fbpx

ဓာတ်မြေသြဇာကိုင်တွယ်ခြင်းနှင့် ဘေးကင်းလုံခြုံမှု

မြေသြဇာကြဲပက်ခြင်းဆိုင်ရာအကြံဉာဏ်

အရည်အသွေးမြင့်မြေသြဇာတစ်မျိုးမှာ အရေးကြီးသော်လည်း ၎င်းကို မည်သို့ကြဲပက်ရမည်ဆိုသည်မှာလည်းအရေးကြီးပေသည်။


ကြဲပက်ကိရိယာ စမ်းသပ်ခြင်း


အကောင်းဆုံးရလဒ်များ ရရှိစေရန်အလို့ငှာ သင့်မြေသြဇာအား အောင်မြင်စွာပက်ဖျန်းခြင်းဆိုင်ရာနောက်ဆုံးပေါ်အကြံဉာဏ်ကို ယူဆောင်ပေးရန်အလို့ငှာယာရာသည် အက်စ်စီအက်စ် ကြဲပက်ကိရိယာနှင့် ပက်ဖျန်းကိရိယာစမ်းသပ်သည့်ကုမ္ပဏီနှင့် အင်တိုက်အားတိုက်ပူးပေါင်းဆောင်ရွက်ခဲ့သည်။


ဓါတ်မြေသြဇာအခဲကျွေးခြင်း


မှန်ကန်သော မြေသြဇာကို ရွေးချယ်ပါ။


သီးနှံတစ်မျိုး၏ လိုအပ်ချက်များအတွက် အသင့်တော်ဆုံး မြေသြဇာကို ဆုံးဖြတ်ရာတွင် ကူညီပေး ရန်အလို့ငှာ မြေဆီလွှာကို အရောင်များဖြင့် ခွဲခြမ်းစိတ်ဖြာချက် (broad spectrum analysis) တစ်ခုကို အာဟာရစီမံခန့်ခွဲမှှုအစီအစဉ်တစ်ခုနှင့်အတူ ပေါင်းစပ်ဆောင်ရွက်ပါ။


အစေ့တိုင်းတွင် အာဟာရများအားလုံးပါဝင်ပြီး ကတော့ထဲတွင် အာဟာရကွဲထွက်မသွားရန် သေချာစေရေးအတွက် စစ်မှန်ပြီး တသားတည်းဖြစ်သော ကွန်ပေါင်းဓါတ်မြေသြဇာတစ်မျိုးကို အသုံးပြုပါ။ဤသို့ပြုလုပ်ခြင်း၏ အကျိုးကျေးဇူးမှာ ကြဲပက်ကိရိယာအဝတစ်လျှောက် အာဟာရအားလုံး အညီအမျှပျံ့နှံံ့စေခြင်းဖြင့် သီးနံှပင်အားလုံးမှ၎င်းတို့၏လိုအပ်ချက်ပြည့်မီစေရန်အတွက်မှန်ကန်သောအာဟာရကို ရရှိစေသည်။


မြေသြဇာ အရည်အသွေးကို စစ်ဆေးပါ။


အသုံးပြုမည့်မြေသြဇာအားလုံးသည် တသုတ်တည်းရောက်ရှိလာခြင်း၊အထူးသဖြင့် နေ့စွဲအမျိုးမျိုးတွင် ပေးပို့ခြင်း သို့မဟုတ် လက်ကျန်ကုန်စည်အဟောင်းကို လွှဲပေးခြင်းဟုတ်မဟုတ်စစ်ဆေးပါ။ တစ်ခါတစ်ရံ တူညီသောဓါတ်မြေသြဇာကို စက်ရုံအမျိုးမျိုးတွင် ထုတ်လုပ်နိုင်ပြီး မြေသြဇာတိုင်းတွင် ကွဲပြားခြားနားသော ဝိသေသလက္ခဏာများ ပါရှိကြသည်။ ဆိုလိုသည်မှာ ထုတ်ကုန်တူအသုတ်နှစ်ခုတွင် ကွဲပြားခြားနားသော ကြဲပက်အပြင်အဆင်များရှိပြီး သီးခြားစမ်းသပ်ရန် လိုအပ်နိုင်သည်။
အညီအမျှကြဲပက်မှှုတစ်ခုရရှိစေရန် မြေသြဇာတွင် ညီညွတ်သော ဝိသေသလက္ခဏာများရှိသင့် သည်။ ထို့ကြောင့် ကတော့ထဲသို့မထည့်မီ ၎င်းကိုစစ်ဆေးပါ။ မြေသြဇာသည် သက်တမ်းရင့်လာသည်နှင့်အမျှ အရည်အသွေးလျော့ကျသွားနိုင်သောကြောင့် ကြာရှည်သိုလှောင်ထားသောကုန်စည် နှင့်ကုန်စည်အသစ်တို့ကိုနှိုင်းယှဉ်၍ ကွဲပြားခြားနားသော အပြင်အဆင်များ လိုအပ်နိုင်သည်။ ရောနှောထားခြင်းသည် ကြဲပက်သောအခါ ကွဲထွက်နိုင်ပြီး သင်သိုလှောင်ထားသည့်နည်းစနစ်သည် အရည်အသွေးကို ဖြစ်ပေါ်စေသည်။ ကျစ်လျစ်သိပ်သည်းခြင်းမှ ကာကွယ်ရန် မြေသြဇာကို သုံးအိတ်အမြင့်ထက်ပို၍ပုံမထားရန် သင့်ကို ကျွနု်ပ်တို့အကြံပြုပါသည်။

