ခရမ်းချဉ်စိုက်ပျိုးထုတ်လုပ်ရေးတွင် ဇင့်အာဟာရ၏ အခန်းကဏ္ဍ
ဇင့်သည် မဂ္ဂနီးစ်နှင့်မဂ္ဂနီစီယမ်နှင့် အလားတူများစွာသော အင်ဇိုင်းဓာတ်ပြုခြင်းများတွင် ပါဝင်သည်။
၎င်းသည် ဆစ်ကြားရှည်ထွက်ခြင်းကိုလွှမ်းမိုးသော ထိန်းချုပ်ပစ္စည်းများ (ဥပမာအားဖြင့် အောက်ဇင်) ၏ ဖွံ့ဖြိုးခြင်းနှင့် လုပ်ဆောင်ချက်အတွက် အရေးကြီးသည်။
ကြီးထွားမှုအဆင့်များရှိဇင့်၏အကျိုးသက်ရောက်မှု
အဆင့် | ဇင့်၏အကျိုးသက်ရောက်မှု |
---|---|
အပင်ငယ် | ကောင်းမွန်သောအညွန့်ကြီးထွားမှုကိုသေချာစေသည်။ |
ပင်ပိုင်းကြီးထွားမှု | ကြီးထွားမှုကိုပုံမှန်ဖြစ် စေပါသည်။ |
ပန်းပွင့်ခြင်း - အသီးတင်ခြင်း | ပန်းပွင့်တင်ခြင်း၊ ဖွံ့ဖြိုးခြင်းနှင့် အသီးသီးခြင်းတို့အားများနိုင်သမျှများစေသည်။ |
အသီးရင့်မှည့်ခြင်း | အရွယ်ရောက်ခြင်း အမှည့်ညီညာမှုကိုသေချာစေသည်။ |
ခရမ်းချဉ်ကြီးထွားမှုအဆင့်များတွင် နောက်ထပ်ကြည့်ပါ။
ခရမ်းချဉ် မြေသြဇာအစီအစဉ်
ကျွန်ုပ်တို့၏ကျွမ်းကျင်ပညာရှင်များက အသေးစိတ်ရှင်းလင်းတင်ပြထားချက်အရ ယာရာ (Yara) ၏ခရမ်းချဉ်အတွက် အာဟာရကျွေးသည့် အစီအစဉ်များသည် သင့်အားအထွက်နှုန်းနှင့် အရည်အသွေးပိုမိုကောင်းမွန်စေသော သီးနှံပင်များကိုရရှိစပေါသည်။
ဇင့်အသုံးပြုခြင်းအတွက် ယေဘုယျလမ်းညွှန်ချက်များ
ဇင့်ကိုစိုက်ပျိုးရာသီတစ်လျှောက်လုံး အသုံးပြုနိုင်သည်။ မြေဩဇာကျွေးသည့် အစီအစဉ်တွင် ပန်းမပွင့်မီလုံလောက်သော ဇင့်ကိုထည့်သွင်းအသုံးပြုဖို့သေချာအောင်လုပ်ပါ။ ရွက်ဖျန်းအသုံးပြုခြင်းများသည် အာဟာရချို့တဲ့မှုကို ကုသရာတွင် အသင့်တော်ဆုံးနည်းလမ်းများဖြစ်ကြသည်။ မှန်လုံအိမ်တွင်စိုက်ပျိုးသောခရမ်းချဉ်သီးနှံများတွင်ဇင့်အာဟာရချို့တဲ့ခြင်းကိုတွေ့ရခဲသည်။
ခရမ်းချဉ်သီး ဇင့်ချို့တဲ့ခြင်း
ဆစ်ကြားများကျုံလှီပြီးတိုလာကာ (ပုံမှန်အပင်များနှင့်နှိုင်းယှဉ်ကြည့်ပါကသုံးပုံတစ်ပုံမှတစ်ဝက်သာရှိသည်) အပင်ကိုတံမျက်စည်းပုံစံဖြစ်သွားစေပါသည်။ အရွက်များသေးငယ်ပြီးထူလာကာ ‘သားရေကဲ့သို့မာကြမ်းပျဉ်းတွဲ’ သည့်ပုံစံပေါ်လာသည်။ ရွက်မွှေးများထူထဲသောကြောင့် ပိုမိုသေးငယ်သော အရွက်များသည်ငွေရောင်တောက်ပြီး မီးခိုးစိမ်းတောက်တောက်ရှိလာသည်။ ပုံသဏ္ဌာန်မမှန်သောစိမ်းဝါရောင်ဆဲလ်သေအစွန်းအကွက်များအရွက်များပေါ်တွင်ပေါ်လာကြသည်။
၎င်းတို့သည်အရွက်တစ်ခုလုံးပေါ်သို့တစ်သျှူးများ သေည့်ဒဏ်ရာများအဖြစ်ဖွံ့ဖြိုးလာနိုင်သည်။ အရွက်များသေသွားကြပြီး ကြွေကျကာ ပန်းပွင့်များမှာလည်း ထိပ်မှစသေသွားကြသည်။ ဖွံ့ဖြိုးနေသောအသီးတိုင်းသေးငယ်မြဲသေးငယ်နေကာအချိန်မတိုင်မီ ရင့်မှည့်လာသည်။ ဖော့စ်ဖရပ်စ် ပမာဏမြင့်မားခြင်းသို့မဟုတ် လေမဲ့အခြေအနေများသည်ဇင့်အာဟာရချို့တဲ့ခြင်းကိုဖြစ်စေနိုင်သည်။ ဇင့်များလွန်းပါကအပင်များတွင်သံဓာတ်ချို့တဲ့လက္ခဏာများ (ဆိုလိုသည်မှာသက်တမ်းငယ်သောအရွက်များဆဲလ်သေသွားခြင်း) နှင့်နီးစပ်စွာတူသောလက္ခဏာများကိုပြသသည်။
ခရမ်းချဉ် ဇင့်နှင့်အခြားအာဟာရများအကြောင်းကိုအောက်ပါ ခရမ်းချဉ်သီးနှံအာဟာရပေးခြင်းတွင်နောက်ထပ်ကြည့်ပါ။