fbpx

တောင်သူ့အသံ

ယာရာသီးနှံအာဟာရနှင့် ကြက်သွန်စိုက်တောင်သူရဲ့ အတွေ့အကြုံများ

တောင်သူဦးဝင်းခိုင်ဟာ မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်ကျွဲခြံအုပ်စု၊ ထနောင်းကိုင်းစံပြကျေးရွာ နေထိုင်ပြီးတော့ သူရဲ့မြေ (၉) ဧကပေါ်မှာဘဲ စိုက်ပျိုးရေး လုပ်ငန်းနဲ့ အသက်မွေးဝမ်းကြောင်း ပြုနေသူတစ်ဦးဖြစ်ပါတယ်။ သူ့အနေနဲ့ စိုက်ပျိုးရေးလုပ်ငန်းခွင်ဝင်ရောက်တာ (၅) နှစ်ကျော်ရှိပြီဖြစ်ပြီး ဘဝရပ်တည် ရေးအတွက် ခရမ်းချဉ်သီး နဲ့ ကြက်သွန်နီကိုတစ် လှည့်စီစိုက်ပျိုးပြီး သူ့ရဲ့မိသားစုဝင် (၆) ဦးအတွက် လုပ်ဆောင်ပံ့ပိုးပေးသူလည်း ဖြစ်ပါတယ်။

စိုက်ပျိုးချိန် စိန်ခေါ်မှုများ

ကြက်သွန်နီဥကြီးမျိုးကို အဓိကထားစိုက်သူ ဖြစ်တဲ့ ဦးဝင်းခိုင်က သူစိုက်ပျိုးတဲ့ကြက်သွန်ခင်း တစ်ဧကမှာဆိုရင် ကုန်ချိန် (၇၀၀၀) မှ (၈၀၀၀) ခန့်ရရှိတယ်လို့လည်း ဆိုပါတယ်။ ၂၀၁၇ ခုနှစ်မှာ မိုးထိလို့ ကြက်သွန်ပျိုးပင်တွေဝါပြီး ကြံရာမရဖြစ်တဲ့အချိန်မှာ သူ့စိုက်ခင်းလေးပြန်လည် ကောင်းမွန်လာဖို့အတွက် စိုက်ပျိုးရေးလုပ်ငန်းသုံး စိုက်ပျိုးရေးဆေးဆိုင်ကို သွားခဲ့ရာမှ ဦးဝင်းခိုင်တစ်ယောက် ယာရာနဲ့စတွေ့ခဲ့ပါတော့တယ်။ ပစ္စည်းခြင်းတူလို့ ဈေးကွာရင်တောင် ယာရာက အာမခံချက် ကောင်းကောင်းပေးနိုင်တဲ့ ပစ္စည်းဖြစ်တယ်လို့ ဆိုင်ပိုင်ရှင်ရဲ့ ထောက်ခံပေးချက်အရ သူ့အနေနဲ့ ပျက်နေတဲ့ ပျိုးခင်းမှာယာရာကို စတင်အသုံးပြုခဲ့ပါတယ်။

ယာရာသီးနှံအာဟာရနဲ့ စိန်ခေါ်မှု ကျော်လွှားနိုင်ခြင်း

ယာရာအသုံးပြုပြီး ၁၀ ရက်အကြာမှာတော့ ဝါပြီးကျိုးနေတဲ့ ကြက်သွန်ပျိုးတွေ ပြန်လည်ထောင်လာပြီး အပင်အရောင်အသွေး ကောင်းမွန်တာကို ပြန်တွေ့ရတဲ့အခါမှာတော့ ယာရာသီးနှံအာဟာရရဲ့ အစွမ်းကို ဦးဝင်းခိုင်တစ်ယောက် လက်တွေ့သိလာခဲ့ရပါတယ်။ "ယာရာလီဗာကိုသုံးလိုက်တဲ့အခါမှာ ဝါနေတဲ့ ပျိုးပင်တွေ စိမ်းပြီးတက်လာတယ်။ ပုံမှန်စိုက်ပျိုးထားတဲ့ ကြက်သွန်ပျိုးပင်ထက်ကို အရည်အသွေးပိုကောင်း လို့ ၂၀၁၇ ခုနှစ်ကနေစပြီးကျွန်တော့်စိုက်ခင်း တစ်ခင်းလုံးကို ယာရာသုံး ပြီးစိုက်ခဲ့တယ်။ အခြားအခင်းတွေထက်စာရင် ကျွန်တော့်စိုက်ခင်းက ရောဂါဖြစ် တယ်ဆိုတာရှားတယ်။ ထွက်နှုန်းလည်းကောင်းတယ်။ ကြက်သွန်ဥတွေက ကျစ်ပြီး အရောင်အသွေး အရမ်းကောင်းလို့ ဈေးကွက်မှာ မျက်နှာမငယ်ရဘူးလို့ "ဦးဝင်းခိုင်က ပြောပါတယ်။