အချိန်ကိုက်ပြုလုပ်ပါ။


သင်၏ သီးနှံပင်များက အာဟာရများကို အလိုအပ်ဆုံးဖြစ်သည့်အချိန်- မှန်ကန်သောအချိန်တွင် အာဟာရများကို ကြဲပက်ပါ။ နိုက်ထရိုဂျင်၊ ဖော့စဖရပ်၊ ပိုတက်စီယမ်နှင့် ဆာလဖာတို့ကို နွေဦးရာသီတစ်ကြိမ် ကျွေးပေးခြင်းသည် အကျိုးကျေးဇူးရှိကြောင်း စမ်းသပ်ကွက်ကိန်းဂဏန်းအချက်အလက်အရ ပြသခဲ့ပြီးဖြစ်သည်။ထိုကဲ့သို့ဖြစ်ရခြင်းမှာ သင့်သီးနှံပင်များ၏အလုံးစုံစတင်ကြီးထွားချိန်မှာအဆိုပါအဓိကအာဟာရများအား၎င်းတို့လိုအပ်ချက် အမြင့်ဆုံးအချိန် ဖြစ်သောကြောင့်ဖြစ်သည်။
ရာသီဥတုကို ဂရုပြုပါ။ လေပြင်းတိုက်ခတ်မှှုများသည် သင်၏ ကြဲပက်သည့်ပုံစံ အထူးသဖြင့် ပေါ့ပါးသည့်အလုံးများကို ကြဲပက်သည့်အခါ ကောင်းစွာအကျိုးသက်ရောက်စေနိုင်သည်။ ဖျန်းပက်ချိန်၌လေအလွန်ပြင်းထန်ခဲ့ပါက မဖျန်းပါနှင့်။ စိုစွတ်သောနေ့တစ်နေ့တွင် စီးဆင်းမှှုနှှုန်းကို ထိခိုက်စေသည့်အစိုဓါတ်ကို မြေသြဇာကစုပ်ယူနိုင်သဖြင့်စိုထိုင်းဆပမာဏအဆင့်များကိုလည်း သတိထားစောင့်ကြည့်ပါ။ ခြောက်သွေ့သောအခြေအနေမှာထက် ပိုမိုလျှင်မြန်စွာဒလက်များပေါ်တွင်စုပုံဖြစ်ထွန်းစေသော ဆာလဖာထုတ်လုပ်မှှုများကိုလည်း စိုစွတ်သော သို့မဟုတ် စိုထိုင်းသောအခြေအနေများက အကျိုးသက်ရောက်စေလိမ့်မည်။


ကြဲပက်ကိရိယာထိန်းသိမ်းစောင့်ရှောက်ခြင်း


သင်ကြဲပက်သည့်ပုံစံအပေါ် အကျိုးသက်ရောက်မှှုရှိမည်ဖြစ်သောကြောင့် သင့်ကြဲပက်ကိရိယာယိုယွင်းပျက်စီးမှှုကို ပုံမှန်စစ်ဆေးပါ။ အစိတ်အပိုင်းများကို သင့်လျော်သောနေရာတွင် အစားထိုး ပြုပြင်ပြီး ထုတ်လုပ်သူ၏ ထိန်းသိမ်းစောင့်ရှောက်မှှုဆိုင်ရာအကြံဉာဏ်ကို လိုက်နာပါ။


