fbpx

ဓာတ်မြေသြဇာကိုင်တွယ်ခြင်းနှင့် ဘေးကင်းလုံခြုံမှု

မြေသြဇာကိုင်တွယ်ထိန်းသိမ်းခြင်းနှင့် သယ်ယူပို့ဆောင်ခြင်း

မှန်ကန်သော ကိုင်တွယ်ခြင်းနှင့် သယ်ယူပို့ဆောင်ခြင်းသည် ရာသီဥတုအခြေအနေများ၊ မြေသြဇာအမျိုးအစားနှင့် သယ်ယူပို့ဆောင်သည့်ပုံစံ (ရော၍ဖြစ်စေ အိတ်ဖြင့်ဖြစ်စေ) စသည်တို့အပေါ်တွင် အခြေခံသင့်သည်။

 

မြေသြဇာအဆင့်ဆင့်လွှဲပြောင်းခြင်း


အဆင့်ဆင့်လွှဲပြောင်းခြင်းသည် မြေသြဇာများကိုအမှန်တကယ်အသုံးပြုသူထံသို့ မရောက်ရှိမီအလျှင် အဆင့်ဆင့်ပို့ဆောင်ရခြင်းနှင့် ပြင်ပသက်ရောက်မှုများထိတွေ့စေခြင်းဖြစ်သည်။ ပို့ဆောင်စဉ်တွင် မြေသြဇာ ပတ်ကြဲနိုင်စွမ်းကိုဖြစ်စေ သီးနှံအတွက်နှုန်းကိုဖြစ်စေ မထိခိုက်စေဘဲ လုံလောက်သော အရည်သွေး အပြည့်အဝကို အဆင်သင့်ဖြစ်နေစေရန် အရေးကြီးသည်။


အရည်အသွေး ပျက်စီးမှုကို အနည်းဆုံးဖြစ်စေရန်နှင့် သယ်ယူပို့ဆောင်ရာတွင် လုံခြုံစိတ်ချရမှု ပြဿနာများကို ရှောင်ရှားနိုင်ရန်အတွက် မူလမြေသြဇာ ပါဝင်မှုများနှင့် မှန်ကန်သော ကိုင်တွယ်မှုနည်းလမ်းများကို သတိပြုရန် လိုအပ်ပေသည်။

 

အဆင့်ဆင့်လွှဲပြောင်းခြင်းကို ထိန်းချုပ်ခြင်း


ပစ္စည်းအရည်အသွေး မှန်ကန်သော ထိန်းချုပ်မှုသည် ပစ္စည်းအရည်အသွေးကို ကြာရှည်ခံစေသည်။
မမှန်ကန်သော ထိန်းချုပ်မှုသည် အရည်အသွေးလျော့ကျစေသည်။

 

သယ်ပို့သင်္ဘောများနှင့် ကုန်လှောင်ရုံများတွင် လုံခြုံစိတ်ချမှုနှင့် အရည်အသွေးဆန်းစစ်ခြင်း


သယ်ပို့သင်္ဘောများကို အပြည်ပြည်ဆိုင်ရာ (IMO) အရည်အသွေးအလိုက် စစ်ဆေးသင့်ပြီး လုံခြုံစိတ်ချသော နည်းလမ်းများနှင့် ယာရာ၏ တပြေးညီတူညီမှုရှိသော စမ်းသပ်သည့်စနစ်များဖြင့်အရ စစ်ဆေးရပေမည်။
ရေကြောင်းသယ်ယူပို့ဆောင်စဉ်၌ဖြစ်စေ သိုလှောင်ရုံများ၌ဖြစ်စေ မည်သည့် ညစ်ညမ်းမှုမျှ မတော်တဆ မဝင်ရောက်စေရ။


ပြောင်းလဲမှုရှိသော မြေသြဇာအိတ်၏ အမြင့်ဆုံးထောင့်ချိုး (စောက်လျှောထောင့်) ကိုတိမ်းစောင်းသော ဘောက်စ်နည်းလမ်း (tilting box method) (IMO) ကိုအသုံးပြုခြင်းအားဖြင့် တိုင်းတာနိုင်သည်။
မြေသြဇာအနီးသို့ တပ်ဆင်ထားသော လျှပ်စစ်ပစ္စည်းဖြင့် တိုက်ရိုက်ထိတွေ့စေခြင်း မရှိရ။


