fbpx

မြေသြဇာ ထုတ်ကုန်များ

ယာရာမီလာ ဝင်းနား

ယာရာမီလာ ဝင်းနား သည် သီးနှံအရည်အသွေးနှင့် အထွက်နှုန်း မြင့်မားစေရန် ထုတ်လုပ်ထားသော ကွန်ပေါင်းမြေသြဇာ ပုံစံဖြစ်ပါသည်။

ယာရာမီလာ ဝင်းနား သည် သီးနှံအရည်အသွေးနှင့် အထွက်နှုန်း မြင့်မားစေရန် ထုတ်လုပ်ထားသော ကွန်ပေါင်းမြေသြဇာ ပုံစံဖြစ်ပါသည်။

ယာရာမီလာ အလုံးတိုင်းတွင် နိုက်ထရိုဂျင်၊ (N) ဖော့စဖောရပ် (P)နှင့် ပိုတက်ဆီယမ် (K) တို့ ပါဝင်ပြီး ထို့အတူ သီးနှံအာဟာရလိုအပ်ချက်နှင့် ကိုက်ညီရန် ညီမျှသော အာဟာရရှိမှု သေချာစေရန် ဒုတိယ လိုအပ်သော အာဟာရနှင့် အနည်းလို အာဟာရဓာတ်တို့လည်း ပါဝင်ပါသည်။

ယာရာမီလာတွင် ချက်ချင်းရရှိနိုင်သော နိုက်ထရိုတ် နိုက်ထရိုဂျင်နှင့် တဖြေးဖြေးခြင်း ထုတ်ပေးနိုင်သော အမိုနီယမ် နိုက်ထရိုဂျင် အကောင်းဆုံးသော ပေါင်းစပ်မှုတစ်ခုလည်း ပါဝင်ပါသည်။

ညီမျှသော နိုက်ထရိုဂျင်အရင်းအမြစ်သည် အပင်ကြီးထွားမှုကို ပိုမိုမြန်ဆန်စေခြင်း ၊ အထွက်နှုန်း ပိုမိုမြင့်မားခြင်း နှင့် အရွယ်အစား ပို၍ကြီးစေခြင်း စသည့် အကျိုးကျေးဇူးတို့ ရရှိပါသည်။ ထို့အတူ ပိုမိုထိရောက်သော နိုက်ထရိုဂျင် အရင်းအမြစ်သည် ပတ်ဝန်းကျင်သို့ အာဟာရဓာတ်ဆုံးရှုံးခြင်းမှုကို ပိုမိုလျှော့နည်းစေသည်ဟု အဓိပ္ပာယ် ရပါသည်။

ယာရာ၏ နိုက်ထရို ဖော့စဖိတ် ထုတ်လုပ်သည့်ဖြစ်စဉ်သည် ယာရာမီလာတွင် ပိုလီဖော့စဖိတ်နှင့် အော်သိုဖော့စဖိတ်၏ ပြိုင်ဘက်ကင်းသော ပေါင်းစည်းထားမှုကို ပေးပါသည်။ ထိုပုံစံများသည် မြေကြီးအမျိုးစား အမျိုးမျိုးတွင် သီးနှံများအတွက် ပျော်ဝင်နိုင်သော ဖော့စ်စဖိတ်ဓာတ် ရရှိနိုင်မှုကို ပို၍ပေးပါသည်။

ထိုထုတ်ကုန်၏ ပိုလီဖော့စဖိတ် အစိတ်အပိုင်းသည် သီးနှံ၏အနည်းလို အာဟာရဓာတ် စုပ်ယူမှုကိုလည်း ထောက်ပံ့ပေးနိုင်ပါသည်။

ယာရာမီလာ ဝင်းနား သည် သီးနှံအားလုံးအတွက် သင့်တော်သော ပိုတက်ဆီယမ် အရင်းမြစ်နေဖြင့် MOP (ပိုတက်ဆီယမ် ကလိုရိုဒ်) နှင့် SOP (ပိုတက်ဆီယမ် ဆာလ်ဖိတ်) ကို သုံးထားပါသည်။ ပိုတက်စီယမ်သည် သီးနှံအားလုံးအတွက် ဖိအားများ နှင့် အပင်ရောဂါအမျိုးမျိုးအတွက် အပင်၏ ခံနိုင်ရည်ရှိမှုကို တိုးတက်လာစေရန် အရေးကြီးပါသည်။ ပိုတက်စီယမ်ဓာတ်သည် အပင်အတွင်း ရေရွှေ့လျားမှုကို ထိန်းညှိရာတွင် အသက်တမျှ အရေးကြီးသော အာဟာရဓာတ်ဖြစ်ပါသည်။

လက်ဖြင့်ဖြစ်စေ သို့မဟုတ် စက်ဖြင့်ဖြစ်စေ ကျဲပက်ရာတွင် လွယ်ကူစွာနှင့် တိကျစေရန် ယာရာမီလာ အလုံးတိုင်းကို အထူးပုံစံဖြင့် ထုတ်လုပ်ထားပါသည်။


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