ခရမ်းချဉ်တွင် ဇင့်အာဟာရချို့တဲ့ခြင်း
ဇင့်အာဟာရချို့တဲ့သည့် လက္ခဏာဖော်ပြချက်
ဇင့်ချို့တဲ့သောအရွက်တွေဟာ ရွက်ပြားအလယ်ရှိအဓိကရွက်ကြောတစ်လျှောက် ဆဲလ်သေများကတောက်ပလာပြီးအစိမ်းရင့်ရောင်ဖြစ်နေတတ်ပါတယ်။
အရွက်သည် အောက်ဖက်သို့ အနည်းငယ် ကုပ်ကာလက်ခုပ်ပုံ ဖြစ်နေပီး သန်မာကြမ်းတမ်းနေပါတယ်။
သြဂဲနစ်မြေများ၊ ချဉ်ငန်ဓာတ်မြင့်သောမြေများ၊ ဖော့စ်ဖရပ်စ်ကြွယ်ဝသော မြေများ၊ဖော့စ်ဖရပ်စ် အမြောက်အများထည့်သွင်းထားသောမြေများ၊ အေးမြစိုစွတ်သောအခြေအနေများတွင် ဇင့်အာဟာရချို့တဲ့ခြင်းကို ပိုမိုဆိုးဝါးစေနိုင်ပါတယ်။
များစွာသော အင်ဇိုင်းစနစ်များအား မှန်ကန်စွာလုပ်ဆောင်ပေးခြင်း၊ နယူးကလစ်အက်ဆစ်ဖြစ်ပေါ်စေခြင်း၊ အော်ဇင် ဇီဝတွင်းဖြစ်ပျက်မှု၊ ဆစ်ကြားရှည်ထွက်ခြင်းနှင့် အရွက်ဖွံ့ဖြိုးရေးအတွက် ဇင့်သည်အရေးကြီးပါတယ်။
ဖြစ်စေသည့်အကြောင်းဖော်ပြချက်
ဇင့်အာဟာရချို့တဲ့ခြင်း - ဖော့စ်ဖရပ်ပမာဏများခြင်းသို့မဟုတ် လေမဲ့ အခြေအနေများသည် ဇင့်ချို့တဲ့မှုများကို ဖြစ်စေပါတယ်။ ဇင့်ချို့တဲ့ခြင်းကိုမှန်လုံအိမ် သီးနှံများတွင် တွေ့ရခဲပါတယ်။
ခရမ်းချဉ်သီးနှံအတွက်ယာရာ (Yara) မှ ထောက်ခံချက်ပေးထားသော မြေသြဇာအသုံးပြုပုံများကို အောက်ပါလင့်ခ်တွင်ကြည့်ရှုနိုင်ပါတယ်။