ဆေးလိပ်မသောက်ရ ဆိုင်းဘုတ်များ ထားထားသင့်ပြီး လေးစားလိုက်နာသင့်သည်။


သိုလှောင်ရုံကြမ်းခင်း၊ ရွေ့လျားစက်ခါးပတ်များနှင့် ပစ္စည်းကိရိယာများသည် သန့်ရှင်းခြောက်သွေ့၍ ကြေးညှော်များကင်းစင်ရပေမည်။ သတ်မှတ်အရည်အသွေး မပြည့်မီသော ပစ္စည်းများ/ အပယ်ခံပစ္စည်းများကို မြေသြဇာအနီးတွင် မထားရ။
မြေသြဇာစုပေါင်းအရည်အသွေး ကြာရှည်ထိန်းထားနိုင်ရန်အတွက် ကြိုတင်ကာကွယ်မှုဆိုင်ရာ တိုင်းတာချက်များ (ကုန်တင်သင်္ဘောများ၊ ဖောင်သင်္ဘောများနှင့် ကုန်သယ်ယာဉ်များ)
သန့်ရှင်းမှု၊ ခြောက်သွေ့မှုထိန်းနိုင်၍ အညစ်အကြေးကင်းစင်ကာ သံကြေးမရှိစေရ။


တင်းကြပ်သော တံခါးအဖုံးများနှင့် ပင်လယ်သွားကုန်သင်္ဘောများကို ရေစိမ့်မှုတိုင်းတာသော နှုန်းလွန်အသံလှိုင်းကို အသုံးပြုကာ စမ်းသပ်သင့်ပေသည်။ တံခါးအဖုံးများ (ရာဘာဝါရှာပြားများ၊ ဖိအားတံများ) တင်းကြပ်မှုမရှိပါက ပြင်ဆင်ရမည်။ သစ်သားဖြင့်ပြုလုပ်ထားသော လေလုံနေရာများကို ပလစ်စတစ်ဖြင့် ကာထားသင့်သည်။


ယူရီယားနှင့် ကယ်စီယမ်နိုက်ထရိတ် မတင်ဆောင်မီ သင်္ဘောကန်ဘောင်ထိပ်များကို သံကြေးချွတ်ပစ္စည်းဖြင့် တိုက်ထားရမည်။ ကုန်ပစ္စည်းများကို ပလစ်စတစ်စဖြင့် လုံအောင်ဖုံးထားသင့်ပြီး တုတ်များဖြင့်ချည်ထားရမည်။
ဆီးနှင်းကျခြင်းသို့မဟုတ် မိုးရွာ၍သော်လည်းကောင်း၊မြူနှင်းများထူထပ်စွာ ကျ၍သော်လည်းကောင်း ပစ္စည်းအတင်အချ မပြုလုပ်ရ။


ကုန်ကားသော်လည်းကောင်း၊ ရထားတွဲသော်လည်းကောင်း သယ်ပို့ယာဉ်သည် ခြောက်သွေ့သန့်ရှင်းပြီး ရာသီဥတုဒဏ်နှင့် ဖိတ်ကျမှုကို တားဆီးနိုင်ရပေမည်။ ပစ္စည်းသယ်ချစဉ် အမြင့်မှပစ်ချခြင်းကို ရှောင်ရှားရမည်။ ကတ်စကိတ် (cascade) ပိုက်လိုင်းကိုသော်လည်းကောင်း၊ရွေ့လျားစက်ခါးပတ်များကိုသော်လည်းကောင်း အသုံးပြုသင့်သည်။ကုန်ပစ္စည်းများကို IMO လုပ်ထုံးလုပ်နည်းများ (ဘီစီကုတ်) အရစီစဉ်သင့်သည်။ ဖြစ်နိုင်မည်ဆိုပါက ကုန်ပစ္စည်းအတင်အချ ပြီးဆုံးသည်အထိ စီစဉ်သင့်သည်။

