fbpx

ဓာတ်မြေသြဇာကိုင်တွယ်ခြင်းနှင့် ဘေးကင်းလုံခြုံမှု

မြေသြဇာဆိုင်ရာ လုံခြုံမှုနှင့်ဘေးကင်းမှု

ထိုအမျိုးအစားထုတ်ကုန်များကို လူနှင့်ပတ်ဝန်းကျင် အန္တရာယ်ဖြစ်စေနိုင်သော အမျိုးအစားအဖြင့် ခွဲခြားထားသည်။

 

မြေသြဇာဆိုင်ရာ ဘေးကင်းမှု


နှစ်ပေါင်းများစွာ အမိုးနီးယမ်နိုက်ထရိတ် မြေသြဇာများသည် မြောက်များစွာသော မတော်တဆမှုများတွင် ပါဝင်စေခဲ့သောကြောင့် သယ်ယူပို့ဆောင်မှု၊ သိမ်းဆည်းမှုနှင့် ကိုင်တွယ်မှုဆိုင်ရာ ဥပဒေများ ပျံ့နှံ့လွှမ်းမိုးခဲ့သည်။ သယ်ယူပို့ဆောင်စဉ်နှင့် သိမ်းဆည်းထားစဉ် ဆွေးမြည့်ပျက်စီးပါက အဆိပ်ငွေ့များထုတ်လွှတ်၍ ဘေးအန္တရာယ်အခြေအနေများကို ဖြစ်စေသည်။

ယာရာကုန်တင်သင်္ဘောနှင့် မြေသြဇာအကြောင်း ဆွေးနွေးခြင်း


ကုလသမဂ္ဂသည်ပစ္စည်းအမျိုးအစားခွဲခြားရာတွင်တစ်ကမ္ဘာလုံးကိုက်ညီမှုရှိသောစနစ်နှင့်ဓါတုပစ္စည်းအမည်များ အညွှန်းတပ်ခြင်းစနစ် (GHS) ကို ထုတ်ပြန်ခဲ့သည်။ GHS ကို အန္တရာယ်ရှိသော ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရာတွင် ကုလသမဂ္ဂ အကြံပြုချက်ဖြစ်သော ခေတ်မီသတ်မှတ်ချက်များ၊ စမ်းသပ်နည်းလမ်းများနှင့် ဘေးအန္တရာယ်များဖော်ထုတ်သော နည်းလမ်းများဖြင့် ချိန်ညှိထားခြင်းဖြစ်သည်။ ဥရောပတွင်လည်း ဥရောပဆိုင်ရာ GHS အနေဖြင့် လိုက်လျောညီထွေ ပြုပြင်ထားပြီး အမျိုးအစားခွဲခြားခြင်းနှင့် ကုန်ပစ္စည်း အညွှန်းတပ်ခြင်း (CLP)ကို ထုတ်ပြန်ထားသည်။


အန္တရာယ်များသော ကုန်ပစ္စည်းများ သယ်ပို့ဆောင်ခြင်းဆိုင်ရာ အကြုံပြုချက်များ (www.unece.org/trans/danger/danger.html) ကို IMO (ရေကြောင်း)၊ ADR (ကုန်းကြောင်း)၊ RID (ရထားလမ်း)၊ ADN(R) (ဖောင်သင်္ဘောများ)နှင့် IATA (လေကြောင်း) သတ်မှတ်ချက်များ၏ အပြည်ပြည်ဆိုင်ရာ မြေသြဇာသယ်ယူပို့ဆောင်ရေး ဥပဒေမှ ကူးယူထားခြင်းဖြစ်သည်။ နိုင်ငံအလိုက်နှင့် ဒေသအလိုက် မြေသြဇာသိမ်းဆည်းသည့် သတ်မှတ်ချက်များကို ချမှတ်ထားသည်။ SEVESO ညွှန်ကြားချက်သည် သိမ်းဆည်းသည့်ပမာဏလမ်းညွှန်မှုနှင့် ဥရောပသမဂ္ဂအတွင်း ဘေးအန္တရာယ်ရှိသော ကုန်ပစ္စည်းများအတွက် အန္တရာယ်အကဲဖြတ်မှုကို လမ်းညွှန်ချက် ပေးစွမ်းနိုင်သည်။