ယာရာကို စတင်အသုံးပြုပြီး စိုက်ပျိုးတဲ့အချိန်ကစလို့ ယာရာရဲ့ပညာရှင်တွေ ဝန်ထမ်းတွေက နှစ်ပတ်တစ်ကြိမ် စိုက်ခင်းအထိကွင်း ဆင်းကြည့်ပေးတယ်။ သီးနှံအာဟာရ လိုအပ်ချက်တွေကို ပြောပြပေးတယ်။ အရင်တုန်းကတော့ ကျွန်တော့က အဆင်ပြေသလို မြေသြဇာကျွေးတယ်။ ပညာရှင်တွေ လာစစ်ရင် ဒီစိုက်ခင်းက မြေသြဇာကျွေးဖို့ မလိုအပ်တော့ဘူး။ ဘယ်လိုအပိုင်းလေးတွေကိုဘဲ ဆက်လုပ်သင့်တယ်ဆိုပြီး ပညာပေးပြောကြားတာတွေ ရှိလာတော့ ကျွန်တော်တို့လည်း အားတက်တယ်။ အလုပ်လုပ်ရတာလည်း အဆင်ပြေတယ်။ ပစ္စည်းရောင်းတာတင် မဟုတ်ဘဲ ကိုယ်တိုင်ကိုယ်ကျလာရောက် လမ်းညွှန်ပေးတော့ တောင်သူတွေအတွက် အများကြီးအကျိုးရှိတယ်လို့ ဦးဝင်းခိုင်က ဝမ်းသာစကားဆိုပါတယ်။

ယာရာဆွေးနွေးပွဲနဲ့ လက်တွေ့အသုံးပြုခြင်း

ယာရာက တောင်သူဆွေးနွေးပွဲတွေ ပြုလုပ်တိုင်း ကျွန်တော်သွားတက်ဖြစ်တယ်။ ပညာရှင်တွေမျှဝေတာတွေကို မှတ်သားထားပြီး သူတို့ပြောတဲ့ နည်းလမ်းတွေအတိုင်း စိုက်ပျိုးတယ်။ အရင်တုန်းကဆေးကို အဆင်ပြေသလိုသုံးနေရာကနေ အခုဆိုရင် ယာရာကညွှန်းပေးထားတဲ့ ကြက်သွန်အတွက် သီးနှံအာဟာရ အစီအစဉ်အတိုင်း အချိုးကျပဲထည့်တယ်။ ယာရာရဲ့ အသိပညာပေးမှုတွေကြောင့် ကျွန်တော့် စိုက်ပျိုးရေး လုပ်ငန်းတွေ ပိုပြီးတော့ အဆင်ပြေလာတယ်။ အပင်အရည်အသွေး၊ ကြက်သွန်ဥထွက်နှုန်းနှင့် ကြက်သွန်အရည်အသွေးကလည်း ကောင်းမွန်တာကြောင့် ကျွန်တော်တို့ဒေသမှတေ့ာ ဘယ်စိုက်ခင်းက ယာရာသုံးထားတယ်ဆို တာမြင်တာနဲ့တန်းသိတယ်။ အပင်အရောင်အသွေး အရမ်းကွာ အပင်တွေကကြည့်လိုက်တာနဲ့ ကျန်းမာတယ်ဆိုတာသိသာတယ်။ ကျွန်တော့်စိုက်ခင်းမှာ ဆိုရင်လည်း ဆိုရင်လည်း စတင်စိုက်ပျိုးချိန်ကနေစပြီး ယာရာကိုဘဲ အသုံးပြုပြီးစိုက်ပျိုးတယ်။ ပညာရှင်တွေပြောတဲ့ အတိုင်းစိုက်ပျိုးရင် သီးနှံထွက်တယ်လို့ ဦးဝင်းခိုင် ကပြောပါတယ်။