 

ပစ္စည်းချခြင်း


ပစ္စည်းချိတ်များပါဝင်သော ကမ်းခြေကရိန်းများကိုဖြစ်စေ သင်္ဘောကရိန်းများကိုဖြစ်စေအသုံးပြုရန် အကြံပြုထားသည်။


ပစ္စည်းမချခင်အလျှင် ကုန်ပစ္စည်းများကို ဦးစွာစစ်ဆေးခြင်း၊ ရေကာတံခါးဖုံးများနှင့် ကုန်ပစ္စည်းမျက်နှာပြင်ကို စစ်ဆေးရမည်။ အကယ်၍ ကုန်ပစ္စည်းပျက်စီးနေပါက (ညစ်ညမ်းခြင်း/ ရေဝင်ခြင်း) အဆုံးအဖြတ်ချမှတ်ရန် စစ်တမ်းကောက်သူများကို ခေါ်ယူ၍ ကြီးကြပ်ရေးမှူးကို အကြောင်းကြားရမည်။


ပျက်စီးသွားသော ကုန်ပစ္စည်းများကို ဓါတ်ပုံများရိုက်ယူ၍ ဒေသတွင်းရှိအနီးစပ်ဆုံး ဖောက်သည်ဝန်ဆောင်မှုဌာနသို့ ပို့ပေးရမည်။ ကုန်ပစ္စည်းပျက်စီး၍ ဖိတ်ကျနေပါက ကုန်ပစ္စည်း လုံခြုံစိတ်ချမှုဆိုင်ရာ အညွှန်းစာရွက်စာတမ်း (SDS) ပါ ညွှန်ကြားချက်အတိုင်း ဆောင်ရွက်ရပေမည်။

ပစ္စည်းမချသေးခင်အလျှင် ပလစ်စတစ်အကာအရံကို မခွာချရ။

မိုးရွာ၍သော်လည်းကောင်း၊ ဆီးနှင်းကျ၍သော်လည်းကောင်း၊ မြူထူထပ်၍သော်လည်းကောင်း ကုန်ပစ္စည်းများကို မချရပေ။ တံခါးဖုန်းများကို ပိတ်ထားရပေမည်။
ရေဝင်၍ ပျက်စီးနေသော ကုန်ပစ္စည်းနှင့်ညစ်ညမ်းနေသောကုန်ပစ္စည်းများကို ကောင်းမွန်သော ကုန်ပစ္စည်းများမှ သေချာစွာ ဖယ်ရှားပါ။ ဖိတ်ကျထားသော ပစ္စည်းကိုဖြစ်စေ၊ စိုစွတ်နေသော ပစ္စည်းကိုဖြစ်စေ ကောင်းမွန်သော ကုန်ပစ္စည်းများနှင့်အတူ လှေဆိပ်တွင်သော်လည်းကောင်း ကုန်းပတ်ပေါ်တွင်လည်းကောင်း အတူူတူမထားရ။


သင်္ဘောဝမ်းများကို သန့်ရှင်းရေးပြုလုပ်သောအခါ သင်္ဘောကိုယ်ထည်၏ အရေးပါသောဧရိယာသို့ ရောက်သည်နှင့်ဘော့ကတ်ယာဉ် (Bobcat) ကို သင်္ဘောဝမ်းအတွင်း မောင်းထည့်ထားရမည်။
ဖုန်မှုန့်များနှင့် အမှုန်များဖြစ်ခြင်းကို လျှော့ကျစေရန် ကုန်ပစ္စည်းများထံသို့ မောင်းနှင်ခြင်းကို အနည်းဆုံး ဖြစ်သည်အထိ လျှော့ချရပေမည်။