ထုတ်ကုန်တစ်ခုကိုဖြစ်စေ၊ မြေသြဇာထုတ်လုပ်ရာတွင်အသုံးပြုသော ကုန်ကြမ်းပစ္စည်းကိုဖြစ်စေ၊ မှန်ကန်သော သတင်းအချက်အလက် ရရှိစေရန် အကောင်းဆုံးအချက်မှာ ကုန်ပစ္စည်းအသုံးပြုသောနိုင်ငံ၏ ဥပဒေအရ နောက်ဆုံးထွက်ရှိထားသော လုံခြုံမှုအချက်အလက်ဆိုင်ရာဇယားများ (SDS) ကို တောင်းဆိုခြင်းဖြစ်သည်။ မှန်ကန်သော လုံခြုံမှုအချက်အလက်ဆိုင်ရာဇယားတွင် ဖြစ်နိုင်ချေရှိသော ဘေးအန္တရာယ်များ၊ ကိုင်တွယ်ခြင်းနှင့် သိမ်းစည်းခြင်းဆိုင်ရာ အကြုံပြုချက်၊ မလိုအပ်သောအခြေအနေများနှင့် စွန့်ပစ်မှုများပါဝင်သည်။

အမိုးနီးယမ်နိုက်ထရိတ်အစစ် (နိုက်ထရိတ်မြင့်မားသော မြေသြဇာ)


အမိုးနီးယမ်နိုက်ထရိတ် ၃၃.၅ ကို ကုလသမဂ္ဂမှ ၎င်း၏ အမိုးနီးယမ်နိုက်ထရိတ်ပါဝင်မှု မြင့်မားခြင်းကြောင့် အောက်စီဂျင်ဓါတ်ဆောင်ပစ္စည်း (အခွဲ ၅.၁) အနေဖြင့် အမျိုးအစားခွဲထားသည်။ သိမ်းဆည်းရန်အတွက် နိုင်ငံအလိုက် ခွင့်ပြုချက်များဖြင့် အထူးသတ်မှတ်ချက်များ ချမှတ်ထားသည်။ ယာရာမှ အမိုးနီးယမ်နိုက်ထရိတ်အခြေပြု မြေသြဇာများသည် ပေါက်ကွဲမှုခံနိုင်ရည် စမ်းသပ်ချက်ကို အောင်မြင်ထားပြီး ပေါက်ကွဲမှုကို မြင့်မားစွာခုခံနိုင်သည်။ အိတ်သွပ်ထားသော မြေသြဇာများ မီးလောင်သောအခါ အိတ်များသည် အရည်ပျော်ပြီး ကွဲသွားသော်လည်း ၎င်းတို့သည် မီးအပေါ်အကျိုးသက်ရောက်မှု အလွန်နည်းပါးပေလိမ့်မည်။


အမိုးနီးယမ်းနိုက်ထရိတ်ပါဝင်သော ပစ္စည်းဖိတ်ကျမှုနှင့် အပယ်ခံပစ္စည်းကို ကိုင်တွယ်ခြင်း


ရွေ့လျားစက်ခါးပတ်မှ ဖိတ်ကျခြင်းဖြစ်စေ အိတ်များမှဖြစ်စေ ဖိတ်ကျသော ပစ္စည်းများသည် ညစ်ညမ်းမှု ကင်းစင်၍ မြေသြဇာလိုအပ်ချက်၏ သတ်မှတ်ချက်များနှင့် ကိုက်ညီလျှင် လျင်မြန်စွာ သိမ်းဆည်းပြီး သာမန်ကုန်ပစ္စည်းအနေဖြင့် ရောင်းချသင့်သည်။

မြေသြဇာအိတ်များ တင်ခြင်း


မတင်ပါက ပစ္စည်းများအရည်ပျော်ဝင်ခြင်းကိုသော်လည်းကောင်း၊ ဓါတ်မပြုနိုင်ခြင်းကိုသော်လည်းကောင်း ဖြစ်စေနိုင်သည်။ အကယ်၍ အလွန်အမင်း ညစ်ညမ်းသွားပါကစွန့်ပစ်ပစ္စည်းအနေဖြင့် သဘောထား၍ အန္တရာယ်ရှိသော ပစ္စည်းတစ်ခုအနေဖြင့် ဒေသတွင်း ဥပဒေအရ ထိန်းသိမ်းဆောင်ရွက်ရမည်။


ဥရောပရှိ CLP သတ်မှတ်ချက်၏ ထပ်တိုးဥပဒေအရ အမိုးနီးယမ်းနိုက်ထရိတ်ပါဝင်သော မြေသြဇာများကို COMAH (Seveso) လမ်းညွှန်မှုအောက်တွင် သတ်မှတ်ထားရှိသည်။ ဂျာမနီနှင့် ပြင်သစ်ကဲ့သို့သော အချို့ဥရောပနိုင်ငံများတွင် ထိုကုန်ပစ္စည်းများကို ထိန်းချုပ်ရန် နိုင်ငံအလိုက် သတ်မှတ်ချက်များ ထပ်ပေါင်းထားရှိပြီး ဂျာမနီတွင် TRGS နှင့် ပြင်သစ်တွင် ကုတ်ဒယ်အယ်အန်ဗိုင်းရွန်းမန့် (Code de l’environment )ဟူ၍ဖြစ်သည်။ ထိုကဲ့သို့သော နိုင်ငံအလိုက် သတ်မှတ်ချက်များသည် ပိုမို၍ အတွေ့များလာပြီး ဒေသအလိုက် လေ့လာရန် လိုအပ်သည်။