သင့်ထွန်စက်ဖန်သားပြင်ပေါ်ရှိ ပီတီအိုအမှတ်အသားကို ပီတီအိုဝင်ရိုးနှင့်နှှိုင်းယှဉ်စစ်ဆေးပါ။ ကိစ္စရပ်အများအပြားတွင် အမှတ်အသားမတူညီသဖြင့် သင့်ကြဲပက်ကိရိယာသည် သင်ထင်မြင်သည့် ပီတီအိုအမြန်နှှုန်းအတိုင်း

လုပ်ဆောင်ခြင်းမရှိပေ။


အသုံးပြုနေစဉ်နှင့် အသုံးပြုပြီး နှစ်ချိန်စလုံးတွင် ကြဲပက်ကိရိယာကို ပုံမှန်ဆေးကြောသန့်စင်ပေးပါ။


ကြဲပက်ကိရိယာဒလက်များကို အထူးဂရုစိုက်ပြီး သင့်ကတော့ကို ပြန်မဖြည့်မီအချိန်တိုင်း ဆေးကြောပေးပါ။ ဤကဲ့သို့ပြုလုပ်ပေးခြင်းသည် ဆာလဖာပါဝင်သည့် မြေသြဇာများကို အသုံးပြုသည့်အခါ အထူးအရေးကြီးသည်။ အချိန်ကြာလာသည်နှင့်အမျှ ဆာလဖာမြေသြဇာများမှာပျံ့နှံ့မှှုမညီမညာဖြစ်စေသည့် အစိုင်အခဲများကြီးထွားလာခြင်း သို့မဟုတ် ဖြစ်ပေါ်စေခြင်းတို့ကို ဖန်တီးပေးနိုင်သော အနယ်အနှစ်များကို ကြဲပက်ကိရိယာဒလက်များပေါ်တွင် ကျန်ရစ်စေသည်ဟု သိရှိပြီးဖြစ်သည်။ယာရာနှင့် အက်စ်စီအက်စ် နှစ်ခုစလုံးမှ ‘ဒဗလျူ ၄၀’ အမျိုးအစားထုတ်ကုန်တစ်မျိုးနှင့် ဒလက်များအား ဆေးကြောရာတွင် အဝတ်စုတ်ကို အသုံးပြုရန် ထောက်ခံခဲ့ကြသည်။ ရေနံဆီအခြေခံချောဆီများသည် ဆာလဖာအလျှင်အမြန်ဖြစ်ပေါ်မှှုကို အရည်ပျော်စေသည်။


ဆာလဖာပါဝင်သော မြေသြဇာများကို ကြဲပက်သည့်အခါအနယ်အနှစ်စုပုံခြင်းကို ဖယ်ရှားရန်အတွက် ကြဲပက်ကိရိယာဒလက်များကို အဝတ်စုတ်သုံး၍ ‘ဒဗလျူ ၄၀’ အမျိုးအစား ချောဆီနှင့်အတူ ပုံမှန်ဆေးကြောပေးရန် မှတ်ချက်ပြုပါသည်။
သင်၏ အပြင်အဆင်များ မှန်ကန်ပါစေ။


ကြဲစက်တစ်ခု၏ အပြင်အဆင်မှန်ကန်မှှုကို မြေသြဇာ၏ သဘာဝဂုဏ်သတ္တိများက ဆုံးဖြတ်ပေးသည်။ အမှှုန်အရွယ်အစားပျံ့နှံ့ခြင်း၊ ထုထည်သိပ်သည်းဆနှင့် စီးဆင်းနှှုန်းတို့မှာ အများအားဖြင့် အပြင်အဆင်ကို လွှမ်းမိုးသည်။