ကုန်ပစ္စည်းကိုင်တွယ်ရာတွင် ပျက်စီးမှုမရှိစေရန် သတိပြုပါ။
ကုန်ပစ္စည်းချသော ပစ္စည်းကိရိယာများကို သန့်ရှင်းခြောက်သွေ့စွာထားပါ။
ရေစုပ်ယူမှုကိုလျှော့ချစေရန်အတွက် ပစ္စည်းချလုပ်ငန်းကို လျင်မြန်စွာပြုလုပ်ရန် အရေးကြီးသည်။
ပစ္စည်းသယ်ခွက်မှ ဖိတ်ကျခြင်းများကို ဖယ်ရှားရမည်။
အတွင်းအိတ်သည် ရေလုံအိတ်ဖြစ်ပြီး ထိုအိတ်ထိခိုက်ပျက်စီးပါက မြေသြဇာအပေါ် သက်ရောက်မှုရှိပေလိမ့်မည်။ ထို့ကြောင့် သယ်ယူပို့ဆောင်ချိန်နှင့် ပစ္စည်းချချိန်တွင် ပြင်ပအပျက်အစီးများမရှိစေရန် အမြဲတမ်း သတိပြုရပေမည်။

 

မြေသြဇာအုပ်စုကွဲခြင်း


မြေသြဇာများတွင် အခဲများသည် အရွယ်အစားမျိုးမျိုးပါရှိကြသည်။ ရွေ့လျားသောအခါ၌ဖြစ်စေ၊ တုန်ခါသောအခါ၌ဖြစ်စေ အခဲသေးနှင့် အခဲအကြီးများအုပ်စု ကွဲသွားကြသည်။ မြေသြဇာအုပ်စုကွဲခြင်းဖြစ်သည်။ ထိုအချင်းအရာသည် ပစ္စည်းဖြန့်သောစနစ်တွင် မြောက်များစွာဖြစ်စေနိုင်ပြီး အထူးသဖြင့် မြေသြဇာကို အပုံကြီးများအနေဖြင့် စုပုံထားသောအခါတွင် ဖြစ်စေနိုင်သည်။ အခဲသေးများသည် အပုံ၏အလယ်တွင် အမြောက်အများ စုပုံနေလိမ့်မည်။ ထို့ကြောင့် အခဲအသေးများကို အသုံးပြုကာ စုပုံထားရှိရန်နှင့် ပြန်လည်ထုတ်ယူသောအခါမှသာ ကောင်းမွန်စွာရောမွေရန် အကြံပြုထားသည်။


ပစ္စည်းပါဝင်မှုကို လမ်းလွဲစေရန် တွန်းအားပေးသော မြေသြဇာအရွယ်အစား ပြောင်းလဲမှုကို ရှောင်ရှားနိုင်ရန်အတွက်မှန်ကန်စွာကိုင်တွယ်ခြင်းအားဖြင့် မြေသြဇာအုပ်စုကွဲခြင်းကို အနည်းဆုံးဖြစ်သည်အထိ လျှော့ချသင့်သည်။

ပစ္စည်းတင်ခြင်း၊ ပစ္စည်းချခြင်း၊ သိမ်းဆည်းခြင်းနှင့် ပို့ဆောင်ခြင်းပစ္စည်းကိရိယာများ


ပစ္စည်းညှပ်များ၊ ပစ္စည်းသယ်ခွက်များ၊ ကုန်ကားများ၊ ရွေ့လျားစက်ခါးပတ်များနှင့် သယ်ပို့သောအမှတ်များသည် သန့်ရှင်း၍ ညက်ညောနေရမည်။
မရပ်နားခင်အလျှင် ပစ္စည်းသယ်ခွက်များနှင့် ရွေ့လျားစက်ခါးပတ်များမှ ပစ္စည်းများကို ဖယ်ရှားရမည်။ လိုအပ်ပါက သန့်ရှင်းရေးပြုလုပ်ရမည်။
လေဖိအားသုံးသယ်ပို့ပစ္စည်းများ၊ ချိန်းဖြင့်ပြုလုပ်ထားသော သယ်ပို့ပစ္စည်းနှင့် ဝက်အူရစ်သယ်ပို့ပစ္စည်းများကို အသုံးပြုရန် အကြံမပြုထားပါ။အကယ်၍ ဖြစ်နိုင်ပါက ကောက်ရိုးများ အပြည့်ဖြည့်၍ ပို့ရမည်။ ကောက်ရိုးများကို အကွယ်အကွယ်အစများဖြင့် ဖုံးအုပ်ထားပြီး သိုလှောင်ရုံတွင် ပြန်လည်သိမ်းဆည်းထားရမည်။ ယာရာဗီတာ ထုတ်ကုန်များကို သယ်ယူပို့ဆောင်ရာတွင် အပျက်အစီးများနှင့် အညစ်အကြေးများကင်းစေရန် သတိပြုပါ။