ကြက်သွန်စိုက်တောင်သူ ဦးဝင်းခိုင်ရဲ့ စိုက်ခင်းတွေက အာမခံချက်ရှိတဲ့ ယာရာကို အသုံးပြုထားလို့ ကျန်းမာတဲ့ စိုက်ခင်းတွေ ဖြစ်လာတာကြောင့် စိုက်ပျိုးရေးရရှိတဲ့ ဝင်ငွေနဲ့ အလှူကြီးပေးပြီး သားတွေကိုလည်း ရှင်ပြုပေးဦးမယ်လို့ ဝမ်းသာပီတီစကားဆိုပါတယ်။ အခုချိန်မှာတော့ မလှိုင်ဘက်မှာ ရှိတဲ့ ဒေသခံတောင်သူတွေ အနေနဲ့ ကုန်ကျစရိတ်များတဲ့ပျိုးထောင်စနစ်ထက် စရိတ်သက်သာတဲ့ မျိုးစေ့ချစနစ်ကို တောင်သူအများစုက ပြောင်းလဲလုပ်ကိုင်လာကြပါပြီ။ တောင်သူတွေအနေနဲ့ ပြောင်းလဲလာတဲ့ရာသီဥတုနဲ့ အညီလုပ်ကိုင်နိုင်မှသာ စိုက်ပျိုးရေးလုပ်ငန်းတွေ အဆင်ပြေလာနိုင်မှာမို့ ဒီနည်းလမ်းလေးတွေကို ရွေးချယ်စေချင်သလို စိုက်ပျိုးတဲ့အခါမှာလည်း ယာရာကို တောင်သူတွေအနေနဲ့ အသုံးပြုစေချင်တယ်။ ထောက်ခံချက်မပါဝင်တဲ့ ဆေးဝါးတွေက အပင်အာဟာရ ဖြစ်ဖို့ဆိုတာထက် ပိုးမွှားအန္တရာယ် ပိုကျရောက်နိုင်လို့ ကျွန်တော်ကတော့ တောင်သူအားလုံး ယာရာကိုဘဲ အသုံးပြုဖို့ တိုက်တွန်းချင်တယ်လို့ ဦးဝင်းခိုင်က ပြောပါတယ်။

ယာရာသီးနှံအာဟာရနှင့် တောင်သူရဲ့အတွေ့အကြုံ

တောင်သူဦးဖိုးလုံးဟာ သီးနှံမျိုးစုံစိုက်ပျိုးနေတဲ့ တောင်သူတစ်ဦးဖြစ်တဲ့ပြီး ကြက်သွန်စိုက်ပျိုးရေး လုပ်ငန်းကိုတော့ အဓိကလုပ်ကိုင်နေတဲ့ တောင်သူတစ်ဦးလည်းဖြစ်ပါတယ်။ လက်ရှိမှာတော့ ယာရာသီးနှံအာဟာကို အသုံးပြုပြီးတော့လည်းကြက်သွန်း (၆) ဧကကို စိုက်ပျိုးလျက်ရှိပါတယ်။ စိုက်ပျိုးရေးလုပ်ငန်းကို နှစ် (၂၀) ကျော်ကြာလုပ်ကိုင်နေတဲ့ တောင်သူဦးဖိုးလုံးက ယာရာကိုစတင်အသုံးပြုတဲ့ အချိန်မှာတော့ သူပိုင်ဆိုင်တဲ့မြေမှာ စမ်းသပ်စိုက်ကွက်အနေနဲ့ စတင်အကောင်အထည်ဖော်ခဲ့တာပါ။