ကြဲပက်ကိရိယာထုတ်လုပ်သူ၏ ဇယားများမှာ လမ်းညွှန်ချက်တစ်ရပ်မျှသာဖြစ်သည်။ ၎င်းတို့သည် စမ်းသပ်ခန်းများရှိ စံသတ်မှတ်ထားသည့် အခြေအနေများအောက်ရှိ စမ်းသပ်ချက်များအပေါ်အခြေခံထားပြီး အကောင်းဆုံးလုပ်ဆောင်ရန်အတွက် ကြဲပက်ကိရိယာကို ပြင်ဆင်ထားရှိပုံဆိုင်ရာ သတင်းအချက်အလက်၊ ကျွေးလိုသောနှှုန်းထား(တဟက်တာလျင်ကျွေးရမည့်ကီလိုဂရမ်)၌ အညီအမျှပျံ့နှံ့မှှုနှင့် တိကျသေချာသော လုပ်ငန်းအကျယ်အဝန်း စသည်တို့ကိုပေးသော်လည်း ၎င်းတို့သည် လမ်းညွှန်ချက်တစ်ရပ်မျှသာဖြစ်သည်။


အကောင်းဆုံးကြဲပက်ခြင်းအခြေအနေများကို ရရှိစေရန် သင်သည် ကြဲပက်ကိရိယာနှင့် မြေသြဇာတို့ သီးသန့်ပေါင်းစပ်ခြင်းကို အသုံးပြုလျက် လင်ဗန်းစမ်းသပ်ချက်တစ်ခု လုပ်ဆောင်သင့်သည်။ သီးခြားစမ်းသပ်မှှုတစ်ခုကို မြေသြဇာအမျိုးမျိုးအတွက် လုပ်ဆောင်သင့်သည်။ အချို့သော မြေသြဇာထုတ်ကုန်များသည် ၎င်းတို့ကိုထုတ်လုပ်ခဲ့သောနေရာပေါ်မူတည်၍ အမျိုးမျိုးပြောင်းလဲကြောင်းမှတ်သားထားပြီး သီးခြားစမ်းသပ်မှှုပြုလုပ်ရန် လိုအပ်နိုင်သည်။ မြေသြဇာအိတ်ပေါ်ရှိ ညွှန်ကြားချက်များကို အမြဲစစ်ဆေးပါ။


စက်အမြင့်။ ခင်းကျင်းထားသော ကြဲပက်ကိရိယာတစ်ခုပေါ်ရှိ အဝိုင်းပြား သို့မဟုတ် ပြွန်ဝသည် သီးနှံအပေါ်ဘက်ရှိ မှန်ကန်သောအမြင့် (ထုတ်လုပ်သူများ၏ လမ်းညွှန်ချက်တွင်ကြည့်ပါ) တွင် ရှိစေရန်နှင့် ၎င်းသည် မှန်မှန်ကန်ကန်ခင်းကျင်းထားမှှုရှိမရှိ သေချာအောင်လုပ်ပါ။


မြေသြဇာအသုံးပြုမှှုအကြံဉာဏ်နှင့် လမ်းညွှန်ချက်


အမြန်နှုန်းမြှင့်တင်ခြင်း။ အမြန်နှုန်းသည် တူညီသောအသုံးပြုမှှုနှုန်းထားတစ်ခုကို ရရှိရေးတွင် အရေးကြီးသော အခန်းကဏ္ဍတစ်ခုမှ ပါဝင်သည်။ ထို့ကြောင့် ဂီယာအမှန်ကို အသုံးပြုရမည်ဖြစ်သည်။ အဝိုင်းပြားလည်ပတ်ရန် ပီတီအို သို့မဟုတ် အခြေခံမောင်းနှင်မှှုကို အားထားသည့်စက်များသည် သတ်မှတ်ထားသောအမြန်နှုန်း၌ အမြဲတမ်းသွားနေသည်။ ပြောင်းလဲမှှုများသည် မညီညာသော ပျံ့နှံ့မှှုနှင့် နှုန်းထားပြောင်းလဲခြင်းတို့ကို ဖြစ်ပေါ်စေလိမ့်မည်။
အကွေ့အကျယ်အဝန်း။ မှန်ကန်သောအလုပ်နေရာအကျယ်အဝန်းတစ်ခုကို မောင်းနှင်ရန် အရေးကြီးဆုံးဖြစ်သည်။ ထုတ်လုပ်သူ၏ လက်ကိုင်စာအုပ်သည် အသုံးပြုမည့်မြေသြဇာ အမျိုးအစားအတွက် ဤသတင်းအချက်အလက်ကို ပေးလိမ့်မည်။ အပြည့်အဝကျယ်ဝန်းသော ဖြန့်ဖြူးစက်များအတွက် အကွေ့နေရာတစ်ခုစီသည် ယခင်တစ်ခုနှင့် တူညီသင့်သည်။