 

NPK အတွင်းရှိ အမိုးနီးယမ်နိုက်ထရိတ်


NPK အတွင်းရှိ အမိုးနီးယမ်နိုက်ထရိတ် မြေသြဇာများသည် မြင့်မားသောအပူချိန်တွင် ဆွေးမြည့်နိုင်သည်။ အပူချိန်ဆင့်ကဲဖြစ်စဉ်များသည် အစပိုင်း pH လျော့ကျပြီးနောက် မြေသြဇာမှ အပူနှင့် ဓါတ်ငွေ့များကို ဖြစ်ပေါ်စေသည်။ ကလိုရိုက်၊ အော်ဂဲနစ်ပစ္စည်းများနှင့် အချို့သော သတ္တုအိုင်းယွန်းများ - အထူးသဖြင့် ကြေးနီ (Cu2+) တို့ရှိပါက ဆွေးမြည့်မှုနှုန်း လျင်မြန်သည်။ ဖော့စဖိတ်၊ ကာဗွန်ပါသောသတ္တုနှင့် pH မြင့်မားပါက ဆွေးမြည့်မှုနှုန်း နှေးကွေးသည်။


အချို့သော အမိုးနီးယမ်းနိုက်ထရိတ်အခြေပြု NPK မြေသြဇာများသည် ဆွေးမြည့်မှုကို ကိုယ်တိုင်ထိန်းချုပ်နိုင်မှု (SSD) ဝိသေသများကို ပြသသည်။ အချို့သော မြေသြဇာများအတွက် မတော်တဆ အပူရှိန် (၁၂၀ ဒီဂရီစဲလ်စီရပ်အထက်) ရောက်ရှိခြင်းအားဖြင့် SSD ကို စတင်ဖြစ်ပေါ်စေသည်။ ထိုကဲ့သို့သော ဆွေးမြည့်မှုသည် အပူချိန်ရင်းမြစ်ကို ဖယ်ရှားပြီးသည့် အချိန်အထိ ဆက်လက်ဖြစ်ပေါ်နေမည်ဖြစ်ပြီး ငြိမ်းသတ်ရန် အလွန်ခက်ခဲနိုင်သည်။ ဆွေးမြည့်ခြင်းသည် ယေဘုယျအားဖြင့် မည်သို့မျှ အန္တရာယ်မဖြစ်သော်လည်း ထုတ်လွှတ်သော အငွေ့များတွင် အဆိပ်ရှိသော ပစ္စည်းများ (ဥပမာ Cl2, HCI, NO စသည်) ပါဝင်ပေသည်။

ကလ်စီယမ်နိုက်ထရိတ်မြေသြဇာ


ကလ်စီယမ်နိုက်ထရိတ်မြေသြဇာတွင် ခန့်မှန်းခြေအားဖြင့်ခရစ်စတယ်ပါဝင်သောရေ၁၅% ပါဝင်ပြီး ပစ္စည်း၏ အောက်စီဂျင်ပေါင်းစည်းမှုဖြစ်စဉ်ကို အနည်းဆုံးလျော့ကျစေသည်။ နိုက်ထရစ်အက်စစ် အမိုးနီးယမ်ကလ်စီယမ် အခြေပြု မြေသြဇာများကို GHS/CLP အရ “ပြင်းထန်သော အဆိပ်၊ 4H302၊ မျက်စိပျက်စီးခြင်း/ ယားယံခြင်း၊ H318” အနေဖြင့် ခွဲခြားထားသည်။ ထုတ်ကုန်အိတ်များကို သင့်လျော်သော ဓါတုဗေဒသတ်မှတ်ချက်များအရ အညွှန်းများတပ်ထားသည်။ ကလ်စီယမ်နိုက်ထရိတ်မြေသြဇာဖြင့် မည်သည့် ပြင်းထန်သော မတော်တဆမှုမျှ မဖြစ်ရှိခဲ့ဘူးပေ။