အမြောက်အများသိမ်းဆည်းခြင်းနှင့် ပစ္စည်းနေရာချခြင်း


မြေသြဇာများကို သန့်ရှင်းခြောက်သွေ့သော ကြမ်းပြင်တွင် သိုလှောင်ရပေမည်။ ကြမ်းပြင်ပေါ်တွင် ကျန်ရှိနေသည်များကို စိုစွတ်သောလေဖြင့်ထိမိသောအခါ၌ အရည်ပျော်သွားနိုင်သည်။
တံခါးများသည် တင်းကြပ်နေသင့်ပြီး အခြားပွင့်နေသောတံခါးများကို ပိတ်ထားသင့်သည်။


သစ်သားနံရံများသည် မလုံပါက ပလစ်စတစ်ဖြင့်ကာရံထားရမည်ဖြစ်သည်။


ချပြီးသော ကုန်ပစ္စည်းများကိုပလတ်စတစ်စများဖြင့်သော်လည်းကောင်း အခြားဖုံးအုပ်နိုင်သော ပစ္စည်းများဖြင့်သော်လည်းကောင်း ချက်ချင်းဖုံးထားသင့်သည်။


ဖုံးအုပ်ထားသည့်အစွန်းများကို အနည်းဆုံး ဝ.၅ မီတာအထိ ထပ်ထားရမည်ဖြစ်ပြီး တုတ်များဖြင့် ချုပ်ထားရမည်။ အကယ်၍ အစအမြောက်အများကို အသုံးပြုပါက ပိုရှည်သောအစများသည် တိုသောအစများကို လွှမ်းခြုံထားရပေမည်။ ထို့အပြင်အစများသည် ကြမ်းပြင်ပေါ်ရှိ ကုန်ပစ္စည်း၏အရှေ့ ၁ မီတာအထိ ဖုံးအုပ်ထားရန် လိုအပ်ပေသည်။
အစုပုံမှ ကုန်ပစ္စည်းကိုဖယ်ရှားသောအခါ မလိုအပ်ဘဲ ကုန်ပစ္စည်းကို လေဖြင့်မထိစေရ။
လုပ်ငန်းပြီးဆုံးသည်နှင့်တစ်ပြိုင်နက် ချက်ချင်းပြန်လည်အုပ်ထားရမည်။
ကုန်ပစ္စည်းများအတွင်း ညစ်ညမ်းမှုများ မတော်တဆဝင်ရောက်စေခြင်းကို ရှောင်ရှားရမည်။
အကယ်၍ ဖိတ်ကျပါက အလျင်အမြန်လှဲကျင်း၍ သန့်ရှင်းရေးပြုလုပ်ရမည်။
ရှေ့တွင်ခွက်ပါသော ပစ္စည်းသယ်ယာဉ်ဖြင့် သယ်ဆောင်ရာတွင် မဖိတ်ကျစေရ၊ ခွက်ကိုကျော်လွန်၍မဖြည့်ရ၊ အစုပုံအတွင်းသို့ မောင်းမဝင်ရ။
အကယ်၍ အစုပုံထဲတွင် အလုံးအခဲများကိုတွေ့ရှိပါက ပစ္စည်းမပို့ဆောင်ခင်အလျင်ဖြစ်စေ ပစ္စည်းမချခင်အလျင်ဖြစ်စေ ဇကာချခြင်းကို ပြုလုပ်ရပေမည်။