ထောင့်စွန်းများ။ ကွင်းပတ်လည်၌အကွေ့နှစ်ခုအတွက် လုံလောက်သောနေရာချန်ထားရန်မှာ ပုံမှန်ဖြစ်သည်။ ဘေးတိုက်ဖြန်းပက်သောစက်များနှင့်အတူ နှစ်ခါပြန်ဖြန်းခြင်း သို့မဟုတ် လွဲချော်ခြင်းတို့ကို ရှောင်ရှားရန်အလို့ငှာ မြေသြဇာကို ‘ဖွင့်ချခြင်း’နှင့် ‘ပြန်ပိတ်ခြင်း’ တို့အားဖြင့်တန်းညှိပေးရန်အလွန်အရေးကြီးသည်။ စက်နှင့်အတူပါရှိသော အစွန်းအဝိုင်းပြား သို့မဟုတ် နယ်နိမိတ်စက်ကိရိယာကို အသုံးပြုပါ။ ကွင်းအနားစွန်းများပေါ်တွင် အသုံးပြုခြင်းဆိုင်ရာတားမြစ်ချက်များကို ထည့်သွင်းစဉ်းစားပြီး အစွန်းစက်ကိရိယာအရ တပ်ဆင်ထားပါ။


မြေသြဇာအရည်ကျွေးခြင်း


မြေသြဇာအရည်ကို လက်ရှိလယ်ယာမြေဆေးဖျန်းကိရိယာဖြင့် ကျွေးနိုင်ပြီး နိုက်ထရိုဂျင်နှင့် အင်န်ပီကေအက် ကျွေးပေးခြင်းနှစ်ခုစလုံးကို တိတိကျကျလုပ်ဆောင်ခြင်းဖြင့် ချက်ချင်းတိုးတက်ကောင်းမွန်လာစေနိုင်သည်။
အသုံးပြုမှှုတိကျမှန်ကန်ခြင်း။ အပြည့်အဝအသံမြည်သည့်ကိရိယာတစ်လျှောက်မှာ ကျယ်ဝန်းသော်လည်း အပြီးသတ်အချိန်များတွင် ထပ်နေခြင်းကို လျှော့ချပေးခြင်းနှင့်အထူးသဖြင့် ကွင်းအနားစွန်းများမှစ၍ သီးနှံပင်၏နယ်စပ်အထိ ကွင်းတစ်ခုလုံးကို တစ်ဟက်တာလျှင် မှန်ကန်သောပမာဏဖြင့် ကျွေးပေးပြီး နောက်ထပ်မကျွေးတော့ပေ။


အကျိုးကျေးဇူးများ ပါဝင်မှှု။ သီးနှံပင်များသာမက ထောင့်စွန်းများတွင် ထပ်နေခြင်းကိုလျှော့ချခြင်း၊ မြေသြဇာလေလွင့်မှှုလျော့နည်းခြင်း၊ လဲကျခြင်းနှင့်ရောဂါများဘေးအန္တရာယ်လျော့နည်းခြင်း၊ ပေါင်းစပ်ရပိုမိုလွယ်ကူခြင်း၊ သီးနှံအစေ့အဆန်နမူနာများ ပိုမိုညီညွတ်ခြင်းနှင့် အထွက်နှုန်းများပိုမိုမြင့်မားခြင်း


ယာရာမြေသြဇာအရည်ဆိုင်ရာ နောက်ထပ်သတင်းအချက်အလက်ကို ရှာဖွေပါ။

ယာရာဗီတာမြေသြဇာ အသုံးပြုမှှု

ယာရာဗီတာ ရွက်ဖြန်းထုတ်ကုန်များကို ပြုပြင်မှှုပိုမိုလွယ်ကူစေရန်နှင့် ပိုမိုအဆင်ပြေချောမွေ့ စေရန်အလို့ငှာ လှောင်ကန်တွင် အခြားစိုက်ပျိုးရေးဆိုင်ရာ ဓါတုသွင်းအားစုများနှင့်အတူ များများစားစား ရောနှောနိုင်သည်။ www.tankmix.comနှင့် ယာရာ TankmixIT App တို့တွင် ၃၀.၀၀၀ ထက်ပိုသော လှောင်ကန်ရောနှောစမ်းသပ်ချက်ရလဒ်များကို သင်ရှာဖွေတွေ့ရှိလိမ့်မည်။ ဝန်ဆောင်မှှုကို နေ့စဉ်ပြုပြင်မွမ်းမံလျက်ရှိပြီး ထုတ်ကုန်ဖြင့် သို့မဟုတ် တက်ကြွလှုပ်ရှားသော ပါဝင်ဖက်စပ်ထားသည့်အရာ စသည်တို့ဖြင့် ရှာဖွေနိုင်သည်။


