၂၃ ခုနှစ်မှာ ယာရာက Oslo Pride ကို အဓိကစပွန်ဆာပေးခဲ့တာကို ကြည့်မယ်ဆိုရင် LGBTQIA+ အသိုက်အဝန်းကို ကျွန်တော်တို့က အမြဲတစေကူညီပံ့ပိုးပေးတယ်ဆိုတာ မြင်တွေ့နိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ စပွန်ဆာပေးမှုက ပိုပြီးတော့ အကျိုးရှိလာစေခဲ့တယ်။ ကမ္ဘာတဝန်းမှာရှိတဲ့ ယာရာရဲ့ လုပ်ဖော်ကိုင်ဖက်တွေက ပြည်တွင်းမှာ ကျင်းပတဲ့ Pride ပွဲတွေမှာ ပါဝင်ခွင့်ရှိတယ်ဆိုတာကို သိရှိသွားစေလို့ အပြည်ပြည်ဆိုင်ရာစည်းလုံးညီညွတ်မှု အားကောင်းလာပြီး လှုပ်ရှားဆောင်ရွက်မှု တွေမှာ အားလုံးပါဝင်ခွင့်ရစေဖို့ဆိုတဲ့ ကျွန်တော်တို့ရဲ့ ကတိကဝတ်ကိုလည်း မြင်သာစေနိုင်ပါတယ်။
တစ်ချိန်တည်းမှာပဲ ဒီလူထုကို ပေးပို့တဲ့ သတင်းစကားက ကျွန်တော်တို့ကုမ္ပဏီအပြင်ဖက်သို့ပါ ရောက်ရှိသွားပြီး DEI ရဲ့ အရေးပါမှုကို နားလည်သဘောပေါက်စေဖို့နဲ့ လူတိုင်းအတွက် ပိုမိုတီထွင် ဆန်းသစ်မှုရှိပြီး သာတူညီမျှရှိလို့ သာယာဝပြောတဲ့ အနာဂတ်တစ်ခုဖြစ်လာစေရေးအတွက် အခြေခံ မဏ္ဍိုင်တစ်ရပ်ဖြစ်တယ်ဆိုပြီး မှတ်ယူကြစေဖို့ ကုမ္ပဏီများအားလုံးကို ရည်ရွယ်သတင်းစကားပါး လိုက်ရပါတယ်။