ရှေ့ခွက်ပါသော ပစ္စည်းသယ်ယာဉ်များအသုံးပြုခြင်း


ရှေ့ခွက်ပါသော ပစ္စည်းသယ်ယာဉ်ကို ပစ္စည်းအပုံများသယ်ယူရာတွင် အသုံးပြုရန်သင့်တော်ပါသည်။ သို့သော် ပစ္စည်းထိခိုက်ခြင်းရှောင်ရှားနိုင်စေရန်အတွက် အောက်ဖော်ပြပါ ကြိုတင်ကာကွယ်မှုများကိုပြုလုပ်ရန် အကြံပြုထားပါသည်။
ပျက်စီးမှုကို အနည်းဆုံးဖြစ်စေရန် ခွက်နှင့်ကြမ်းပြင်အကြား မှန်ကန်သောအချိုးထားရမည်။


တစ်ပြေးညီအတိုင်းမထားရ။
ကြမ်းခင်းပေါ်ဖိတ်ကျခြင်းကို မပြုရ။
ဘီးများဖြင့် အပုံအတွင်းသို့ မမောင်းဝင်ရ။

မြေသြဇာအိတ်များကို လက်ဖြင့်ကိုင်တွယ်ခြင်း


ဓါတုပစ္စည်းများကို ကိုင်တွယ်သောအခါ ကုန်ပစ္စည်းသည် အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသည်ဖြစ်စေ၊ မသတ်မှတ်ထားသည်ဖြစ်စေ မိမိ၏ခန္ဓာကိုယ်ကို ကာကွယ်ထားရန်အတွက် အမြဲတမ်းအကြံပြုထားသည်။အရေပြား၊မျက်လုံးများဖြင့်တိုက်ရိုက်ထိတွေ့ခြင်းကို ရှောင်ရှားရမည်။ အထုတ်ပေါ်ရှိ စာများကို အမြဲတမ်း ဖတ်ရှုရမည်။ ထိုစာများတွင် ဖြစ်နိုင်ချေရှိသော အန္တရာယ်ဆိုင်ရာ အချက်အလက်များ ပါဝင်ပြီး သက်ဆိုင်ရာ အန္တရာယ်များကို အနည်းဆုံးဖြစ်စေရန် မည်ကဲ့သို့ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပါရှိသည်။

.

မသောချိတ်ကောက်တွင် လုံးချောသောအနားစွန်းများရှိသင့်သည်။ ချွန်သောအနားစွန်းများသည် ဖိုင်ဘာအိတ်ကို ပျက်စီးစေနိုင်ပြီး ပြုတ်ကျနိုင်သော အန္တရာယ်ရှိသည်။

ပစ္စည်းသယ်နေစဉ်၊ ပစ္စည်းရွှေ့နေစဉ် သို့မဟုတ် ပစ္စည်းချနေစဉ် ပစ္စည်းသယ်ယာဉ်အောက်နားဖြစ်စေ အနားကပ်၍ဖြစ်စေ မည်သူမှ မတ်တတ်မရပ်ရ။ မယူရာတွင် ညက်ညော၍ ဒေါင်လိုက်အတိုင်းရှိသင့်သည်။


တစ်ခါမယူပြီးသည်နှင့် လုပ်ငန်းကိုပြီးဆုံးသည်အထိ ပြုလုပ်ရမည်ဖြစ်ပြီး လေထဲတွင် တစ်ဝက်တစ်ပျက် မထားခဲ့ရ။ပစ္စည်းများ မပျက်စီးစေရန် အိတ်အကြီးများသယ်ယူပို့ဆောင်သော ပစ္စည်းများတွင် လုံး၍ချောသော အနားစွန်းများရှိရပေမည်။
ကုန်ပစ္စည်းကို သယ်ယူသော ပစ္စည်းများသည်စူးချွန်များ(အချွန်များ) ဖြင့်သယ်ယူခွင့် မပေးရ။အိတ်ခွဲသောအခါ သီးသန့်ဂရုစိုက်မှုများကို ပြုလုပ်ရပေမည်။ ဆိုလိုသည်မှာ လက်တံရှည်ပါသောဓါးကို အသုံးပြုခြင်းသည် အကောင်းဆုံးဖြစ်သည်။