ပက်ဖျန်းကိရိယာထုတ်လုပ်သူများ


အမေဇုံ


အမေဇုံသည် ဥရောပမြေသြဇာ ပက်ဖျန်းကိရိယာထုတ်လုပ်သူများထဲမှ အကြီးဆုံးတစ်ခုဖြစ်သည်။ ၎င်းတို့၏ အဓိကပန်းတိုင်မှာ အကောင်းဆုံးလုပ်ဆောင်ချက်ရလဒ်များအတွက် လယ်သမားကို နည်းပညာမြင့်မားသည့်စက်ကိရိယာနှင့်အတူ ထောက်ပံ့ကူညီရန်ဖြစ်သည်။


ဘော့ဂ်ဘေလီ


ဘော့ဂ်ဘေလီသည် မြေသြဇာပက်ဖျန်းကိရိယာများ၏ ကမ္ဘာ့ဦးဆောင်ထုတ်လုပ်သူများထဲမှ တစ်ခုဖြစ်သည်။ ၎င်းတို့သည် သတ္ထုဓါတ်ပါဝင်သော မြေသြဇာများကို ဖျန်းပက်ခြင်းအတွက် နည်းစနစ်များဖွံ့ဖြိုးတိုးတက်မှှုကဏ္ဍတွင် လုပ်ဆောင်ပေးသည်။


ကူဘူတာ


ကူဘူတာသည် ပတ်ဝန်းကျင်နှင့်သဟဇာတဖြစ်သည့်ကိရိယာကို ထုတ်လုပ်ပေးခြင်းဖြင့် လူမှှုအဖွဲ့ အစည်းကို ပါဝင်ကူညီပေးရေးဆိုင်ရာ ဦးတည်ချက်တစ်ခုနှင့်အတူ အပြည်ပြည်ဆိုင်ရာ အမှတ် တံဆိပ်ခေါင်းဆောင်တစ်ခုဖြစ်လာခဲ့ပြီးဖြစ်သည်။

ဖားမက်ဆာလကီ

ဆာလကီသည် ပြင်သစ်နိုင်ငံရှိမြေသြဇာပက်ဖျန်းကိရိယာများနှင့် အစေ့ချစက်များထုတ်လုပ်ခြင်း၌ ဈေးကွက်ဦးဆောင်သူဖြစ်ပြီး ဥရောပထိပ်တန်းထုပ်လုပ်သူသုံးဦးထဲမှ တစ်ဦးဖြစ်သည်။

ခွန်

ခွန်မြေသြဇာပက်ဖျန်းကိရိယာများသည် တာရှည်ခံစက်ကို ထုတ်လုပ်ပေးပြီး ပက်ဖျန်းအားမြင့်မားလျက် ကုန်ထုတ်စွမ်းအားတစ်ခုလုံးကို တိုးတက်ကောင်းမွန်စေသည့်အပြင် စိုက်ပျိုးရေးသွင်းအားစုကုန်ကျစရိတ်များကို လျှော့ချပေးရန် ကူညီပေးနိုင်သည်။


တီးဂယ်လ်


တီးဂယ်လ်သည် ကမ္ဘာတစ်ဝှမ်းရှိ စိုက်ပျိုးသူများကို ထုတ်လုပ်ပေးနေသော ပြီးပြည့်စုံသည့် စက်အမျိုးအစားတစ်ခုကို မှတ်ကျောက်တင်ပုံဖော်ခဲ့သော ဈေးကွက်အထင်ကရ ‘တိုမာဟော့ခ်’အမျိုးအစားကို ထုတ်လုပ်ပေးသည်။

ကေဗာနယ်လန်းဒ်သည် ကုန်ကျစရိတ်များနှင့်အထွက်နှုန်း နှစ်ခုစလုံးကို အလေးထားမှှုနှင့်အတူ ပိုမိုထိရောက်သောလုပ်ဆောင်ချက်များကို ပါဝင်ကူညီသည်။


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