fbpx

ဓာတ်မြေသြဇာကိုင်တွယ်ခြင်းနှင့် ဘေးကင်းလုံခြုံမှု

မြေသြဇာကို ဘေးကင်းလုံခြုံအောင်အသုံးပြုမှု

စိုက်ပျိုးမြေပေါ်တွင် မြေသြဇာကို ဘေးကင်းလုံခြုံအောင်အသုံးပြုမှှုလက်ကမ်းစာစောင်ထံ ယာရာ၏ လမ်းညွှန်ချက်

စိုက်ပျိုးမြေပေါ်တွင် မြေသြဇာကို ဘေးကင်းလုံခြုံအောင်အသုံးပြုမှုလက်ကမ်းစာစောင်ထံ ယာရာ၏ လမ်းညွှန်ချက် (PDF 2.8MB)


စိုက်ပျိုးမြေပေါ်တွင် မြေသြဇာကို ဘေးကင်းလုံခြုံအောင်အသုံးပြုမှှုလက်ကမ်းစာစောင်ထံ ယာရာ၏ လမ်းညွှန်ချက်။ဤလက်ကမ်းစာစောင်သည် စိုက်ပျိုးမြေပေါ်တွင် မြေသြဇာများအသုံးပြုသောအခါ ဖြစ်ပေါ်လာ

မည့် ဘေးကင်းလုံခြုံရေးဆိုင်ရာကိစ္စရပ်များကို မီးမောင်းထိုးပြထားပြီး အထူးသဖြင့် ဤကိစ္စရပ်များအပေါ်တွင် အကြံဉာဏ်ပေးရန်ဖြစ်သည်-


မြေသြဇာထုတ်ကုန်များကို ကိုင်တွယ်သောအခါ တစ်ကိုယ်ရေဘေးကင်းလုံခြုံမှှု


အိမ်တွင်းအိမ်ပြင်သိုလှောင်ခြင်းဆိုင်ရာ အိမ်မှှုကိစ္စထိန်းသိမ်းမှှုနည်းလမ်းကောင်း


မြေသြဇာများကို သိုလှောင်သောအခါ ဘေးကင်းလုံခြုံရေးဆိုင်ရာလိုအပ်ချက်


သိုလှောင်ခြင်းနှင့်အသုံးပြုစဉ်အတွင်း ပတ်ဝန်းကျင်ဆိုင်ရာထိခိုက်မှှုကို လျှော့ချခြင်း


ထုတ်ကုန်အမှတ်တံဆိပ်များကို ဖတ်ရှုခြင်းနှင့် ရောင်းချသူဘေးကင်းလုံခြုံမှှုအချက်အလက် စာရွက်များ၏အရေးပါပုံ

ဥရောပအတန်းအစား၊ အမှတ်တံဆိပ်နှင့်ထုတ်ပိုးမှှုမှတ်ပုံတင်များ(အီးစီ)နံပါတ် ၁၂၇၂/၂၀၀၈တို့ကို မိတ်ဆက်ခြင်းမှ ရရှိလာသော နောက်ဆုံးပေါ် ထုတ်ကုန်အမှတ်တံဆိပ် သတင်းအချက်အလက်

မြေသြဇာ ကြီးကြပ်အုပ်ချုပ်မှှုအစီအစဉ်


ယာရာယူကေသည် ထုတ်ကုန်ပေါ်ထွက်လာမှှု၊ ကုန်ကြမ်းပစ္စည်းများဝယ်ယူမှှုနှင့် မှန်မှန်ကန်ကန်ထုတ်လုပ်မှှုမှစ၍ နောက်ဆုံးပေးဝေမှှုနှင့် စိုက်ပျိုးမြေတွင်အသုံးပြုမှှုအထိ မြေသြဇာတန်ဖိုးကွင်းဆက်တစ်လျှောက်လုံး ကောင်းမွန်သေချာစေရန်အတွက် မြေသြဇာကြီးကြပ်အုပ်ချုပ်မှှုအစီအစဉ်တစ်ခုကို လုပ်ဆောင်ပါသည်။


ယာရာယူကေသည် အက်ဖ်အိုင်အေအက်စ်(မြေသြဇာလုပ်ငန်းအာမခံအစီအစဉ်)၏ တည်ထောင် သူအဖွဲ့ဝင်တစ်ဦးဖြစ်ပြီး လုပ်ငန်းရောင်းလိုအားကွင်းဆက်ရှိ လုံခြုံစိတ်ချရမှှုနှင့်ခြေရာခံလိုက်နိုင်မှှု တို့ကို သေချာစေရန်အလို့ငှာ ယူကေမြေသြဇာလုပ်ငန်းအစီအစဉ်တစ်ခုကို ၀၉/၀၁/၂၀၀၆ ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့သည်။ အက်ဖ်အိုင်အေအက်စ်သည် စိုက်ပျိုးရေး၊ ဥယျာဉ်ခြံသီးနှံ၊ သစ်တော၊ သာယာအဆင်ပြေမှှုနှင့် အိမ်ဥယျာဉ်မဟုတ်ပဲ မည်သည့်စီးပွားဖြစ်အသုံးပြုမှှုအတွက် မဆို ရည်ရွယ်သော မြေသြဇာအားလုံးကို အကာအကွယ်ပေးပြီး လိုအပ်သောအာမခံအဆင့်ကို ရရှိစေရန်အတွက် “ဘေးအန္တရာယ်အကဲဖြတ်မှှု” နည်းလမ်းတစ်ခုကိုလုပ်ဆောင်သည်။ အစီအစဉ်ကို အေအိုင်စီ(စိုက်ပျိုးရေးလုပ်ငန်းအဖွဲ့)မှ စီမံခန့်ခွဲ သည်။

