fbpx

မြေသြဇာ ထုတ်ကုန်များ

ဂရိုးဟောင်း

ဂရိုးဟောင်း သည် အထွက်နှုန်းနှင့် အရေအသွေးမြင့်မားစေရန် ဖော်ထုတ်ထားသော ကွန်ပေါင်းမြေသြဇာဖြစ်ပါသည်။

GrowHow

ဂရိုးဟောင်း မြေသြဇာကို ဖင်လန်နိုင်ငံက ထုတ်လုပ်ထားပြီး အထွက်နှုန်းနှင့် အရေအသွေးမြင့်မားစေရန် ဖော်ထုတ်ထားသော ကွန်ပေါင်းမြေသြဇာဖြစ်ပါသည်။

ဂရိုးဟောင်း မြေသြဇာအလုံးတိုင်းတွင် နိုက်ထရိုဂျင် (N)၊ ဖော့စဖောရပ်(P)နှင့် ပိုတက်ဆီယမ် (K) ပါဝင်ပြီး၊ သီးနှံအာဟာရ လိုအပ်ချက်နှင့် ကိုက်ညီရန် ညီမျှသော အာဟာရ ရရှိမူသေချာစေရန် ဒုတိယအာဟာရနှင့် အနည်းလိုအာဟာရဓာတ်များလည်း ပါဝင်ပါသည်။

ဂရိုးဟောင်းတွင် ချက်ခြင်းရရှိနိုင်သော နိုက်ထရိုတ် နိုက်ထရိုဂျင် နှင့် ဖြေးဖြေးခြင်း ထုတ်ပေးသော အမိုနီရမ် နိုက်ထရိုဂျင်တို့၏ ပိုမိုကောင်းမွန်သော ပေါင်းစပ်မှုတစ်ခု ပါဝင်ပါ သည်။

ညီမျှသော နိုက်ထရိုဂျင် (N) အရင်းမြစ်သည် ကြီးထွားမှု တုံ့ပြန်ခြင်းကို ပိုမိုမြန်ဆန်စေခြင်း၊ အထွက်နှုန်းမြင့်မားခြင်းနှင့် သီးနှံအရွယ်စား ပိုမို ကြီးစေခြင်း စသည့် အကျိုးကျေးဇူးများ ရရှိပါသည်။ ထို့အတူ ပို၍ အကျိုးရှိသော နိုက်ထရိုဂျင် အရင်းမြစ်ဆိုသည်မှာ ပတ်ဝန်းကျင်သို့ အာဟာရဓာတ်များ ဆုံးရှုံးမှုကို ပိုမိုလျှော့နည်းစေသည် ဟု အဓိပ္ပာယ်ပါသည်။

မြေအမျိုးစား အမျိုးမျိုးတွင် သီးနှံများ ဖော့စဖောရစ်ဓာတ် ရရှိမှု ကြာရှည်စေရန်နှင့် ပိုမိုရရှိနိုင်မှု မြောက်များစွာ ပေးနိုင်ရန် ယာရာမီလာတွင် ရေတွင်ပျော်ဝင်သော ဖော့စဖိတ်နှင့် အမိုနီယမ် စစ်ထရိုတ်တွင် ပျော်ဝင်သော ဖော့စဖိတ် နှစ်မျိုးလုံးပါဝင်ပါသည်။

ဂရိုးဟောင်းသည် ပိုတက်ဆီယမ် အရင်းမြစ်အနေဖြင့် MOP (ပိုတက်ဆီယမ် ကလိုရိုဒ်) ကို သုံးထားပါသည်။ ပိုတက်ဆီယမ်ဓာတ်သည် သီးနှံအားလုံးအတွက် ဖိအားနှင့် အပင် ရောဂါများ ခံနိုင်ရည်ရှိမှုကို တိုးတက်လာစေရန် အရေးကြီးပါသည်။ ပိုတက်ဆီယမ်သည် အပင်အတွင်း ရေရွှေ့လျားမှုကို ထိန်းညှိရန် အသက်တမျှ အရေးကြီး ပါသည်။

လက်နှင့်ဖြစ်စေ သို့မဟုတ် စက်ဖြင့်ဖြစ်စေ ကျဲပက်ရာတွင် လွယ်ကူပြီး တိကျစေရန် ဂရိုးဟောင်းအလုံးတိုင်းကို အထူးပုံစံဖြင့် ထုတ်လုပ်ထားပါသည်။

 

 ပါဝင်သောအချိုးများ

နိုက်ထရိုဂျင် (N) 15% ဖော့စဖော့ရပ်စ် (P2O5) 15% ပိုတက်ဆီယမ် (K2O) 15%

ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