အိတ်ကြီး (၃၀-၄၀ စင်တီမီတာ) ကို အောက်ခြေရှိ အရာနှစ်ခုစုံမှတ်မှတစ်ဆင့် သွန်ချရမည်။
အိတ်ကို မယူသောချိန်ကောက်ဖြင့် မရမည်။
ခက်ရင်းခွဝန်သယ်ယာဉ်ကို မသုံးမပြုရ။ အိတ်ပျက်စီးစေနိုင်သည်။
ဤတည်ဆောက်ပုံသည် အိတ်ရှေ့နောက်ယိမ်းယိုင်ခြင်းကို တားဆီးပေးသည်။

အကယ်၍ အိတ်ကြီးသည် အပုံများကြားတွင်ညပ်၍ ပျက်စီးနေပါက မည်သည့်အခြေအနေမျိုးတွင်ဖြစ်စေ စက်မောင်းနှင်သူသည် သင့်လျော်သော အန္တရာယ်အတားအဆီးများ မရှိဘဲ အနားသို့မကပ်ရပေ။ ပျက်စီးနေသော အိတ်အပေါ်၌ရှိသော အိတ်သည် တည်ငြိမ်မှုမရှိဘဲ ပြုတ်ကျနိုင်သောကြောင့် မောင်းနှင်သူအား သေစေသည်အထိ အန္တရာယ်ဖြစ်စေနိုင်သည်။ ထိုအပုံကို ဖော့ကလစ်ဖြင့် ဖြိုချ၍ ပျက်စီးနေသောအိတ်ကို ပစ္စည်းထုတ်ပိုးမှု၏ အားနည်းချက်ဟုသတ်မှတ်ကာ စွန့်ပစ်ရန်အတွက် စက်အသုံးပြု၍ ဖယ်ရှားရမည်။

မြေသြဇာအိတ်အငယ်များကို မယူခြင်းနှင့် နေရာရွှေ့ခြင်း (လက်ဖြင့်ထိန်းခြင်း)


မြေသြဇာအိတ်သယ်ယူသူသည် အနာတရမဖြစ်စေရန်အတွက် ခေါင်းမတ်၍ ခါးတည့်တည့်ရှိနေရမည်။
ပိုလျှံသောအလေးချိန်ကို မခြင်းဖြစ်စေ၊ထိန်းခြင်းဖြစ်စေ မပြုလုပ်ရ။ လေးလံသော အလေးချိန်ကိုမခြင်းနှင့် ထိန်းခြင်းသည် အနာတရဖြစ်စေနိုင်သည်။
တည်ငြိမ်သောအနေအထားကိုယူပါ။ ခြေထောက်ကို ပုခုံးအကျယ်အတိုင်းခြား၍ မြဲမြံစွာ ကိုင်တွယ်ပါ။
မယူစဉ်နှင့် ထိန်းထားစဉ်တွင် ခေါင်းကိုမတ်၍ ခါးမတ်မတ်ထားပါ။
အလေးကိုမပြီးသည်နှင့် လက်၏တည်နေရာကို မြဲမြံစေရန် ချိန်ဆပါ။
သယ်ယူနေစဉ်တွင် အလေးကို ခန္ဓာကိုယ်နှင့် ခါးအနီးကပ်ထားပါ။
မယူနေစဉ် ခါးကိုနောက်သို့လန်ခြင်း မပြုလုပ်ရ။
အလေးမယူစဉ်နှင့် သယ်ယူစဉ်တွင် ခါးကိုလိမ်ခြင်းနှင့် တစ်ဖက်သို့တိမ်းစောင်းခြင်း မပြုလုပ်ရ။
ညီညီညာညာရွေ့ပါ။

ဦးစွာပစ္စည်းကိုအောက်ချပါ။ ထို့နောက်မှ နေရာတကျစီစဉ်ပါ။


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