နောက်ထပ်သတင်းအချက်အလက်အတွက် NaCTSO (အမျိုးသားအဆင့် အကြမ်းဖက်မှှု တိုက်ဖျက်ရေးဆိုင်ရာ လုံခြုံရေးရုံး)သို့သွားပါ။သင့်မြေသြဇာအင်တာနက်စာမျက်နှာ လုံခြုံမှှုရှိပါစေ။


စိုက်ပျိုးမြေလုံခြုံရေးအတွက် အချက် ငါးချက်ပါအကြံဉာဏ်အစီအစဉ်


စိုက်ပျိုးမြေလုံခြုံရေးအတွက် အချက်ငါးချက်ပါအကြံဉာဏ်အစီအစဉ်ကို အမျိုးသားအဆင့် အကြမ်းဖက်မှှု တိုက်ဖျက်ရေးဆိုင်ရာ လုံခြုံရေးရုံး(NaCTSO)၊ စိုက်ပျိုးရေးလုပ်ငန်းများ မဟာမိတ် အဖွဲ့(AIC)၊ အမျိုးသားအဆင့် လယ်သမားများသမဂ္ဂ (NFU &NFUS )၊ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံမှှုကော်မတီ(HSE)နှင့် ဒီဖရာ တို့မှ ဖော်ထုတ်ခဲ့ကြသည်။

မြေသြဇာလုပ်ငန်းအာမခံအစီအစဉ်(FIAS)မှ အတည်ပြုထားသော ရောင်းချသူတစ်ဦးကို အသုံးပြုပါ။
မြေသြဇာကို လုံခြုံသောနေရာ သို့မဟုတ် အများပြည်သူမြင်ကွင်းမှ ဝေးကွာသောနေရာတွင် ထိန်းသိမ်းထားပါ။
ပုံမှန်ကုန်စည်စစ်ဆေးမှှုများကို လုပ်ဆောင်ပြီး မည်သည့်ပျောက်ဆုံးမှှုကိုမဆို ရဲထံချက်ချင်း အစီရင်ခံတင်ပြပါ။ (၁၀၁ ကိုခေါ်ဆိုပါ)
မြေသြဇာကို ကွင်းထဲတွင် ညသိပ်မထားပါနှင့်။
စာရွက်စာတမ်းအမှန် မပါပဲ အမိုးနီးယမ်းနိတ်ထရိတ်ကို မရောင်းပါနှင့်။
ထို့ပြင် ယာရာတွင် မြေသြဇာများကို လုံခြုံစေရန်အတွက် “အချက် ၁၀ ချက်ပါကုတ်နံပါတ်” ရှိပါသည်။
မြေသြဇာများကို လုံခြုံစေရန်အတွက် ယာရာ “အချက် ၁၀ ချက်ပါကုတ်နံပါတ်”
မြေသြဇာကို အများပြည်သူဝင်ရောက်နိုင်သောနေရာတွင် သိုလှောင်ခြင်းမပြုပါနှင့်။
မြေသြဇာကို ကွင်းထဲတွင် ညသိပ်မထားပါနှင့်။
မြေသြဇာကို အများပြည်သူသုံးလမ်းမကြီးနှင့်နီးသော သို့မဟုတ် အများပြည်သူသုံးလမ်းမကြီးမှ မြင်သာသောနေရာတွင် သိုလှောင်ခြင်းမပြုပါနှင့်။
အမိုးနီးယန်းနိတ်ထရိတ်မြေသြဇာကို ကိုယ်ပိုင်အသိအမှတ်ပြုလက်မှတ်မပါပဲ မရောင်းပါနှင့်။ ထိုသို့ပြုလုပ်ခြင်းသည် ပြစ်မှှုမြောက်သည်။
သင်၏မြေသြဇာကို FIAS ကအသိအမှတ်ပြုထားသောရောင်းချသူတစ်ဦးထံမှဝယ်ယူပါ။
မြေသြဇာပေးပို့မှှုမှတ်စုအားလုံးကို ဖိုင်တွဲ၍ ဆက်လက်ထိန်းသိမ်းထားပါ။
ဖြစ်နိုင်ခြေရှိသောနေရာတိုင်းတွင် ပြုုလုပ်ခြင်းနှင့် HSE ဘေးကင်းလုံခြုံမှှုလမ်းညွှန်ချက်တို့ နှင့်စပ်လျဉ်း၍ မြေသြဇာကို သော့ခတ်ထားသောအဆောက်အအုံ သို့မဟုတ် ခြံဝင်းတစ်ခုထဲတွင်သိုလှောင်ပါ။
အပြင်ဘက်တွင်သိုလှောင်သည့်အခါ မြေသြဇာကို တပြင်လုံးအပြည့်ထည့်ပြီး ယူငင်ဆော့ကစားခြင်းမပြုစေရန် အပုံကို ပုံမှန်စစ်ဆေးပါ။
ကုန်စည်စစ်ဆေးမှှုကို ပုံမှန်လုပ်ဆောင်ပါ။
မည်သည့်ကုန်ပစ္စည်းကွာဟမှှု သို့မဟုတ် ပျောက်ဆုံးမှှုကိုမဆို ရဲထံ ချက်ချင်းအစီရင်ခံတင်ပြပါ။


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