ယူရီးယားထုတ်ကုန်များ


ယူရီးယားထုတ်ကုန်များကို (EC No 1272/2008) နှင့် ကုလသမဂ္ဂ သယ်ယူပို့ဆောင်ခြင်းဆိုင်ရာ သတ်မှတ်ချက်များအရ ဘေးအန္တရာယ်ရှိသော ပစ္စည်းများအနေဖြင့် မခွဲခြားထားသော်လည်း ပြင်းထန်သော အပူချိန်ဖြင့် ထိတွေ့ပါက အမိုးနီးယား ထုတ်လွှတ်နိုင်သောကြောင့် အန္တရာယ်ဖြစ်စေနိုင်သော ပစ္စည်းအနေဖြင့် သတ်မှတ်ထားသည်။ ယူရီးယားကို အခြားသော ဓါတုပစ္စည်းများဖြင့်မရောစပ်သင့်ပေ။ နိုက်ထရစ်အက်စစ်ဖြင့် ရောစပ်ပါက သာမန်ထက်ပို၍ ဘေးအန္တရာယ်ဖြစ်စေနိုင်သည်။

 

မြေသြဇာလွဲမှားစွာအသုံးပြုခြင်းကို ရှောင်ရှားခြင်း


မြေသြဇာသိုလှောင်ခြင်းဖြစ်စေ၊ ထိန်းချုပ်ခြင်းဖြစ်စေ ပြုလုပ်ရန် အဆောက်အဦးများနှင့် ဧရိယာများကို တာဝန်မရှိသူများ မဝင်ရောက်နိုင်စေရန် လုံခြုံစွာထားသင့်သည်။ အမိုးနီးယမ်နိုက်ထရိတ်ဖြစ်စေ အခြားသော နိုက်ထရိတ်များ ပါဝင်သော မြေသြဇာများကို ဖောက်ခွဲပစ္စည်းများ ပြုလုပ်ရန်အတွက် အသုံးပြုနိုင်ပြီး ကမ္ဘာနှင့်အဝန်းတွင် ထိုကြောက်မက်ဖွယ်ရာ တိုက်ခိုက်မှုများ ဖြစ်ပေါ်လျက်ရှိသည်။

မြေသြဇာကို လုံခြုံစွာထိန်းသိမ်းထားသော သော့ခလောက်ပုံ

ထို့ကြောင့် ထိုကဲ့သို့သော ကုန်ပစ္စည်းများရရှိနိုင်မှုကို ဥပဒေအရ ကန့်သတ်ထားသည်။ တွင်းထွက် မြေသြဇာတွင် အမိုးနီးယမ်နိုက်ထရိတ် ၁၆% ဖြစ်စေ၊ ပိုမို၍ဖြစ်စေပါဝင်သောမြေသြဇာကို အများပြည်သူထံသို့ ရရှိနိုင်ခွင့်မပြုပေ။ ထိုကုန်ပစ္စည်းများကို လယ်သမားများနှင့် အခြားသော ကျွမ်းကျင်ပညာရှင်များကိုသာ အသုံးပြုခွင့်ပေးထားသည်။ (ဥရောပသမဂ္ဂ လုပ်ထုံးလုပ်နည်း 1907/2006, REACH)
အကယ်၍ နိုက်ထရိတ်နိုင်ထရိုဂျင် (NO3-N) နှင့် အမိုးနီးယမ်နိုက်ထရိတ် (NH4-N) ဒြပ်စုစည်းမှုသည် ၈% သို့မဟုတ် အထက်ရှိနေပါက လက်တွေ့အတွေ့အကြုံအရ ထိုကုန်ပစ္စည်းတွင် နိုင်ထရိုဂျင်သည် အမိုးနီးယမ်နိုက်ထရိတ်အနေဖြင့် ၁၆% အထက်ပို၍ပါဝင်နေပေသည်။

ရာဇဝတ်မှုကင်းလွတ်စေရန်အတွက် ရိုးရှင်းသော အကြံပြုချက်


• ဓါတ်မြေသြဇာကို သော့ပိတ်ထားသော အခန်းများတွင်ထားပါ။
• ပြင်ပ၌ထားရှိရမည့် ဓါတ်မြေသြဇာကို ဖုံးအုပ်ထားပါ။
• မြေသြဇာလျော့ခြင်း ရှိမရှိ ပုံမှန်စစ်ဆေးပါ။ တစ်ခါတစ်ရံ၌ အခိုးခံရနိုင်ခြင်းကို ဆိုလိုခြင်းဖြစ်သည်။

မြေသြဇာများကို အသက်မွေးဝမ်းကျောင်းဆိုင်ရာနေရာတွင်သုံးမည်ဖြစ်ကြောင်း မသေချာသော တစ်စုံတစ်ဦးထံသို့ ရောင်းချခြင်း မပြုရ။


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