ယာရာအသုံးပြုပြီး စမ်းသပ်စိုက်ကွက်နဲ့ စိုက်ပျိုးတဲ့အချိန်မှာ အခြားစိုက်ပျိုးကွက်တွေထက် အထွက်နှုန်းပိုင်းနဲ့ ဈေးနှုန်းပိုင်းကလည်း သိသိသာသာ ပိုလာတယ်။ အပင်တွေအားလုံး ကျန်းမာရေးကောင်းတာကို လက်တွေ့သိမြင်ရပါတယ်။ ယာရာသုံးပြီးစိုက်ရင် စိုက်သလောက် အကျိုးဖြစ်ထွန်းတာကြောင့် ကျွန်တော်တို့အနေနဲ့က မြေသြဇာကြောင့် ငွေကုန်တယ် လို့တောင် မသတ်မှတ်ဘူး။ အလကားကြဲရသလို ခံစားရတယ်။ သုံးရသလောက်ကို သူ့ရဲ့ ဂုဏ်သတ္တိက အရမ်းကောင်းပါတယ်။ ကြက်သွန်ဈေးကျနေရင် တောင်ယာရာသုံးပြီး စိုက်ရင်မရှုံးဘူလို့ ဦးဖိုးလုံးက ဆိုပါတယ်။ “ယာရာသုံးပြီး စိုက်လိုက်ပြီဆိုတာနဲ့ တစ်ဧကမှာတောင်သူအတွက် ငွေ (၆) သိန်းလောက် ပိုရလာနိုင်တယ်။ သီးနှံခြင်းယှဉ်ထားမယ်ဆိုရင်လည်း အထားခံတယ်။ အရည်အသွေးလည်း လျော့မသွားဘူး။ ကုန်ချိန်တိုးလာတာကိုလည်း လက်တွေ့ခံစားရတယ်။ ကြက်သွန် အရည်အသွေး လှတာတွေကိုလည်းမြင်တွေ့ရပြီ။ ကြက်သွန်ခင်းအတွက် ယာရာကို အသုံးပြုပြီးတော့ စစိုက်စဉ်ကတည်းက ကျွန်တော်အားတက်တယ်။ ယာရာကို ကျွေးလိုက်ရင် ကျွေးတဲ့အတိုင်း သိသိသာသာလေး အလုပ်လုပ်တယ်။ ရေဒဏ်မိုးဒဏ်လည်းခံနိုင်တဲ့ အရည်အသွေးလည်း တွေ့ရတယ်" လို့ ကြက်သွန်စိုက်တောင်သူ ဦးဖိုးလုံးက ဆိုပါတယ်။

စိုက်ပျိုးရေးလုပ်ငန်းတွေအတွက် သီးနှံအာဟာရ အသုံးပြုမှု နည်းစနစ်တွေကိုလည်း ယာရာက သီးနှံအာဟာရ အကြံပေးတွေက ကိုယ်တိုင်ကွင်းထဲထိဆင်းပြီး ရှင်းပြပေးတဲ့အတွက် တောင်သူတွေအတွက် ပိုပြီးအကျိုးရှိပါတယ်။ ယာရာက ထုတ်လုပ်ထားတဲ့ သီးနှံအာဟာရကျွေးနည်း နည်းစနစ်တွေကို ရှင်းပြပေးတဲ့အတွက် အရင်ကထက် ပိုနားလည်လာတယ်။

မစိုက်ပျိုးခင် အချိန်မှာလည်း ယာရာသီးနှံအာဟာရ အကြံပေးတွေက မြေဆီလွှာစမ်းသပ်စစ်ဆေးတာလည်း လုပ်ပေးတဲ့အတွက် ကိုယ့်မြေကြီးရဲ့ အခြေအနေကို နားလည်လာပြီး စိုက်ပျိုးတဲ့အခါပိုပြီး အကျိုးရှိပါတယ်။ ယာရာသီးနှံအာဟာရကို အသုံးပြုပြီးစိုက်တဲ့အခါ တစ်ဧကစိုက်ရင်တောင် တစ်ဧကသိသာတယ်။ ကျွန်တော့်ရဲ့ စိုက်ခင်းတွေကို ယာရာသီးနှံအာဟာရကို ယုံကြည်စွာ အသုံးပြုစိုက်ပျိုးထာတယ်။ ယာရာကောင်းတာ လက်တွေ့ပဲမို့ ကျွန်တော်လို့ တောင်သူတွေကို ယာရာသုံးဖို့ တိုက်တွန်းလိုက်ပါတယ် ခင်ဗျ။

 


ယာရာမြန်မာကို ဆက်သွယ်ရန်

ယာရာမြန်မာ လီမိတက်

အမှတ် ၁၃-၁၉၊ ဆူးလေစကွဲ အဆောက်အအုံ၊ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာ။

ဖုန်းနံပါတ် - ၀၁ ၉၂၅ ၅၁၉၅